



Source : SAW

(Unicode Version)

ရေနစ်နေသည့် မျောက်အား ဆင်းကယ်ကြရာမှ မြန်မာနိုင်ငံသားတစ်ဦး ရေနစ် သေဆုံး

အောက်တိုဘာလ ၃ ရက်နေ့ညက ထိုင်းနိုင်ငံတောင်ပိုင်း ပူးခက်ပြည်နယ် ကော့ကဲဝိုကျွန်း ရေကန်ထဲ ပြုတ်ကျနေတဲ့ မျောက်တစ်ကောင်ကို မြင်တွေ့ရတဲ့ မြန်မာနိုင်ငံသား သုံးဦးဟာ ရေကူးပြီး ကယ်တင်ခဲ့ကြရာက မျောက်ကို ကယ်နိုင်ခဲ့ပေမယ့် ဆင်းကယ်ကြသူတွေထဲက ဆက်ပိုင်စိုး အသက်(၁၈)နှစ်ဟာ ၁၀ မီတာခန့်နစ်တဲ့ ရေကန်ထဲမှာ ရေကူးရင်း အားကုန်ပြီး ခုလို ရေနစ် သေဆုံးခဲ့ရတာပါ။

သေဆုံးသူကို ထိုင်းကယ်ဆယ်ရေး ဝန်ထမ်းတွေ (၃) နာရီကြာ ရှာဖွေခဲ့ရပါတယ်။ သေဆုံးသူအလောင်းကို သီရိဒုံ ဆေးရုံကိုပို့ဆောင်ပြီး စစ်ဆေးခဲ့ပြှီး ဒီနေ့မနက်မှာ မိသားစုကို အလောင်း ပြန်လွဲပြောင်း ပေးခဲ့ပါတယ်။

အလောင်းကို ဖခင်ဖြစ်သူ ဦးမင်းဦးနဲ့ မိသားစုက လက်ခံခဲ့ပြီး ရိုးရာ အစဉ်လာအတိုင်း အသုဘ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Source : SAW