လူနာကို ေဆးကုေနတဲ့ ဆရာဝန္ကို လူတစ္ေယာက္က အေနာက္ကေန ဓားနဲ႔ ထိုးသတ္

အင္းစိန္က ေဆးခန္းတစ္ခုမွာ လူနာကိုေး ေဆးကုေနတဲ့ ဆရာဝန္ကို လူတေယာက္က အေနာက္ကေန ဓားနဲ႔ထိုးလို႔ ေအာက္တိုဘာ ၄ ရက္ ညေနပိုင္းက ေသဆုံးခဲ့ပါတယ္။

ေသဆုံးသြားတဲ့ ေဒါက္တာထြန္းလြင္ (အသက္ ၇၁ ႏွစ္) ဟာ ေဆးခန္းလာျပတဲ့ သံဃာတစ္ပါးကို ေဆးကုသေပးေနခ်ိန္မွာ ျပစ္မႈက်ဳးလြန္သူက အေနာက္ကေန ဆရာဝန္ရဲ႕လည္ပင္းကို ဓားနဲ႔ထိုးစိုက္သတ္ခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။

“အခင္းျဖစ္ခ်ိန္က ေဆးခန္းမွာ လူရွင္းေနတယ္၊ အကူသူနာျပဳကလည္း စမ္းသပ္ခန္းအတြင္း ရွိမေနတဲ့အခ်ိန္မွာ အဲဒီလူက ႐ုတ္တရက္ဝင္လာၿပီး ဓားနဲ႔ထိုးတာ၊ ၿပီးေတာ့ထြက္ေျပးသြားတာကို လူေတြေနာက္က ေျပးလိုက္ဖမ္းတာ မမိလိုက္ဘူး။ ေဆးခန္းလာျပတဲ့ ဘုန္းဘုန္းရဲ႕ကားနဲ႔ပဲ ေဆး႐ုံကို ေခၚသြားေပမယ့္ လမ္းမွာ ဆုံးသြားတာ” လို႔ ေဆးခန္း တည္ရွိတဲ့ အင္းစိန္ၿမိဳ႕နယ္၊ ပိႏၵဲကုန္းရပ္ကြက္မွာ ေနထိုင္တဲ့ ဦးေအာင္က ဘီဘီစီကို ေျပာပါတယ္။

က်ဳးလြန္သူဟာ အသက္ ၃၃ ႏွစ္အ႐ြယ္ ယာဥ္ေမာင္းလုပ္ကိုင္တဲ့ ဘိုဘို (ခ) လြင္ဘိုဘိုေက်ာ္ျမင့္ ဆိုသူျဖစ္ၿပီး ေထာင္ကလြတ္လာတာ ၄ ရက္ပဲ ရွိေသးတယ္လို႔ သူက ေျပာပါတယ္။

က်ဳးလြန္သူ ဘိုဘို (ခ) လြင္ဘိုဘိုေက်ာ္ျမင့္ကို အင္းစိန္၊ ႐ြာမရဲစခန္းမွာ ဖမ္းထားၿပီး ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၀၂ (ပ) ၂၀၄၄/ ၂၀၁၈ နဲ႔ အမႈဖြင့္ထားတယ္လို႔ အင္းစိန္ ၿမိဳ႕မရဲစခန္းရဲ႕ တာဝန္က် ရဲအရာရွိက ဘီဘီစီကို ေျပာပါတယ္။

” ျဖစ္ျဖစ္ခ်င္း သူကို သြားဖမ္းတာ မေတြ႕ရေတာ့ သူရဲ႕အေဖကို စခန္းေခၚလာၿပီး စစ္ေဆးတယ္။ အဲဒါကို သူ႔အစား အေဖကိုဖမ္းသြားတယ္ဆိုၿပီး ကိုယ္တိုင္စခန္းမွာ လာအဖမ္းခံတာ”လို႔ အဆိုပါရဲအရာရွိက ေျပာပါတယ္။

ေဒါက္တာထြန္းလြင္ဟာ အင္းစိန္ၿမိဳ႕နယ္၊ ပိႏၷဲကုန္းရပ္ကြက္၊ သရက္ၿခံ (၁) လမ္းမွာ လင္းေဆးခန္းကို ဖြင့္ထားတာ ႏွစ္ ၂၀ နီးပါရွိၿပီလို႔ သိရပါတယ္။ ျပစ္မႈက်ဴးလြန္သူဟာ ေဒါက္တာထြန္းလြင္ရဲ႕ ေဆးခန္းမွာ အရင္ကလည္း ျပသနာရွာခဲ့ဖူးၿပီး ႏွစ္ဦးအၾကား အမႈႏွစ္မႈ ျဖစ္ပြားခဲ့ဖူးတယ္လို႔ ဦးေအာင္က ေျပာပါတယ္။

ေဒါက္တာထြန္းလြင္ဟာ ၁၉၈၈ အေရးအခင္း ျဖစ္ခ်ိန္က အက်ဥ္းဦးစီးဌာနမွာ အက်ဥ္းေထာင္ ဆရာဝန္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ၿပီး ႏိုင္ငံေရးအက်ဥ္းသားေတြကို ကုသကူညီေပးေနသူ ျဖစ္တယ္လို႔ ႏိုင္ငံေရး အက်ဥ္းသားေတြက ေျပာပါတယ္။

ဒါ့အျပင္ ေဒါက္တာထြန္းလြင္ဟာ အင္းစိန္အက်ဥ္းေထာင္ေရွ႕မွာ လင္းလက္ဖက္ရည္ဆိုင္ကို ဖြင့္ထားၿပီး အဲဒီလက္ဖက္ရည္ဆိုင္က ႏိုင္ငံေရးအက်ဥ္းသားေတြရဲ႕ ဆုံရပ္လည္း ျဖစ္တယ္လို႔ သူတို႔ေတြက ေျပာပါတယ္။

Source : ဘီဘီစီျမန္မာပိုင္း

(Unicode Version)

လူနာကို ဆေးကုနေတဲ့ ဆရာဝန်ကို လူတစ်ယောက်က အနောက်ကနေ ဓားနဲ့ ထိုးသတ်

အင်းစိန်က ဆေးခန်းတစ်ခုမှာ လူနာကိုေး ဆေးကုနေတဲ့ ဆရာဝန်ကို လူတယောက်က အနောက်ကနေ ဓားနဲ့ထိုးလို့ အောက်တိုဘာ ၄ ရက် ညနေပိုင်းက သေဆုံးခဲ့ပါတယ်။

သေဆုံးသွားတဲ့ ဒေါက်တာထွန်းလွင် (အသက် ၇၁ နှစ်) ဟာ ဆေးခန်းလာပြတဲ့ သံဃာတစ်ပါးကို ဆေးကုသပေးနေချိန်မှာ ပြစ်မှုကျုးလွန်သူက အနောက်ကနေ ဆရာဝန်ရဲ့လည်ပင်းကို ဓားနဲ့ထိုးစိုက်သတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“အခင်းဖြစ်ချိန်က ဆေးခန်းမှာ လူရှင်းနေတယ်၊ အကူသူနာပြုကလည်း စမ်းသပ်ခန်းအတွင်း ရှိမနေတဲ့အချိန်မှာ အဲဒီလူက ရုတ်တရက်ဝင်လာပြီး ဓားနဲ့ထိုးတာ၊ ပြီးတော့ထွက်ပြေးသွားတာကို လူတွေနောက်က ပြေးလိုက်ဖမ်းတာ မမိလိုက်ဘူး။ ဆေးခန်းလာပြတဲ့ ဘုန်းဘုန်းရဲ့ကားနဲ့ပဲ ဆေးရုံကို ခေါ်သွားပေမယ့် လမ်းမှာ ဆုံးသွားတာ” လို့ ဆေးခန်း တည်ရှိတဲ့ အင်းစိန်မြို့နယ်၊ ပိန္ဒဲကုန်းရပ်ကွက်မှာ နေထိုင်တဲ့ ဦးအောင်က ဘီဘီစီကို ပြောပါတယ်။

ကျုးလွန်သူဟာ အသက် ၃၃ နှစ်အရွယ် ယာဉ်မောင်းလုပ်ကိုင်တဲ့ ဘိုဘို (ခ) လွင်ဘိုဘိုကျော်မြင့် ဆိုသူဖြစ်ပြီး ထောင်ကလွတ်လာတာ ၄ ရက်ပဲ ရှိသေးတယ်လို့ သူက ပြောပါတယ်။

ကျုးလွန်သူ ဘိုဘို (ခ) လွင်ဘိုဘိုကျော်မြင့်ကို အင်းစိန်၊ ရွာမရဲစခန်းမှာ ဖမ်းထားပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (ပ) ၂၀၄၄/ ၂၀၁၈ နဲ့ အမှုဖွင့်ထားတယ်လို့ အင်းစိန် မြို့မရဲစခန်းရဲ့ တာဝန်ကျ ရဲအရာရှိက ဘီဘီစီကို ပြောပါတယ်။

” ဖြစ်ဖြစ်ချင်း သူကို သွားဖမ်းတာ မတွေ့ရတော့ သူရဲ့အဖေကို စခန်းခေါ်လာပြီး စစ်ဆေးတယ်။ အဲဒါကို သူ့အစား အဖေကိုဖမ်းသွားတယ်ဆိုပြီး ကိုယ်တိုင်စခန်းမှာ လာအဖမ်းခံတာ”လို့ အဆိုပါရဲအရာရှိက ပြောပါတယ်။

ဒေါက်တာထွန်းလွင်ဟာ အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ သရက်ခြံ (၁) လမ်းမှာ လင်းဆေးခန်းကို ဖွင့်ထားတာ နှစ် ၂၀ နီးပါရှိပြီလို့ သိရပါတယ်။ ပြစ်မှုကျူးလွန်သူဟာ ဒေါက်တာထွန်းလွင်ရဲ့ ဆေးခန်းမှာ အရင်ကလည်း ပြသနာရှာခဲ့ဖူးပြီး နှစ်ဦးအကြား အမှုနှစ်မှု ဖြစ်ပွားခဲ့ဖူးတယ်လို့ ဦးအောင်က ပြောပါတယ်။

ဒေါက်တာထွန်းလွင်ဟာ ၁၉၈၈ အရေးအခင်း ဖြစ်ချိန်က အကျဉ်းဦးစီးဌာနမှာ အကျဉ်းထောင် ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ကုသကူညီပေးနေသူ ဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားတွေက ပြောပါတယ်။

ဒါ့အပြင် ဒေါက်တာထွန်းလွင်ဟာ အင်းစိန်အကျဉ်းထောင်ရှေ့မှာ လင်းလက်ဖက်ရည်ဆိုင်ကို ဖွင့်ထားပြီး အဲဒီလက်ဖက်ရည်ဆိုင်က နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဆုံရပ်လည်း ဖြစ်တယ်လို့ သူတို့တွေက ပြောပါတယ်။

Source : ဘီဘီစီမြန်မာပိုင်း

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္