သ႐ုပ္ေဆာင္ မင္းေသြး ေသဆံုးရျခင္း အေၾကာင္းအရင္းကို မိသားစု ကိုယ္စား ဦးေလး ျဖစ္သူ ေျပာၾကား

သရုပ္ေဆာင္မင္းေသြးတစ္ေယာက္ဟာ မေန႔ညပိုင္း ၁၁ နာရီခြဲေလာက္မွာ အေမာေဖာက္ျပီးရုတ္တရက္ဆံုးပါးသြားခဲ့ျခင္းျဖစ္ပါတယ္။ ဆံုးပါးသြားတဲ့အခ်ိန္မွာေတာ့ အႏုပညာအသိုင္းအဝုိင္းက အႏုပညာရွင္ေတာ္ေတ္ာမ်ားမ်ား သြားေရာက္ခဲ့ၾကပါတယ္။ သရုပ္ေဆာင္မင္းေသြးဟာ ပါရမီေဆးရံုမွာဆံုးပါးသြားခဲ့တာျဖစ္ျပီး သကၤန္းကြ်န္းစံျပေဆးရံုသို႔ ပို႔ေဆာင္ခဲ့ၾကပါတယ္။

မင္းေသြးဟာ စင္ကာပူကေနျပန္ေရာက္ျပီး အိမ္မွာတရားထိုင္၊ ေရေသာက္ျပီးမွ သူငယ္ခ်င္းေတြနဲ႔ အတူ ေဘာလံုးကန္ဖို႔ ထြက္သြားခဲ့တယ္လို႔ မင္းေသြးရဲ႕ ဦးေလးျဖစ္သူက ေျပာပါတယ္။ က်န္းမာေရးကို အရမ္းဂရုစိုက္တတ္တဲ့သူျဖစ္ျပီး အားကစားလုိက္စားတဲ့သူျဖစ္တဲ့အျပင္ က်န္တဲ့ေရာဂါအခံေတြလည္း မရွိဘူးလို႔ ဆိုပါတယ္။ ခုလိုမ်ိဳး ရုတ္တရက္ဆံုးပါးသြားတာကေတာ့ Heart Attack ေၾကာင့္ျဖစ္တယ္လို႔ ဦးေလးျဖစ္သူက မင္းေသြးဆံုးပါးသြားမွုနဲ႔ပတ္သက္ျပီးဆုိပါတယ္။

“မင္းေသြး ဟာ Heart Attack (ႏွလံုးေရာဂါ) ျဖစ္တဲ့ ပံုမ်ဳိးနဲ႔ ေသဆံုးခဲ့တာ ျဖစ္ပါတယ္။ အျခား မဟုတ္တဲ့ Accident ပံုစံမ်ဳိး ေသဆံုးခဲ့တာ မဟုတ္ပါဘူး” လို႔ သ႐ုပ္ေဆာင္ မင္းေသြး ရဲ့ ဦးေလးျဖစ္သူ ဦးျမင့္လြင္ က မိသားစုကိုယ္စား မီဒီယာတစ္ခုရဲ႕ အင္တာဗ်ဴးမွာေျဖၾကားခဲ့တာျဖစ္ပါတယ္။

Source-Myanmar Celebrity အင္တာဗ်ဴးမွေျဖၾကားခ်က္မ်ားကို ေကာက္နွုတ္ေဖာ္ျပထားျခင္းျဖစ္ပါသည္။

We Love Cele

(Unicode Version)

သရုပ်ဆောင် မင်းသွေး သေဆုံးရခြင်း အကြောင်းအရင်းကို မိသားစု ကိုယ်စား ဦးလေး ဖြစ်သူ ပြောကြား

သရုပ်ဆောင်မင်းသွေးတစ်ယောက်ဟာ မနေ့ညပိုင်း ၁၁ နာရီခွဲလောက်မှာ အမောဖောက်ပြီးရုတ်တရက်ဆုံးပါးသွားခဲ့ခြင်းဖြစ်ပါတယ်။ ဆုံးပါးသွားတဲ့အချိန်မှာတော့ အနုပညာအသိုင်းအဝိုင်းက အနုပညာရှင်တော်တေ်ာများများ သွားရောက်ခဲ့ကြပါတယ်။ သရုပ်ဆောင်မင်းသွေးဟာ ပါရမီဆေးရုံမှာဆုံးပါးသွားခဲ့တာဖြစ်ပြီး သင်္ကန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ခဲ့ကြပါတယ်။

မင်းသွေးဟာ စင်ကာပူကနေပြန်ရောက်ပြီး အိမ်မှာတရားထိုင်၊ ရေသောက်ပြီးမှ သူငယ်ချင်းတွေနဲ့ အတူ ဘောလုံးကန်ဖို့ ထွက်သွားခဲ့တယ်လို့ မင်းသွေးရဲ့ ဦးလေးဖြစ်သူက ပြောပါတယ်။ ကျန်းမာရေးကို အရမ်းဂရုစိုက်တတ်တဲ့သူဖြစ်ပြီး အားကစားလိုက်စားတဲ့သူဖြစ်တဲ့အပြင် ကျန်တဲ့ရောဂါအခံတွေလည်း မရှိဘူးလို့ ဆိုပါတယ်။ ခုလိုမျိုး ရုတ်တရက်ဆုံးပါးသွားတာကတော့ Heart Attack ကြောင့်ဖြစ်တယ်လို့ ဦးလေးဖြစ်သူက မင်းသွေးဆုံးပါးသွားမှုနဲ့ပတ်သက်ပြီးဆိုပါတယ်။

“မင်းသွေး ဟာ Heart Attack (နှလုံးရောဂါ) ဖြစ်တဲ့ ပုံမျိုးနဲ့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ အခြား မဟုတ်တဲ့ Accident ပုံစံမျိုး သေဆုံးခဲ့တာ မဟုတ်ပါဘူး” လို့ သရုပ်ဆောင် မင်းသွေး ရဲ့ ဦးလေးဖြစ်သူ ဦးမြင့်လွင် က မိသားစုကိုယ်စား မီဒီယာတစ်ခုရဲ့ အင်တာဗျူးမှာဖြေကြားခဲ့တာဖြစ်ပါတယ်။

Source-Myanmar Celebrity အင်တာဗျူးမှဖြေကြားချက်များကို ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

We Love Cele

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္