သန္လ်င္၌ အမ်ားျပည္သူ လမ္းမ ေပၚတြင္ ဓားကိုင္ ေသာင္းက်န္း သူအား ဖမ္းဆီး အေရးယူ

ရန္ကုန္ေတာင္ပိုင္းခရိုင္ သန္လ်င္ၿမိဳ႕နယ္ဘုရားကုန္းေက်းရြာအုပ္စု (၁၅)ေပကြက္သစ္၊သဒၵါ ၁၄ လမ္း၌ ေအာက္တုိဘာ ၃ရက္ ည ၈နာရီ အခ်ိန္ခန္႔က အမ်ားျပည္သူသြားလာေနေသာလမ္းမေပၚတြင္ ဓားကိုင္ေသာင္းက်န္းေနသူအားဖမ္းဆီးအေရးယူခဲ့ေၾကာင္းသန္လ်င္ၿမိဳ႕မရဲစခန္းမွ သိရသည္။

ျဖစ္စဥ္မွာ သန္လ်င္ၿမိဳ႕မရဲစခန္းမွနယ္ထိန္းအရာရိွ ဒုရဲအုပ္ မ်ဳိးေအာင္ႏွင့္ရဲတပ္ဖြဲ႔၀င္မ်ားသည္သန္လ်င္ၿမိဳ႕နယ္အတြင္းလွည့္ကင္းတာ၀န္ထမ္းေဆာင္ေနစဥ္ သန္လ်င္ၿမိဳ႕၊ ဘုရားကုန္းေက်းရြာ အုပ္စု၊ (၁၅)ေပကြက္သစ္၊သဒၵါ ၁၄ လမ္းတြင္လူတစ္ဦးဓားကုိင္ ေသာင္းက်န္းေနေၾကာင္းသတင္းအရ သက္ေသမ်ားႏွင့္ အတူ သြားေရာက္စစ္ေဆးရာ

ဓားကိုင္ေသာင္းက်န္းသူမွာ ဖိုးေထာင္ အသက္ (၄၄)ႏွစ္၊ သဒၵါ ၁၄လမ္း၊ (၁၅)ေပကြက္သစ္၊ ဘုရားကုန္း ေက်းရြာအုပ္စု၊ သန္လ်င္ၿမိဳ႕နယ္ ေနသူ၏ ညာဘက္လက္အတြင္း အရိုး(၇)လက္မခြဲ၊အသြား ၂၅ လက္မ၊အရိုးအသြား ၁၈လက္မခြဲခန္႔ရိွ သစ္သားရုိးတပ္ အဖ်ားခၽြန္ ငွက္ႀကီးေတာင္ ဓားတစ္ေခ်ာင္းအား ကိုင္ေဆာင္ကာ အမ်ားျပည္သူဆိုင္ရာ လမ္းမေပၚတြင္ လူ႔အသက္ အႏၲရာယ္ကို ေဘးျဖစ္ေစတက္ေသာ ဓားအားကိုင္ေဆာင္ ေသာင္းက်န္းေနသူဖိုးေထာင္ အား ဖမ္းဆီးကာ ဓားအား သက္ေသမ်ားေရွ႕တြင္ ရွာေဖြပံုစံျဖင့္ေရးသြင္း သိမ္းဆည္းခဲ့ေၾကာင္းသိရသည္။ အဆိုပါအမႈအားသန္လ်င္ၿမိဳ႕မရဲစခန္းမွ အမႈဖြင့္စစ္ေဆးလ်က္ ရိွေၾကာင္းသိရသည္။

သက္ခိုင္ (သန္လ်င္)

Source : Myanmaalinn

(Unicode Version)

သန်လျင်၌ အများပြည်သူ လမ်းမ ပေါ်တွင် ဓားကိုင် သောင်းကျန်း သူအား ဖမ်းဆီး အရေးယူ

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်ဘုရားကုန်းကျေးရွာအုပ်စု (၁၅)ပေကွက်သစ်၊သဒ္ဒါ ၁၄ လမ်း၌ အောက်တိုဘာ ၃ရက် ည ၈နာရီ အချိန်ခန့်က အများပြည်သူသွားလာနေသောလမ်းမပေါ်တွင် ဓားကိုင်သောင်းကျန်းနေသူအားဖမ်းဆီးအရေးယူခဲ့ကြောင်းသန်လျင်မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ သန်လျင်မြို့မရဲစခန်းမှနယ်ထိန်းအရာရှိ ဒုရဲအုပ် မျိုးအောင်နှင့်ရဲတပ်ဖွဲ့ဝင်များသည်သန်လျင်မြို့နယ်အတွင်းလှည့်ကင်းတာဝန်ထမ်းဆောင်နေစဉ် သန်လျင်မြို့၊ ဘုရားကုန်းကျေးရွာ အုပ်စု၊ (၁၅)ပေကွက်သစ်၊သဒ္ဒါ ၁၄ လမ်းတွင်လူတစ်ဦးဓားကိုင် သောင်းကျန်းနေကြောင်းသတင်းအရ သက်သေများနှင့် အတူ သွားရောက်စစ်ဆေးရာ

ဓားကိုင်သောင်းကျန်းသူမှာ ဖိုးထောင် အသက် (၄၄)နှစ်၊ သဒ္ဒါ ၁၄လမ်း၊ (၁၅)ပေကွက်သစ်၊ ဘုရားကုန်း ကျေးရွာအုပ်စု၊ သန်လျင်မြို့နယ် နေသူ၏ ညာဘက်လက်အတွင်း အရိုး(၇)လက်မခွဲ၊အသွား ၂၅ လက်မ၊အရိုးအသွား ၁၈လက်မခွဲခန့်ရှိ သစ်သားရိုးတပ် အဖျားချွန် ငှက်ကြီးတောင် ဓားတစ်ချောင်းအား ကိုင်ဆောင်ကာ အများပြည်သူဆိုင်ရာ လမ်းမပေါ်တွင် လူ့အသက် အန္တရာယ်ကို ဘေးဖြစ်စေတက်သော ဓားအားကိုင်ဆောင် သောင်းကျန်းနေသူဖိုးထောင် အား ဖမ်းဆီးကာ ဓားအား သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့်ရေးသွင်း သိမ်းဆည်းခဲ့ကြောင်းသိရသည်။ အဆိုပါအမှုအားသန်လျင်မြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်းသိရသည်။

သက်ခိုင် (သန်လျင်)

Source : Myanmaalinn

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္