ရန္ကုန္-မႏၲေလး အျမန္လမ္း၌ တရားမဝင္ က်ြန္းခြဲသားမ်ား တင္ေဆာင္ လာေသာ ISUZU ယာဥ္ ေနာက္ဘီး ေပါက္၍ တိမ္းေမွာက္

ရန္ကုန္ေျမာက္ပိုင္းခရိုင္ လွည္းကူးျမိဳ႕နယ္ ရန္ကုန္-မႏၲေလး အျမန္လမ္း၌ ေအာက္တိုဘာ ၃ ရက္ ညေန ၂ နာရီ ၅၀ မိနစ္က တရားမဝင္က်ြန္းခြဲသားမ်ား တင္ေဆာင္လာေသာ ISUZU ယာဥ္ ေနာက္ဘီးေပါက္၍ တိမ္းေမွာက္မႈျဖစ္ပြားခ့ဲေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ျမိဳ႕နယ္သစ္ေတာဦးစီးဌာနမွ ဦးစီးအရာရွိ ဦးစည္သူလင္းပါ သစ္ေတာဝန္ထမ္း(၇)ဦး၊ သဃၤန္းက်ြန္းသစ္ေတာ ဝန္ထမ္း(၅)ဦး၊ အင္းစိန္သစ္ေတာဝန္ထမ္း(၂)ဦး ပူးေပါင္းအဖြဲ႔သည္ လွည္းကူးျမိဳ႕နယ္ ရန္ကုန္-မႏၲေလးအျမန္လမ္းတေလ်ွာက္ မိုင္တိုင္(၀/၇)ရွိ Toll Gate ၊ မိုင္တိုင္ အမွတ္ (၁၂/၂)ႏွင့္ (၂၀/၂)မိုင္ တို႔ တြင္ အဖြဲ႔ငယ္မ်ားဖြဲ႔၍ တရားမဝင္သစ္ဖမ္းဆီးေရး ကင္းပုန္းဝပ္ေစာင့္ဆိုင္းေနစဥ္ မိုင္တိုင္(၂၀/၂)တြင္ ကင္းပုန္း ဝပ္ေစာင့္ေနေသာ အဖြဲ႔မွ သံသယျဖစ္ဖြယ္ 3M/———- ISUZU ခဲေရာင္ မွန္လုံယာဥ္သည္ ရန္ကုန္ဘက္သို႔ အရွိန္ျပင္း ျဖတ္သန္းေမာင္းႏွင္သြားေၾကာင္း Toll Gate ရွိ တာဝန္က် သစ္ေတာဝန္ထမ္းမ်ားႏွင့္ က်န္အဖြဲ႔မ်ား သည္ သတင္းေပးခ်က္အရ အဆိုပါယာဥ္အား တားဆီးစစ္ေဆးႏိုင္ေရး အသင့္ျပင္ေစာင့္ဆိုင္း ခ့ဲရာ

ညေန ၂ နာရီ ၅၀ မိနစ္တြင္ အဆိုပါယာဥ္သည္ အျမန္လမ္း မိုင္တိုင္ အမွတ္(၄/၂)ႏွင့္(၄/၃)မိုင္အၾကား ရန္ကုန္ဘက္ သြားသည့္လမ္းတြင္ ယာဥ္၏ေနာက္ဘယ္ဘက္ဘီးေပါက္၍ လမ္းေဘးတြင္ တိမ္းေမွာက္သြားေၾကာင္း သတင္း အရ အမွတ္(၃)လမ္းဆုံ အျမန္လမ္းရဲစခန္းမွ စခန္းမွဴ း ရဲအုပ္ေအာင္သန္းဦး ဦးေဆာင္သည့္ အျမန္လမ္းရဲတပ္ ဖြဲ႔ဝင္(၆)ဦးႏွင့္ သစ္ေတာဝန္းထမ္းမ်ား ပူးေပါင္း၍ အဆိုပါယာဥ္ တိမ္းေမွာက္ မႈအား သြားေရာက္စစ္ေဆးရာ ယာဥ္အတြင္းႏွင့္ အနီးပတ္ဝန္းက်င္တြင္ မည္သူတစ္ဦး တစ္ေယာက္မ်ွ ေတြ႔ရွိရျခင္းမရွိဘဲ ယာဥ္ေပၚတြင္ တရား မဝင္က်ြန္းခြဲသားမ်ား တင္ေဆာင္ထားသည္ကို ေတြ႔ရွိခ့ဲရသည္။

အဆိုပါတိမ္းေမွာက္ယာဥ္အား အျမန္လမ္းမီးသတ္တပ္ဖြဲ႔ ကရိန္း ယာဥ္ျဖင့္ ျပန္လည္တည့္မတ္ ကာ ယာဥ္ေပၚပါ က်ြန္းခြဲသားမ်ားအား တိုင္းတာစစ္ေဆးရာ တရားမဝင္က်ြန္းခြဲသား(၃၈)ေခ်ာင္း၊(၁ ဒသမ ၃၀၈၄) တန္အား သိမ္းဆည္းရမိခ့ဲျပီး က်ြန္းခြဲသားမ်ားအား ျမိဳ႕မပ်ိဳး ဥယ်ာဥ္သို႔ စနစ္တက် သယ္ယူသိမ္းဆီး၍ ဖမ္းဆီးရမိ ယာဥ္အား အမွတ္(၃)လမ္းဆုံ အျမန္လမ္းရဲစခန္းသို႔ လႊဲေျပာင္း အပ္ႏွံခ့ဲေၾကာင္း သိရသည္။

တရားမဝင္က်ြန္းခြဲသားမ်ား ဖမ္းဆီးရရွိမႈႏွင့္ပတ္သက္၍ယာဥ္ေမာင္း၊ ပစၥည္းပိုင္ရွင္ႏွင့္ ယာဥ္ပိုင္ရွင္တို႔အား သစ္ေတာဥပေဒပုဒ္မ-၄၃(က)ျဖင့္ အမွတ္(၃)လမ္းဆုံအျမန္လမ္းရဲစခန္းတြင္ အမႈဖြင့္ အေရးယူ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ႏိုင္လင္း(ျပန္/ဆက္)

Source : Myanmaalinn

(Unicode Version)

ရန်ကုန်-မန္တလေး အမြန်လမ်း၌ တရားမဝင် ကျွန်းခွဲသားများ တင်ဆောင် လာသော ISUZU ယာဉ် နောက်ဘီး ပေါက်၍ တိမ်းမှောက်

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်း၌ အောက်တိုဘာ ၃ ရက် ညနေ ၂ နာရီ ၅၀ မိနစ်က တရားမဝင်ကျွန်းခွဲသားများ တင်ဆောင်လာသော ISUZU ယာဉ် နောက်ဘီးပေါက်၍ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစည်သူလင်းပါ သစ်တောဝန်ထမ်း(၇)ဦး၊ သင်္ဃန်းကျွန်းသစ်တော ဝန်ထမ်း(၅)ဦး၊ အင်းစိန်သစ်တောဝန်ထမ်း(၂)ဦး ပူးပေါင်းအဖွဲ့သည် လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းတလျှောက် မိုင်တိုင်(ဝ/၇)ရှိ Toll Gate ၊ မိုင်တိုင် အမှတ် (၁၂/၂)နှင့် (၂၀/၂)မိုင် တို့ တွင် အဖွဲ့ငယ်များဖွဲ့၍ တရားမဝင်သစ်ဖမ်းဆီးရေး ကင်းပုန်းဝပ်စောင့်ဆိုင်းနေစဉ် မိုင်တိုင်(၂၀/၂)တွင် ကင်းပုန်း ဝပ်စောင့်နေသော အဖွဲ့မှ သံသယဖြစ်ဖွယ် 3M/———- ISUZU ခဲရောင် မှန်လုံယာဉ်သည် ရန်ကုန်ဘက်သို့ အရှိန်ပြင်း ဖြတ်သန်းမောင်းနှင်သွားကြောင်း Toll Gate ရှိ တာဝန်ကျ သစ်တောဝန်ထမ်းများနှင့် ကျန်အဖွဲ့များ သည် သတင်းပေးချက်အရ အဆိုပါယာဉ်အား တားဆီးစစ်ဆေးနိုင်ရေး အသင့်ပြင်စောင့်ဆိုင်း ခဲ့ရာ

ညနေ ၂ နာရီ ၅၀ မိနစ်တွင် အဆိုပါယာဉ်သည် အမြန်လမ်း မိုင်တိုင် အမှတ်(၄/၂)နှင့်(၄/၃)မိုင်အကြား ရန်ကုန်ဘက် သွားသည့်လမ်းတွင် ယာဉ်၏နောက်ဘယ်ဘက်ဘီးပေါက်၍ လမ်းဘေးတွင် တိမ်းမှောက်သွားကြောင်း သတင်း အရ အမှတ်(၃)လမ်းဆုံ အမြန်လမ်းရဲစခန်းမှ စခန်းမှူ း ရဲအုပ်အောင်သန်းဦး ဦးဆောင်သည့် အမြန်လမ်းရဲတပ် ဖွဲ့ဝင်(၆)ဦးနှင့် သစ်တောဝန်းထမ်းများ ပူးပေါင်း၍ အဆိုပါယာဉ် တိမ်းမှောက် မှုအား သွားရောက်စစ်ဆေးရာ ယာဉ်အတွင်းနှင့် အနီးပတ်ဝန်းကျင်တွင် မည်သူတစ်ဦး တစ်ယောက်မျှ တွေ့ရှိရခြင်းမရှိဘဲ ယာဉ်ပေါ်တွင် တရား မဝင်ကျွန်းခွဲသားများ တင်ဆောင်ထားသည်ကို တွေ့ရှိခဲ့ရသည်။

အဆိုပါတိမ်းမှောက်ယာဉ်အား အမြန်လမ်းမီးသတ်တပ်ဖွဲ့ ကရိန်း ယာဉ်ဖြင့် ပြန်လည်တည့်မတ် ကာ ယာဉ်ပေါ်ပါ ကျွန်းခွဲသားများအား တိုင်းတာစစ်ဆေးရာ တရားမဝင်ကျွန်းခွဲသား(၃၈)ချောင်း၊(၁ ဒသမ ၃၀၈၄) တန်အား သိမ်းဆည်းရမိခဲ့ပြီး ကျွန်းခွဲသားများအား မြို့မပျိုး ဥယျာဉ်သို့ စနစ်တကျ သယ်ယူသိမ်းဆီး၍ ဖမ်းဆီးရမိ ယာဉ်အား အမှတ်(၃)လမ်းဆုံ အမြန်လမ်းရဲစခန်းသို့ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သိရသည်။

တရားမဝင်ကျွန်းခွဲသားများ ဖမ်းဆီးရရှိမှုနှင့်ပတ်သက်၍ယာဉ်မောင်း၊ ပစ္စည်းပိုင်ရှင်နှင့် ယာဉ်ပိုင်ရှင်တို့အား သစ်တောဥပဒေပုဒ်မ-၄၃(က)ဖြင့် အမှတ်(၃)လမ်းဆုံအမြန်လမ်းရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်လင်း(ပြန်/ဆက်)

Source : Myanmaalinn

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္