လဲဘူးဘူတာမွ ထြက္ခြာလာေသာ ေပ်ာ္ဘြယ္ (၃ အဆန္ရထား တြဲေခ်ာ္ တိမ္းေမွာက္ခဲ့သျဖင့္ ခရီးသည္ (၁၂) ဦး ဒဏ္ရာရရွိမႈျဖစ္ပြား

လဲဘူးဘူတာမွ ထြက္ခြာလာေသာ ေပ်ာ္ဘြယ္ (၃ အဆန္ရထား တြဲေခ်ာ္ တိမ္းေမွာက္ခဲ့သျဖင့္ ခရီးသည္ (၁၂) ဦး ဒဏ္ရာရရွိမႈျဖစ္ပြား

ေနျပည္ေတာ္၊ ေအာက္တိုဘာ ၄

ယေန႔ နံနက္ ၉ နာရီ ၅၅ မိနစ္အခ်ိန္မႏၲေလးတိုင္းေဒသႀကီး၊ ေပ်ာ္ဘြယ္ၿမိဳ႕နယ္၊ ေရငံ႐ြာအနီး ရထားသံလမ္းမိုင္တိုင္အမွတ္(၂၉၁/၁၅-၁၆)ၾကားတြင္ မေကြးတိုင္းေဒသႀကီး၊ နတ္ေမာက္ၿမိဳ႕နယ္၊ လဲဘူး ဘူတာမွ ေပ်ာ္ဘြယ္ၿမိဳ႕နယ္ဘက္သို႔ ခရီးသည္ (၈၄)ဦးတင္ေဆာင္၍ ထြက္ခြာလာေသာ ေပ်ာ္ဘြယ္(၃) အဆန္ရထား တြဲေခ်ာ္ၿပီး တိမ္းေမွာက္မႈျဖစ္ပြားခဲ့ေၾကာင္း သိရွိရသည္။

အဆိုပါေနရာသို႔ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ရဲမႉး မ်ိဳးျမင့္လြင္ ဦးစီးသည့္ တပ္ဖြဲ႕ဝင္မ်ား၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ ေရးမႉး႐ုံးမွ ဝန္ထမ္းမ်ား၊ နယ္ေျမခံတပ္မွ တပ္မေတာ္သားမ်ား၊ မီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္ ၿမိဳ႕နယ္ ဌာနဆိုင္ရာဝန္ထမ္းမ်ား၊ လူမႈကူညီေရးအသင္းမွ အဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕က သြားေရာက္ ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ခဲ့ၿပီး

လိုက္ပါလာေသာ ခရီးသည္မ်ားအနက္ (၁၂)ဦးမွာ ဒဏ္ရာမ်ား အသီးသီးရရွိခဲ့သျဖင့္ ေပ်ာ္ဘြယ္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကုသခဲ့ေၾကာင္းႏွင့္ က်န္ခရီးသည္မ်ားအား ေပ်ာ္ဘြယ္ဘူတာသို႔ ပို႔ေဆာင္ထားေၾကာင္း သတင္းရရွိသည္။

Source : ျပည္ထဲေရး

(Unicode Version)

လဲဘူးဘူတာမှ ထွက်ခွာလာသော ပျော်ဘွယ် (၃ အဆန်ရထား တွဲချော် တိမ်းမှောက်ခဲ့သဖြင့် ခရီးသည် (၁၂) ဦး ဒဏ်ရာရရှိမှုဖြစ်ပွား

နေပြည်တော်၊ အောက်တိုဘာ ၄

ယနေ့ နံနက် ၉ နာရီ ၅၅ မိနစ်အချိန်မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရေငံရွာအနီး ရထားသံလမ်းမိုင်တိုင်အမှတ်(၂၉၁/၁၅-၁၆)ကြားတွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ လဲဘူး ဘူတာမှ ပျော်ဘွယ်မြို့နယ်ဘက်သို့ ခရီးသည် (၈၄)ဦးတင်ဆောင်၍ ထွက်ခွာလာသော ပျော်ဘွယ်(၃) အဆန်ရထား တွဲချော်ပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါနေရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးမြင့်လွင် ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ် ရေးမှူးရုံးမှ ဝန်ထမ်းများ၊ နယ်မြေခံတပ်မှ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး

လိုက်ပါလာသော ခရီးသည်များအနက် (၁၂)ဦးမှာ ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ပျော်ဘွယ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ကြောင်းနှင့် ကျန်ခရီးသည်များအား ပျော်ဘွယ်ဘူတာသို့ ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။

Source : ပြည်ထဲရေး

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္