




(Unicode Version)

ကျောက်တန်းမြို့ ဘိုးဘွား ရိပ်သာ၌ အဘိုးနှစ်ဦး ဓားထိုးမှုဖြစ်ပွား

အောက်တိုဘာလ(၃)ရက်နေ့၊ နံနက်(၁)နာရီခွဲ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ဘိုးဘွားရိပ်သာ၌ အသက်(၈၃)နှစ်ရှိ အဘိုးနှစ်ဦး ဓားထိုးမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို၊နယ်၊ ပါဒကြီးစံပြကျေးရွာရှိ၊ ဘိုးဘွားရိပ်သာတွင် အောက်တိုဘာ(၂)ရက်နေ့ နံနက်(၈)နာရီမှ အောက်တိုဘာလ(၃) ရက် နံနက်(၈)ထိ ဒေါ်ကြည်ကြည်သန်းမှ အုပ်ချ ုပ်ရေးမှူ းတာဝန်ထမ်းဆောင်နေရပြီး ဘိုးဘွားများဝေယျာဝစ္စ ဆောင်ရွက်ပြီး၍ ဘိုးဘွာရိပ်သာအဆောင်ရှိ အိပ်ခန်း ၌အိပ်ပျော်နေစဉ် အောက်တိုဘာ(၃)ရက်နေ့ နံနက်(၁) နာရီခွဲအချိန်ခန့်က(အဘွားဆောင်)တံခါးအားတွန်းပြီး “ဒေါ်ကြည်ကြည်သန်း” “ဒေါ်ကြည်ကြည်သန်း” ဟု ခေါ်သံများကြားရသဖြင့်သွားရောက်ခဲ့ရာ

အဘိုးအဆောင်မှ ဦးအေးကျော်(၈၃)နှစ်(ဘ) ဦးဘသိန်း၊(ယခင်လိပ်စာ/အောင်မင်္ဂလာလမ်း၊ (၄)ရပ်ကွက်၊သာကေတမြို့၊ယခုဘိုးဘွားရိပ်သာနေသူမှာ ယာနံဘေးထိုးသွင်းဒဏ်ရာ(၁)ချက်၊ယာလက်ယာဒဏ်ယာ(၂)ချက်၊ဝဲလက်ဖဝါး ပြတ်ရှဒဏ်ရာ(၂)ချက်တို့ ရရှိပြီး၊ ဘိုးဘွားရိပ်သာတွင် အဘိုးဦးအေးကျော်နှင့်ကုတင်မျက်နှာချင်းဆိုင်အတူနေ ဦးသာထွန်း(၈၃)နှစ်၊ (ဘ)ဦးဘမောင်၊ (ယခင်လိပ်စာ/နယ်မြေ(၁၃)ဗိုလိချ ုပ်၊ အောင်ချမ်းသာရပ်ကွက်၊ သန်လျင်မြို့)ယခု ဘိုးဘွားရိပ်သာနေသူမှ ၎င်း၏သွေးပေါင်ချိန်စက် ပျက်သွားသည့် ကိစ္စနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်စကားများရာမှ သံပုရာသီးလှီးရန် ဆောင်ထားသော ဓားဖြင့် ထိုးကြောင်းသိရပြီး၊ ကျောက်တန်းမြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ရာ ထိုမှတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံသို့ အတွင်းလူနာအဖြစ် လွဲပြောင်းကုသလျက်ရှိသောကြောင့်၊ ဓားဖြင့်ထိုးသူအဘိုး ဦးသာထွန်း အား အ ရေးယူပေးပါရန် ဒေါ်ကြည်ကြည်သန်းမှ တရားလိုပြုလုပ်၍ တိုင်တန်းသဖြင့် ကျောက်တန်းမြို့မရဲစခန်းမှ အဘိုး ဦးသာထွန်းအား အမှုဖွင့်အရေးယူ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

နိုးတူး(ကျောက်တန်း) / ZinMoe