သရုပ်ဆောင် မင်းသွေး (သရုပ်ဆောင် နေတိုးရဲ့ ညီဖြစ်သူ) ဘောလုံးကန်ရင်း အမောဖောက်ရာမှ သေဆုံး





MyanmarCeleCrazy

(Unicode Version)

သရုပ်ဆောင် “မင်းသွေး”ကွယ်လွန်သည့် သတင်းအတည်ပြု

သရုပ်ဆောင်မင်းသွေး ဟာ အောက်တိုဘာလ ၃ ရက်နေ့က ဘောလုံးကန်ရင်း အမောဖောက်ရာမှ လဲကျခဲ့ပြီး ပါရမီ ဆေးရုံ သို့ အရေးပေါ် ပို့ဆောင်ခဲ့ပေမယ့် အသက်မမီခဲ့ကြောင်းသိရပါတယ်။ ကွယ်လွန်သူ သရုပ်ဆောင် မင်းသွေး ရဲ့ ရုပ်အလောင်းကိုတော့ သင်္ကန်းကျွန်း စံပြ ဆေးရုံသို့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

သရုပ်ဆောင် မင်းသွေး ဟာ သတ်ကွင်းရုပ်ရှင် ဇာတ်ကားကြီးနဲ့ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး သတ်ကွင်း ဇာတ်ကားဟာ မကြာမီ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

ယခုလို အသက် ငယ်ရွယ်စဉ် အနုပညာအလုပ်တွေ လုပ်ကိုင်ဆဲအချိန်မှာ ဆုံးပါးသွားတဲ့ သရုပ်ဆောင်မင်းသွေးအတွက် Myanmar Cele Crazy Online Media မှ ကျန်ရစ်သူမိသားစုနဲ့ ထပ်တူ ဝမ်းနည်းမိရပါကြောင်း

MyanmarCeleCrazy