မိုးရြာသြန္းမႈေၾကာင့္ ၿပိဳက်ပ်က္စီးခဲ့ရာမွ ေ႐ွးေဟာင္း ဘုရား ဆင္းတုေတာ္မ်ား ေတြ႕႐ွိ

မႏၱေလးတိုင္းေဒသႀကီး၊ ေတာင္သာၿမိဳ႕နယ္အတြင္း ကိုင္းေက်းရြာအုပ္စု၊ ေက်ာက္ေဆာက္ေက်းရြာရွိ ေရွးေဟာင္းေရႊဂူႀကီးဘုရားဝန္း အတြင္း တည္ထားကိုယ္းကြယ္ေသာ ဦးေရႊစင္ဘုရားမွာ ေအာက္တိုဘာလ (၄) ရက္၊ နံနက္(၁၀)နာရီခြဲက မိုးရြာသြန္းမႈေၾကာင့္ ၿပိဳက်ပ်က္စီးခဲ့ရာမွ ေရွးေဟာင္းေၾကးဘုရားဆင္းတုေတာ္(၂၆)ဆူ၊ ေက်ာက္ဆင္းတု(၅)ဆူ၊ ဓာတ္ေတာ္ေျမအိုးႏွင့္ ဓာတ္ေတာ္ပုလင္းမ်ား၊ ေၾကြစင္ခြက္အကြဲမ်ား၊ ေျမအိုးကြဲမ်ားႏွင့္ ေက်ာက္လင္ပန္း(၂)ခုတို႔ ေတြ႕ရွိခဲ့ပါသည္။

လက္ရွိေက်ာင္းထိုင္ ဆရာေတာ္ဦးစႏၵိမာႏွင့္ ေက်းရြာသားမ်ား၏ ေျပာၾကားခ်က္အရ ဦးေရႊစင္ဘုရားကို ဆရာေတာ္ဦးေရႊစင္ ကိုယ္တိုင္ ေစတီငယ္တစ္ဆူ တည္းထား ကိုးကြယ္၍ အဓိဌာန္ဝင္ၿပီး တရားအားထုတ္ခဲ့ရာ (၅) ရက္ေျမာက္ေန႔တြင္ ဆရာေတာ္ ပ်ံလြန္ေတာ္မူေနသည္ကို ေတြ႕ရွိရေၾကာင္း၊ အဓိဌာန္မဝင္မီ ဆရာေတာ္မွ ကပၸိယႀကီးအား အဓိဌာန္(၇)ရက္ မျပည့္မီေနရာမွ ေရြ႕ေျပာင္းျခင္းမျပဳရဟု မွာထား၍ ရုပ္ကလပ္ေတာ္အား အဓိဌာန္ ဝင္ေသာ ဦးေရႊစင္ေစတီေတာ္္ အတြင္း၌သာထားရန၊္(၇) ရက္ေျမာက္ေသာ ေန႔တြင္ ရုပ္ကလပ္ေတာ္ ေပ်ာက္ကြယ္ သြားေၾကာင္း ေျပာၾကားခဲ့ပါသည္။

ေက်ာက္ေဆာက္ ေရႊဂူႀကီး ဘုးရားသည္ ပုဂံေရႊဂူႀကီးဘုရာႏွင့္ ပံုစံတူျဖစ္ေၾကာင္း ယခုေတြ႕ရွိေသာ ဘုရားမ်ားကလည္း ပုဂံေခတ္က ေရွးဘုရားမ်ားျဖစ္နိုင္ေၾကာင္း ေျပာၾကားခဲ့သည္။ ေရွးေဟာင္းဘုရား ရုပ္ပြားေတာ္မ်ားကို ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဦးေဝလင္းထြန္း ဦးေဆာင္၍ ဌာနဆိုင္ရာမ်ား၊ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး၊ ေဂါပကအဖြဲ႕မ်ားႏွင့္အတူ ၾကည့္ရူစစ္ေဆးၿပီး သက္ဆိုင္ရာေရွးေဟာင္း သုေတသနဦးစီးဌာနသို႔ တင္ျပသြားမည္ျဖစ္သည္။

ယခုေစတီေတာ္ သန္႔ရွင္းေရးႏွင့္ ေတြ႕ရွိေသာ ေရွးေဟာင္းရုပ္ပြားေတာ္မ်ား ထပ္မံမပ်က္စီး၊ မေပ်ာက္ပ်က္ေစေရးကို ဆရာေတာ္ႏွင့္ ေက်းရြာလူႀကီးမ်ားက ဂရုတစိုက္ ထိန္းသိမ္းေစာင့္ေရွာက္ရန္ႏွင့္ ဆက္လက္လုပ္ေဆာင္ရမည့္ ကိစၥရပ္မ်ာကို ေဆြးေႏြးတိုင္ပင္ခဲ့ေၾကာင္း သိရသည္။

ေက်ာ္မ်ိဳးနိုင္(ေတာင္သာ)

Source : Myanmaalinn

(Unicode Version)

မိုးရွာသွန်းမှုကြောင့် ပြိုကျပျက်စီးခဲ့ရာမှ ရှေးဟောင်း ဘုရား ဆင်းတုတော်များ တွေ့ရှိ

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်အတွင်း ကိုင်းကျေးရွာအုပ်စု၊ ကျောက်ဆောက်ကျေးရွာရှိ ရှေးဟောင်းရွှေဂူကြီးဘုရားဝန်း အတွင်း တည်ထားကိုယ်းကွယ်သော ဦးရွှေစင်ဘုရားမှာ အောက်တိုဘာလ (၄) ရက်၊ နံနက်(၁၀)နာရီခွဲက မိုးရွာသွန်းမှုကြောင့် ပြိုကျပျက်စီးခဲ့ရာမှ ရှေးဟောင်းကြေးဘုရားဆင်းတုတော်(၂၆)ဆူ၊ ကျောက်ဆင်းတု(၅)ဆူ၊ ဓာတ်တော်မြေအိုးနှင့် ဓာတ်တော်ပုလင်းများ၊ ကြွေစင်ခွက်အကွဲများ၊ မြေအိုးကွဲများနှင့် ကျောက်လင်ပန်း(၂)ခုတို့ တွေ့ရှိခဲ့ပါသည်။

လက်ရှိကျောင်းထိုင် ဆရာတော်ဦးစန္ဒိမာနှင့် ကျေးရွာသားများ၏ ပြောကြားချက်အရ ဦးရွှေစင်ဘုရားကို ဆရာတော်ဦးရွှေစင် ကိုယ်တိုင် စေတီငယ်တစ်ဆူ တည်းထား ကိုးကွယ်၍ အဓိဌာန်ဝင်ပြီး တရားအားထုတ်ခဲ့ရာ (၅) ရက်မြောက်နေ့တွင် ဆရာတော် ပျံလွန်တော်မူနေသည်ကို တွေ့ရှိရကြောင်း၊ အဓိဌာန်မဝင်မီ ဆရာတော်မှ ကပ္ပိယကြီးအား အဓိဌာန်(၇)ရက် မပြည့်မီနေရာမှ ရွေ့ပြောင်းခြင်းမပြုရဟု မှာထား၍ ရုပ်ကလပ်တော်အား အဓိဌာန် ဝင်သော ဦးရွှေစင်စေတီတော် အတွင်း၌သာထားရန၊်(၇) ရက်မြောက်သော နေ့တွင် ရုပ်ကလပ်တော် ပျောက်ကွယ် သွားကြောင်း ပြောကြားခဲ့ပါသည်။

ကျောက်ဆောက် ရွှေဂူကြီး ဘုးရားသည် ပုဂံရွှေဂူကြီးဘုရာနှင့် ပုံစံတူဖြစ်ကြောင်း ယခုတွေ့ရှိသော ဘုရားများကလည်း ပုဂံခေတ်က ရှေးဘုရားများဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ ရှေးဟောင်းဘုရား ရုပ်ပွားတော်များကို မြို့နယ်အုပ်ချုပ်ရေးမှူးဦးဝေလင်းထွန်း ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဂေါပကအဖွဲ့များနှင့်အတူ ကြည့်ရူစစ်ဆေးပြီး သက်ဆိုင်ရာရှေးဟောင်း သုတေသနဦးစီးဌာနသို့ တင်ပြသွားမည်ဖြစ်သည်။

ယခုစေတီတော် သန့်ရှင်းရေးနှင့် တွေ့ရှိသော ရှေးဟောင်းရုပ်ပွားတော်များ ထပ်မံမပျက်စီး၊ မပျောက်ပျက်စေရေးကို ဆရာတော်နှင့် ကျေးရွာလူကြီးများက ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဆက်လက်လုပ်ဆောင်ရမည့် ကိစ္စရပ်မျာကို ဆွေးနွေးတိုင်ပင်ခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)

Source : Myanmaalinn