မင္းေသြး ေသဆံုး ခ်ိန္မွာ ထူးဆန္းတဲ့ ျဖစ္ရပ္ တစ္ခု ႀကံဳခဲ့ရတယ္ ဆိုတဲ့ စည္ၿဖိဳး

ေအာက္တုိဘာလ ၃ ရက္ေန႔ညမွာ သ႐ုပ္ေဆာင္ မင္းေသြးတစ္ေယာက္ ႐ုတ္တရက္ဆံုးပါးသြားတဲ့သတင္းက တစ္ႏိုင္ငံလံုးကို တုန္လႈပ္သြားေစခဲ့ရပါတယ္။ သ႐ုပ္ေဆာင္ စည္ၿဖိဳးက ညီအစ္ကိုလုိ ခင္တဲ့ မင္းေသြးနဲ႔ ပတ္သက္ၿပီး ေတြ႕ၾကံဳခံစားရသမွ်ကို ေျပာျပခဲ့ပါတယ္။

သ႐ုပ္ေဆာင္ မင္းေသြးတစ္ေယာက္ ဆံုးပါးသြားတယ္ဆုိတဲ့ သတင္းၾကားၾကားခ်င္း ေနအိမ္ကို သတင္းသြားေမး၊ ရင္ခြဲကိုလာၾကည့္တဲ့ အႏုပညာေမာင္ႏွမေတြ မ်ားျပားလွပါတယ္။ မင္းေသြးရဲ႕႐ုပ္အေလာင္း ထားရွိရာ သကၤန္းကၽြန္း စံျပေဆး႐ံုရွိ ရင္ခြဲ႐ံုကို ေအာက္တုိဘာလ ၄ ရက္ေန႔မနက္မွာ လာေရာက္ၾကည့္႐ႈတဲ့ စည္ၿဖိဳးက ညက ၾကံဳေတြ႕ခဲ့ရတဲ့ ထူးဆန္းတဲ့ အေတြ႕အၾကံဳတစ္ခုကို ေျပာျပခဲ့တာ ျဖစ္ပါတယ္။

“ကၽြန္ေတာက္ လက္ေဝွ႕ Training ေတြေရာ၊ Gym ေတြေရာ ကစားေနတာဆုိေတာ့ ညဆို ေစာစာအိပ္တာ။ ည ၁၁ နာရီမွာ အိပ္ေပ်ာ္သြားတယ္။ ကၽြန္ေတာ္က အိပ္လို႔ရွိရင္ ဗိုက္လွန္ေနတတ္တယ္။ ကၽြန္ေတာ့္ကို ကုတ္ၿပီးေတာ့ လာႏႈိးတယ္။ ကၽြန္ေတာ္က ထင္တာ ေခြးတတ္တတ္တယ္။ ခါတုိင္း ေအာက္က တံခါး မပိတ္မိဘူးဆုိရင္ ကၽြန္ေတာ့္အိမ္မွာ ေခြးက အေပၚအထိ တက္လာတတ္တယ္။ ေခြးတက္ၿပီလားမသိဘူးဆုိၿပီး ဝုန္းဆုိ ထလိုက္တာ။ ေခြးလည္း မဟုတ္ဘူး။ အဲဒါနဲ႔ တေရးႏိုးေတာ့ အေပါ့သြားခ်င္တာနဲ႔ ေရေလးဘာေလး ေသာက္ၿပီးေတာ့ ဖုန္းေလးဖြင့္ၿပီးေတာ့ ေရခ်ဳိးခန္းတံခါး ဖြင့္တုန္းပဲ ရွိေသးတယ္။ ဖုန္းထဲမွာ အဲသတင္းေတြ စတက္လာတယ္။ ကၽြန္ေတာ္လည္း ေတာ္ေတာ္ေလး ယူၾကံဳးမရ ျဖစ္မိပါတယ္” လို႔ စည္ၿဖိဳးက ရင္ခြဲ႐ံုကိုလာၾကည့္ရင္း မီဒီယာေတြကို ေျပာခဲ့တာပါ။

မင္းေသြး ႐ုတ္တရက္ဆံုးသြားတာနဲ႔ ပတ္သက္လို႔ ေမးျမန္းခ်ိန္မွာေတာ့ အားကစားအရမ္းလုပ္တဲ့သူေတြ ဒီလိုမ်ဳိးျဖစ္တတ္ေၾကာင္း စည္ၿဖိဳးက ေျဖၾကားခဲ့ပါတယ္။ အခုလို ဘာေရာဂါေဝဒနာမွ မခံစားလိုက္ရဘဲ ဘဝကူးသြားေတာ ေတာ္႐ံုကုသိုလ္ထူးမဟုတ္ပါဘူးလို႔လည္း သူက ဆုိပါတယ္။

“သူကေတာ့ ေအးေအးေဆးေဆး ျဖစ္သြားၿပီ။ ဒီအသက္ဒီအရြယ္နဲ႔ ဘာေရာဂါ ေဝဒနာမွ မခံစားလိုက္ရဘဲနဲ႔ တစ္ဖက္ကို ကူးသြားႏုိင္တယ္ဆုိတာက ဒါက ေတာ္႐ံုတန္႐ံုကုသိုလ္ထူးမဟုတ္ဘူးဗ်။ အသက္ ၅၀ ေက်ာ္ တရားေတြ သိေနၿပီးေတာ့ တရားဘာဝနာေတြ လုပ္ေနပါတယ္ဆုိတဲ့ လူေတြေတာင္မွ ေရာဂါအျပင္းအထန္ခံစားရၿပီးေတာ့ အကုသိုလ္စိတ္ေတြနဲ႔ အသက္ဆံုးၾကရတာမ်ဳိး အမ်ားႀကီးပဲ။ ဒါ သူ႔ရဲ႕စာရဏအား ဘယ္ေလာက္ရွိလဲ သူ အသက္ရွင္ေနတုန္းက ဘယ္ေလာက္ ေကာင္းတာေတြ လုပ္သြားလဲေပၚမွာ အမ်ားႀကီး မူတည္တယ္။ အရမ္းသက္သာတယ္။ သူ႔ကိုယ္သူေတာင္ သိပါ့မလား မသိဘူး” လို႔ စိတ္ေျဖသာမယ့္စကားေလးကို စည္ၿဖိဳးက ေျပာခဲ့ပါတယ္။ ညီအစ္ကိုလို ခင္မင္ရတဲ့ မင္းေသြးအတြက္ ကုသိုလ္ေကာင္းမႈေတြ လုပ္သြားဖို႔ရွိတယ္လို႔လည္း စည္ၿဖိဳးက ဆုိခဲ့ပါတယ္။

မင္းေသြးဟာ ေအာက္တုိဘာ(၃) ရက္ေန႕ ည(၁၁း၂၀)က ပါရမီေဆးရံုမွာ ကြယ္လြန္ခဲ့တာ ျဖစ္ပါတယ္။ ေဘာလံုးကန္ရင္း အေမာေဖာက္ရာက နွလံုးရပ္ၿပီး ကြယ္လြန္သြားခဲ့တာ ျဖစ္တယ္လို႕လည္း နီးစပ္ရာ အႏုပညာအသိုင္းအဝိုင္းကေန သိရပါတယ္။ မင္းေသြးရဲ႕ ႐ုပ္အေလာင္းကို ေအာက္တုိဘာလ ၇ ရက္ေန႔ တနဂၤေႏြေန႔က်ရင္ ေရေဝးသုႆန္မွာ သၿဂႋဳလ္မယ္လို႔ မင္းေသြးရဲ႕ဦးေလးေတာ္စပ္သူ ဦးျမင့္လြင္ရဲ႕ ေျပာစကားအရ သိရပါတယ္။

Source : Duwun

(Unicode Version)

မင်းသွေး သေဆုံး ချိန်မှာ ထူးဆန်းတဲ့ ဖြစ်ရပ် တစ်ခု ကြုံခဲ့ရတယ် ဆိုတဲ့ စည်ဖြိုး

အောက်တိုဘာလ ၃ ရက်နေ့ညမှာ သရုပ်ဆောင် မင်းသွေးတစ်ယောက် ရုတ်တရက်ဆုံးပါးသွားတဲ့သတင်းက တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့ရပါတယ်။ သရုပ်ဆောင် စည်ဖြိုးက ညီအစ်ကိုလို ခင်တဲ့ မင်းသွေးနဲ့ ပတ်သက်ပြီး တွေ့ကြုံခံစားရသမျှကို ပြောပြခဲ့ပါတယ်။

သရုပ်ဆောင် မင်းသွေးတစ်ယောက် ဆုံးပါးသွားတယ်ဆိုတဲ့ သတင်းကြားကြားချင်း နေအိမ်ကို သတင်းသွားမေး၊ ရင်ခွဲကိုလာကြည့်တဲ့ အနုပညာမောင်နှမတွေ များပြားလှပါတယ်။ မင်းသွေးရဲ့ရုပ်အလောင်း ထားရှိရာ သင်္ကန်းကျွန်း စံပြဆေးရုံရှိ ရင်ခွဲရုံကို အောက်တိုဘာလ ၄ ရက်နေ့မနက်မှာ လာရောက်ကြည့်ရှုတဲ့ စည်ဖြိုးက ညက ကြုံတွေ့ခဲ့ရတဲ့ ထူးဆန်းတဲ့ အတွေ့အကြုံတစ်ခုကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တောက် လက်ဝှေ့ Training တွေရော၊ Gym တွေရော ကစားနေတာဆိုတော့ ညဆို စောစာအိပ်တာ။ ည ၁၁ နာရီမှာ အိပ်ပျော်သွားတယ်။ ကျွန်တော်က အိပ်လို့ရှိရင် ဗိုက်လှန်နေတတ်တယ်။ ကျွန်တော့်ကို ကုတ်ပြီးတော့ လာနှိုးတယ်။ ကျွန်တော်က ထင်တာ ခွေးတတ်တတ်တယ်။ ခါတိုင်း အောက်က တံခါး မပိတ်မိဘူးဆိုရင် ကျွန်တော့်အိမ်မှာ ခွေးက အပေါ်အထိ တက်လာတတ်တယ်။ ခွေးတက်ပြီလားမသိဘူးဆိုပြီး ဝုန်းဆို ထလိုက်တာ။ ခွေးလည်း မဟုတ်ဘူး။ အဲဒါနဲ့ တရေးနိုးတော့ အပေါ့သွားချင်တာနဲ့ ရေလေးဘာလေး သောက်ပြီးတော့ ဖုန်းလေးဖွင့်ပြီးတော့ ရေချိုးခန်းတံခါး ဖွင့်တုန်းပဲ ရှိသေးတယ်။ ဖုန်းထဲမှာ အဲသတင်းတွေ စတက်လာတယ်။ ကျွန်တော်လည်း တော်တော်လေး ယူကြုံးမရ ဖြစ်မိပါတယ်” လို့ စည်ဖြိုးက ရင်ခွဲရုံကိုလာကြည့်ရင်း မီဒီယာတွေကို ပြောခဲ့တာပါ။

မင်းသွေး ရုတ်တရက်ဆုံးသွားတာနဲ့ ပတ်သက်လို့ မေးမြန်းချိန်မှာတော့ အားကစားအရမ်းလုပ်တဲ့သူတွေ ဒီလိုမျိုးဖြစ်တတ်ကြောင်း စည်ဖြိုးက ဖြေကြားခဲ့ပါတယ်။ အခုလို ဘာရောဂါဝေဒနာမှ မခံစားလိုက်ရဘဲ ဘဝကူးသွားတော တော်ရုံကုသိုလ်ထူးမဟုတ်ပါဘူးလို့လည်း သူက ဆိုပါတယ်။

“သူကတော့ အေးအေးဆေးဆေး ဖြစ်သွားပြီ။ ဒီအသက်ဒီအရွယ်နဲ့ ဘာရောဂါ ဝေဒနာမှ မခံစားလိုက်ရဘဲနဲ့ တစ်ဖက်ကို ကူးသွားနိုင်တယ်ဆိုတာက ဒါက တော်ရုံတန်ရုံကုသိုလ်ထူးမဟုတ်ဘူးဗျ။ အသက် ၅၀ ကျော် တရားတွေ သိနေပြီးတော့ တရားဘာဝနာတွေ လုပ်နေပါတယ်ဆိုတဲ့ လူတွေတောင်မှ ရောဂါအပြင်းအထန်ခံစားရပြီးတော့ အကုသိုလ်စိတ်တွေနဲ့ အသက်ဆုံးကြရတာမျိုး အများကြီးပဲ။ ဒါ သူ့ရဲ့စာရဏအား ဘယ်လောက်ရှိလဲ သူ အသက်ရှင်နေတုန်းက ဘယ်လောက် ကောင်းတာတွေ လုပ်သွားလဲပေါ်မှာ အများကြီး မူတည်တယ်။ အရမ်းသက်သာတယ်။ သူ့ကိုယ်သူတောင် သိပါ့မလား မသိဘူး” လို့ စိတ်ဖြေသာမယ့်စကားလေးကို စည်ဖြိုးက ပြောခဲ့ပါတယ်။ ညီအစ်ကိုလို ခင်မင်ရတဲ့ မင်းသွေးအတွက် ကုသိုလ်ကောင်းမှုတွေ လုပ်သွားဖို့ရှိတယ်လို့လည်း စည်ဖြိုးက ဆိုခဲ့ပါတယ်။

မင်းသွေးဟာ အောက်တိုဘာ(၃) ရက်နေ့ ည(၁၁း၂၀)က ပါရမီဆေးရုံမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ဘောလုံးကန်ရင်း အမောဖောက်ရာက နှလုံးရပ်ပြီး ကွယ်လွန်သွားခဲ့တာ ဖြစ်တယ်လို့လည်း နီးစပ်ရာ အနုပညာအသိုင်းအဝိုင်းကနေ သိရပါတယ်။ မင်းသွေးရဲ့ ရုပ်အလောင်းကို အောက်တိုဘာလ ၇ ရက်နေ့ တနင်္ဂနွေနေ့ကျရင် ရေဝေးသုဿန်မှာ သြင်္ဂိုလ်မယ်လို့ မင်းသွေးရဲ့ဦးလေးတော်စပ်သူ ဦးမြင့်လွင်ရဲ့ ပြောစကားအရ သိရပါတယ်။

Source : Duwun