မင္းေသြးအတြက္ ဒါ႐ိုက္တာကိုေပါက္ရဲ႕ ဝမ္းနည္း မွတ္တမ္း

မ​ေန႔ညက​ေပါ့။ ကြၽန္​​ေတာ္​စာအုပ္​တစ္​အုပ္​ကို အသည္​းအသန္​ဖတ္​​ေနမိတယ္​။ဆရာဦးဝင္​းၿငိမ္​း၏ “နန္​းက် ဘုရင္​”။ကုန္​း​ေဘာင္​ရဲ႕​ေနာက္​ဆုံးမင္​ဆက္​ သီ​ေပါ၊ဆင္​ျဖဴ မရွင္​ စုဘုရားလတ္​ ကင္​းဝန္​ က​ေနာင္​ေညာင္​ရမ္​း မကၡရာ သုံးဆယ္​ ၿဗိတိသ်ွဆူဒါးရွား ​ေမာင္​သန္​း​ေဆြထားဝယ္​ ဦးဝင္​းၿငိမ္​းတို႔ရဲ႕ အကူးအယွက္​ဟာ ကြၽန္​​ေတာ့ကို မေန႔ညကအ​ေတာ္​​ေလးပင္​ဆြဲ​ေဆာင္​ခဲ့​ေလသည္​။

ည ၁၁ နာရီ ၄၃ ​ေလာက္​တြင္​ ဖတ္​လက္​စ စာအုပ္​ကို ပိတ္​လိုက္​ၿပီး အိပ္​ရန္​ျပင္​လိုက္​သည္​။အိပ္​ဖို႔ျပင္​လိုက္​​ေပမယ္​့ အသားက်​ေန​ေသာ လက္​က ​ေဘးတြင္​ရွိ​ေန​ေသာ ဖုန္​းကိုယူလိုက္​ၿပီး facebook ကိုဖြင္​့လိုက္​သည္​။

ျမင္​လိုက္​ရတာက စတီဒီယို ၃၅ ​ေက်ာ္​​ေက်ာ္​ရဲ႕အ​ေကာင္​့။သူ႔ စ​ေတးတပ္​ကို ဖတ္​ရင္​း စိတ္​ထဲမွာတစ္​​ေယာက္​​ေယာက္​​ေတာ့ တစ္​ခုခုျဖစ္​ၿပီဆိုတာ သိလိုက္​တယ္​။အဲ့ဒါနဲ႔ဘဲ ​ေက် ာ္​​ေက် ာ္​ဆီကိုမက္​ဆင္​ဂ် ာက​ေန ဘယ္​သူဘာျဖစ္​တာလဲ​ေမးလိုက္​​ေတာ့ ခ်က္​ျခင္​းဆိုသလို အသံဖိုင္​တစ္​ခုျပန္​ပို႔တယ္​။ မင္​း​ေသြး​ေဘာလုံးကြင္​းမွာ အ​ေမာဆို႔ၿပီးဆုံးသြားၿပီ အစ္​ကိုတဲ့။ငိုသံနဲ႔​ေျပာလိုက္​တဲ့စကားသံနဲ႔အတူ မင္​း​ေသြး ဆို​ေတာ့ရင္​ထဲပူကန ဲ ျဖစ္​သြားတယ္​။ကြၽန္​​ေတာ္​ မယုံတာနဲ႔ ​ေနတိုးဆီ စာလွမ္​းပို႔ၿပီးႀကံ့ဆီကို ဖုန္​ဆက္​လိုက္​တယ္​။ႀကံ့က ဟုတ္​တယ္​ကို​ေပါက္​ ပါရမီ​ေဆးရုံမွာတဲ့။

ကြၽန္​​ေတာ္​ အဝတ္​အစားခ်က္​ျခင္​းလဲ ၿပီးထြက္​လာခဲ့တယ္​။မိန္​းမက ၿခံတံခါးဖြင္​့​ေပးတယ္​။အျပန္​​ေနာက္​က်ရင္​ သူအိပ္​ခ်င္​မွာစိုးလို႔ ၿခံ​ေသာ့​ေတာင္​း​ေပမယ္​့ သူက ျပန္​လာရင္​ဖုန္​းဆက္​လိုက္​ပါဆိုလို႔ ကား​ေမာင္​းထြက္​လာခဲ့တယ္​။

​ပါရမီ​ေဆးရုံ​ေရာက္​​ေတာ့ ျမင္​့ျမတ္​ ႀကံ့ သားညီ​ကို​ေဝ ယုန္​​ေလး ဇာနည္​ နဲ႔တျခားအႏုပညာသမား​ေတြ​ေတြ႕ရတယ္​။လူ​ေတြကမ်ား​ေန​ေတာ့သူ႔ကိုမျမင္​ဘူး ကြယ္​​ေနတယ္​။ဆရာဝန္​​ေတြ ​ေဆးရုံဝန္​ထမ္​း​ေတြနဲ႔ မင္​း​ေသြး အ​ေဖ တို႔အလုပ္​ရႈပ္​​ေနၾကတယ္​။ လူေတြၾကားထဲကတိုးၿပီး ၾကည္​့​ေတာ့ ကြၽန္​​ေတာ္​မင္​း​ေသြးကိုျမင္​လိုက္​ရတယ္​။သူကုတင္​​ေပၚမွာအိပ္​​ေနတယ္​။သူ​ေဘာလုံးကန္​တာ ​ေမာလို႔အိပ္​​ေနတာပါ။ကြၽန္​​ေတာ္​သိတာ​ေပါ့။

ကြၽန္​​ေတာ့ မသိစိတ္​က​ေန ညီ​ေလးရယ္​ ညီ​ေလးရယ္​ ဆိုၿပီး​ေခၚ​ေနတာ။သူကမၾကားဘူး​ေလ။​ေအး​ေလ သူ​ေမာ​ေနရွာမွာ​ေပါ့။နားပါ​ေစ။သူက​ေလ ​ေဘာလုံးကန္​ရင္​ စိတ္​​ေရာ ကိုယ္​​ေရာ အားထည္​့ၿပီးကန္​တတ္​တဲ့သူမ်္​ိ ဴ းပါ။ဝင္​လိုက္​ နားလိုက္​ ဝင္​လိုက္​ နားလိုက္​ မကန္​တတ္​ဘူး။တစ္​ခါတည္​းအကုန္​ ကန္​တတ္​တဲ့လူမ်္​ိဴ း​ေလ။ကမ႓ာ​ေအးဘုရား နားမွာ ညပိုင္​း ဖူဆယ္​သြားကန္​ၾကတာတဲ့​ေလ။စင္​ကာပူက ျပန္​​ေရာက္​ၿပီး ​ေဘာကန္​ဖို႔ခ်ိန္​းၾကတာတဲ့။ သူအ​ေၾကာင္​းၾကာ​းေနရတယ္​။

​ေနတိုးက​ေတာ့ အရီးကိုအိမ္​ျပန္​လိုက္​ပို႔ ​ေပး​ေပး​ေနတာတဲ့။ထိုစဥ္​ အရီးကို ​ေျပးျမင္​မိတယ္​။ဘယ္​​ေလာက္​မ်ား ​ေသာက​ေရာက္​​ေနမလဲဆိုတာ။ဒီလိုနဲ႔ ကြၽန္​​ေတာ္​တို႔ အိပ္​​ေပ်ာ္​​ေနတဲ့ ညီ​ေလးကို စံျပ​ေဆးရုံမွာ ​ေအး​ေအး​ေဆး​ေဆး အိပ္​စက္​ဖို႔ပို႔ၾကမယ္​ဆိုၿပီးစဥ္​ၾကတယ္​။

အဲ့ဒီ အခ်ိန္​ သူထူးစံ တို႔​ေရာက္​လာၾကတယ္​။ဒီလိုနဲ႔ စံျပ​ေဆးရုံ ကိုလိုက္​ပို႔ၾကတယ္​။ကားနံပါတ္​ 8G 1764(လူနာတင္​ယာဥ္​)ရဲ႕အ​ေပၚမွာ ညီ​ေလးမင္​း​ေသြး ပါသြားတယ္​။​ေရွ႕ဆုံးက ကို​ေဝလု​ေက်ာ္​ကားၿပီး​ေတာ့ မင္​း​ေသြးကားၿပီး​ေတာ့ ကြၽန္​​ေတာ့ကားၿပီး​ေတာ့ မင္​း​ေသြးအ​ေဖကား​ေနာက္​ ျမင္​့ျမတ္​ ​ေနာက္​​ေနာက္​​ေနာက္​ ကား​ေတြအတန္​းလိုက္​ႀကီးထြက္​လာခဲ့တယ္​။ပါရမီက​ေန ​ေဝဇယန္​တာလမ္​း သုဝဏမီးပိြဳင္​့က​ေနစံျပ​ေဆးရုံထိ ​ေမာင္​းခဲ့ၾကတယ္​။ကိုခင္​လိႈင္​အန္​တီဂြမ္​းတို႔ ဖုန္​းဆက္​​ေမးၾကတယ္​။ကိုခင္​လိႈင္​က ထြက္​လာၿပီတဲ့။

ဒီလိုနဲ႔စံျပ​ေဆးရုံ​ေရာက္​ၿပီ။အိပ္​​ေနတဲ့ညီ​ေလးကို သူတို႔​ေတြလုပ္​စရာရွိတာလုပ္​​ေနၾကတယ္​။ကြၽန္​​ေတာ္​သူ႔ကိုၾကည္​့ၿမဲ ၾကည္​့​ေနမိတယ္​။သူအိပ္​​ေနတာပါ။ကြၽန္​​ေတာ္​ၾကည္​့​ေနရင္​းက​ေန ​ေရွ႕ကိုတိုးသြားတယ္​။သူနား​ေလး​ေရာက္​သည္​အထိ​ေပါ့။ၿပီး​ေတာ့ သူ႔နဖူး​ေလးကို ညာဖက္​လက္​က​ေလးနဲ႔အုပ္​လိုက္​တယ္​။ ေသခ်ာပါတယ္​ သူအိပ္​​ေနတာပါ။ဘာျဖစ္​လို႔လဲဆို​ေတာ့ သူအသား​ေတြက​ေႏြး​ေနတုန္​း​ေလ။ဘယ္​သူ​ေသတယ္​လို႔​ေျပာတာလဲ။အသား​ေတြက လူ​ေကာင္​းအတိုင္​း​ေႏြး​ေနတဲ့ဥစၥာ။​ေဘာလုံးကန္​ထားလို႔ ​ေမာၿပီးနား​ေနတာပါ။

ကြၽန္​​ေတာ္​က သူ႔နဖူး​ေလးကိုင္​ထားရင္​း မ်က္​ရည္​​ေတြဝဲလာတယ္​။ က်ခါနီးသည္​အထိ​ေပါ့။ကြၽန္​​ေတာ့မ်က္​​ေတာင္​​ေတြကို ပုတ္​ခတ္​ပုတ္​ခတ္​လုပ္​ၿပီး က်​ေတာ့မယ္​့မ်က္​ရည္​​ေတြကိုသိမ္​းလိုက္​ပါတယ္​။ဒါ​ေပမယ္​့ မမွီလိုက္​ပါဘူး။ကြၽန္​​ေတာ္​မ်က္​ရည္​​ေတြက်လာတယ္​။ပါးျပင္​တစ္​ခုလုံး​ေႏြးလို႔ပါပဲ။ကြၽန္​​ေတာ့နႈတ္​ခမ္​း​ေတြလွဴ ပ္​​ေနပါတယ္​။ကြၽန္​​ေတာ္​သူ႔ကို စကား​ေတြ​ေျပာ​ေနတာ​ေတာ့မဟုတ္​ပါဘူး။ကြၽန္​​ေတာ့ရဲ႕လွဴပ္​​ေနတဲ့နႈတ္​ခမ္​းက ႐ြတ္​ဆို​ေနတာပါ။

အဲ့ဒါက

“ဗုဒၶံ သရဏံ ဂစၦာမိ ဓမၼံ သရဏံ ဂစၦာမိ သံဃံ သရဏံ ဂစၦာမိ”

ဒုတိယံမိ “ဗုဒၶံ သရဏံ ဂစၦာမိ ဓမၼံ သရဏံ ဂစၦာမိ သံဃံ သရဏံ ဂစၦာမိ”

တတိယံမိ “ဗုဒၶံ သရဏံ ဂစၦာမိ ဓမၼံ သရဏံ ဂစၦာမိ သံဃံ သရဏံ ဂစၦာမိ”

ခဏ​ေန​ေတာ့ သူအိပ္​​ေနတဲ့ကုတင္​ကိုကို​ေဝလု​ေက်ာ္​နဲ႔အတူ​ေဆးရုံက လူ​ေတြကတြန္​းၿပီးထြက္​သြားၾကတယ္​။တျဖည္​းျဖည္​းနဲ႔ သူတို႔​ေတြ ​ေဝးသြားတယ္​။ ​ေနာက္​ဆုံးအဲ့ဒီလမ္​း​ေလးမွာဘယ္​သူမွ မရွိ​ေတာ့ဘူး။ေမွာင္​လို႔ မဲလို႔​ေပါ့။ဘယ္​သူမွ မျမင္​ရ​ေတာ့တဲ့ အဲ့ဒီလမ္​း​ေလးကိုဘာမွလည္​းမျမင္​ရ​ေတာ့ဘဲ ကြၽန္​​ေတာ္​​ေငးၾကည္​့​ေနမိတုန္​း။ညီ​ေလး​ေရ မင္​းကို အစ္​ကိုတို႔ လြမ္​း​ေနမယ္​​ေနာ္​။

ဒါ႐ိုက္တာကို​ေပါက္

(Unicode Version)

မင်းသွေးအတွက် ဒါရိုက်တာကိုပေါက်ရဲ့ ဝမ်းနည်း မှတ်တမ်း

မနေ့ညကပေါ့။ ကျွန်တော်စာအုပ်တစ်အုပ်ကို အသည်းအသန်ဖတ်နေမိတယ်။ဆရာဦးဝင်းငြိမ်း၏ “နန်းကျ ဘုရင်”။ကုန်းဘောင်ရဲ့နောက်ဆုံးမင်ဆက် သီပေါ၊ဆင်ဖြူ မရှင် စုဘုရားလတ် ကင်းဝန် ကနောင်ညောင်ရမ်း မက္ခရာ သုံးဆယ် ဗြိတိသျှဆူဒါးရှား မောင်သန်းဆွေထားဝယ် ဦးဝင်းငြိမ်းတို့ရဲ့ အကူးအယှက်ဟာ ကျွန်တော့ကို မနေ့ညကအတော်လေးပင်ဆွဲဆောင်ခဲ့လေသည်။

ည ၁၁ နာရီ ၄၃ လောက်တွင် ဖတ်လက်စ စာအုပ်ကို ပိတ်လိုက်ပြီး အိပ်ရန်ပြင်လိုက်သည်။အိပ်ဖို့ပြင်လိုက်ပေမယ့် အသားကျနေသော လက်က ဘေးတွင်ရှိနေသော ဖုန်းကိုယူလိုက်ပြီး facebook ကိုဖွင့်လိုက်သည်။

မြင်လိုက်ရတာက စတီဒီယို ၃၅ ကျော်ကျော်ရဲ့အကောင့်။သူ့ စတေးတပ်ကို ဖတ်ရင်း စိတ်ထဲမှာတစ်ယောက်ယောက်တော့ တစ်ခုခုဖြစ်ပြီဆိုတာ သိလိုက်တယ်။အဲ့ဒါနဲ့ဘဲ ကျေ ာ်ကျေ ာ်ဆီကိုမက်ဆင်ဂျ ာကနေ ဘယ်သူဘာဖြစ်တာလဲမေးလိုက်တော့ ချက်ခြင်းဆိုသလို အသံဖိုင်တစ်ခုပြန်ပို့တယ်။ မင်းသွေးဘောလုံးကွင်းမှာ အမောဆို့ပြီးဆုံးသွားပြီ အစ်ကိုတဲ့။ငိုသံနဲ့ပြောလိုက်တဲ့စကားသံနဲ့အတူ မင်းသွေး ဆိုတော့ရင်ထဲပူကန ဲ ဖြစ်သွားတယ်။ကျွန်တော် မယုံတာနဲ့ နေတိုးဆီ စာလှမ်းပို့ပြီးကြံ့ဆီကို ဖုန်ဆက်လိုက်တယ်။ကြံ့က ဟုတ်တယ်ကိုပေါက် ပါရမီဆေးရုံမှာတဲ့။

ကျွန်တော် အဝတ်အစားချက်ခြင်းလဲ ပြီးထွက်လာခဲ့တယ်။မိန်းမက ခြံတံခါးဖွင့်ပေးတယ်။အပြန်နောက်ကျရင် သူအိပ်ချင်မှာစိုးလို့ ခြံသော့တောင်းပေမယ့် သူက ပြန်လာရင်ဖုန်းဆက်လိုက်ပါဆိုလို့ ကားမောင်းထွက်လာခဲ့တယ်။

ပါရမီဆေးရုံရောက်တော့ မြင့်မြတ် ကြံ့ သားညီကိုဝေ ယုန်လေး ဇာနည် နဲ့တခြားအနုပညာသမားတွေတွေ့ရတယ်။လူတွေကများနေတော့သူ့ကိုမမြင်ဘူး ကွယ်နေတယ်။ဆရာဝန်တွေ ဆေးရုံဝန်ထမ်းတွေနဲ့ မင်းသွေး အဖေ တို့အလုပ်ရှုပ်နေကြတယ်။ လူတွေကြားထဲကတိုးပြီး ကြည့်တော့ ကျွန်တော်မင်းသွေးကိုမြင်လိုက်ရတယ်။သူကုတင်ပေါ်မှာအိပ်နေတယ်။သူဘောလုံးကန်တာ မောလို့အိပ်နေတာပါ။ကျွန်တော်သိတာပေါ့။

ကျွန်တော့ မသိစိတ်ကနေ ညီလေးရယ် ညီလေးရယ် ဆိုပြီးခေါ်နေတာ။သူကမကြားဘူးလေ။အေးလေ သူမောနေရှာမှာပေါ့။နားပါစေ။သူကလေ ဘောလုံးကန်ရင် စိတ်ရော ကိုယ်ရော အားထည့်ပြီးကန်တတ်တဲ့သူမျိ ူ းပါ။ဝင်လိုက် နားလိုက် ဝင်လိုက် နားလိုက် မကန်တတ်ဘူး။တစ်ခါတည်းအကုန် ကန်တတ်တဲ့လူမျိူ းလေ။ကမ္ဘာအေးဘုရား နားမှာ ညပိုင်း ဖူဆယ်သွားကန်ကြတာတဲ့လေ။စင်ကာပူက ပြန်ရောက်ပြီး ဘောကန်ဖို့ချိန်းကြတာတဲ့။ သူအကြောင်းကြားနေရတယ်။

နေတိုးကတော့ အရီးကိုအိမ်ပြန်လိုက်ပို့ ပေးပေးနေတာတဲ့။ထိုစဉ် အရီးကို ပြေးမြင်မိတယ်။ဘယ်လောက်များ သောကရောက်နေမလဲဆိုတာ။ဒီလိုနဲ့ ကျွန်တော်တို့ အိပ်ပျော်နေတဲ့ ညီလေးကို စံပြဆေးရုံမှာ အေးအေးဆေးဆေး အိပ်စက်ဖို့ပို့ကြမယ်ဆိုပြီးစဉ်ကြတယ်။

အဲ့ဒီ အချိန် သူထူးစံ တို့ရောက်လာကြတယ်။ဒီလိုနဲ့ စံပြဆေးရုံ ကိုလိုက်ပို့ကြတယ်။ကားနံပါတ် 8G 1764(လူနာတင်ယာဉ်)ရဲ့အပေါ်မှာ ညီလေးမင်းသွေး ပါသွားတယ်။ရှေ့ဆုံးက ကိုဝေလုကျော်ကားပြီးတော့ မင်းသွေးကားပြီးတော့ ကျွန်တော့ကားပြီးတော့ မင်းသွေးအဖေကားနောက် မြင့်မြတ် နောက်နောက်နောက် ကားတွေအတန်းလိုက်ကြီးထွက်လာခဲ့တယ်။ပါရမီကနေ ဝေဇယန်တာလမ်း သုဝဏမီးပွိုင့်ကနေစံပြဆေးရုံထိ မောင်းခဲ့ကြတယ်။ကိုခင်လှိုင်အန်တီဂွမ်းတို့ ဖုန်းဆက်မေးကြတယ်။ကိုခင်လှိုင်က ထွက်လာပြီတဲ့။

ဒီလိုနဲ့စံပြဆေးရုံရောက်ပြီ။အိပ်နေတဲ့ညီလေးကို သူတို့တွေလုပ်စရာရှိတာလုပ်နေကြတယ်။ကျွန်တော်သူ့ကိုကြည့်မြဲ ကြည့်နေမိတယ်။သူအိပ်နေတာပါ။ကျွန်တော်ကြည့်နေရင်းကနေ ရှေ့ကိုတိုးသွားတယ်။သူနားလေးရောက်သည်အထိပေါ့။ပြီးတော့ သူ့နဖူးလေးကို ညာဖက်လက်ကလေးနဲ့အုပ်လိုက်တယ်။ သေချာပါတယ် သူအိပ်နေတာပါ။ဘာဖြစ်လို့လဲဆိုတော့ သူအသားတွေကနွေးနေတုန်းလေ။ဘယ်သူသေတယ်လို့ပြောတာလဲ။အသားတွေက လူကောင်းအတိုင်းနွေးနေတဲ့ဥစ္စာ။ဘောလုံးကန်ထားလို့ မောပြီးနားနေတာပါ။

ကျွန်တော်က သူ့နဖူးလေးကိုင်ထားရင်း မျက်ရည်တွေဝဲလာတယ်။ ကျခါနီးသည်အထိပေါ့။ကျွန်တော့မျက်တောင်တွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ကျတော့မယ့်မျက်ရည်တွေကိုသိမ်းလိုက်ပါတယ်။ဒါပေမယ့် မမှီလိုက်ပါဘူး။ကျွန်တော်မျက်ရည်တွေကျလာတယ်။ပါးပြင်တစ်ခုလုံးနွေးလို့ပါပဲ။ကျွန်တော့နှုတ်ခမ်းတွေလှူ ပ်နေပါတယ်။ကျွန်တော်သူ့ကို စကားတွေပြောနေတာတော့မဟုတ်ပါဘူး။ကျွန်တော့ရဲ့လှူပ်နေတဲ့နှုတ်ခမ်းက ရွတ်ဆိုနေတာပါ။

အဲ့ဒါက

“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဓမ္မံ သရဏံ ဂစ္ဆာမိ သံဃံ သရဏံ ဂစ္ဆာမိ”

ဒုတိယံမိ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဓမ္မံ သရဏံ ဂစ္ဆာမိ သံဃံ သရဏံ ဂစ္ဆာမိ”

တတိယံမိ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဓမ္မံ သရဏံ ဂစ္ဆာမိ သံဃံ သရဏံ ဂစ္ဆာမိ”

ခဏနေတော့ သူအိပ်နေတဲ့ကုတင်ကိုကိုဝေလုကျော်နဲ့အတူဆေးရုံက လူတွေကတွန်းပြီးထွက်သွားကြတယ်။တဖြည်းဖြည်းနဲ့ သူတို့တွေ ဝေးသွားတယ်။ နောက်ဆုံးအဲ့ဒီလမ်းလေးမှာဘယ်သူမှ မရှိတော့ဘူး။မှောင်လို့ မဲလို့ပေါ့။ဘယ်သူမှ မမြင်ရတော့တဲ့ အဲ့ဒီလမ်းလေးကိုဘာမှလည်းမမြင်ရတော့ဘဲ ကျွန်တော်ငေးကြည့်နေမိတုန်း။ညီလေးရေ မင်းကို အစ်ကိုတို့ လွမ်းနေမယ်နော်။

ဒါရိုက်တာကိုပေါက်