ဝါယာ​ေ႐ွာ့ ျဖစ္​​ေနတဲ့ ဆားဗစ္​ႀကိဳးကို ျဖတ္​ၿပီး ျပန္​ဆက္​ရာက​ ဓာတ္​လုိက္​ကာ ​ေမာင္​ႏွမႏွစ္​ဦး​ ေသဆုံး

ဝါယာ​ေ႐ွာ့ျဖစ္​​ေနတဲ့ ဆားဗစ္​ၾကဳိးကုိျဖတ္​ၿပီး ျပန္​ဆက္​ရာက​ ဓာတ္​လုိက္​ကာ လူလတ္ပိုင္းအရြယ္ ​ေမာင္​ႏွမႏွစ္​ဦး​ေသဆုံးမႈတစ္​ခု စစ္ကိုင္းတုိင္​း၊​ ေခ်ာင္​းဦးျမဳိ႕မွာ မ​ေန႔ကျဖစ္​ပြားခဲ့တယ္​လုိ႔ ​ေခ်ာင္​းဦးျမဳိ့မရဲစခန္​းက​ေျပာပါတယ္​။

“မ​ေန႔ကျဖစ္​တာပါ။ သူတုိ႔အိမ္​သြယ္​တန္​းထားတဲ့ ဆားဗစ္​ၾကဳိးဝါယာ​ေ႐ွာ့ျဖစ္​တာ။ အဲဒါကုိ သက္​ဆုိင္​ရာအ​ေၾကာင္​းမၾကားပဲ ကုိယ္​့ဟာကုိလုပ္​ရင္​း ​ေသဆုံးတာ”လုိ႔ ​ေခ်ာင္​းဦးျမဳိ႕မရဲစခန္​းရဲ႕ တာဝန္​က်ရဲအရာ႐ွိတစ္​ဦးက​ေျပာပါတယ္​။

ျဖစ္​စဥ္​မွာ ​ေအာက္​တုိဘာ၄ရက္​​ေန႔ မြန္းလြဲ၂နာရီ​ေလာက္​က ​ေသဆုံးသူႏွစ္​ဦးရဲ႕​ေနအိမ္​မွာ ဆားဗစ္​ၾကဳိးဝါယာ​ေ႐ွာ့ျဖစ္​ခဲ့​ျပီး သက္​ဆုိင္​ရာ လ်ွပ္​စစ္​႐ုံးကုိ အ​ေၾကာင္​းမၾကားပဲ ျပန္​လည္​ျပဳျပင္​ခဲ့ၾကပါတယ္​။

အဲဒီလို ျပဳျပင္​​ေနစဥ္​မွာပဲဆားဗစ္ဒဏ္ခံသြပ္နန္းႀကိဳးကို ဝါယာႀကိဳးနဲ႔ ထိမိတာေၾကာင့္ ႏွစ္ဦးလုံး ဓာတ္လိုက္​ကာ အသက္ ၃၄ႏွစ္အရြယ္အစ္​ကုိျဖစ္​သူက ​ေနရာတြင္​ပြဲခ်င္​းၿပီးဓာတ္​လုိက္​​ေသဆုံးခဲ့ၿပီး အသက္၃၁ႏွစ္အရြယ္ ညီမျဖစ္​သူကုိ ​ေခ်ာင္​းဦးျမဳိ႕နယ္​​ေဆး႐ုံႀကီးပုိ႔​ေဆာင္​​ေပးခဲ့​ေသာ္​လည္​း ​ေဆး႐ုံမွာ​ေသဆုံးခဲ့တာျဖစ္ပါတယ္​။

အဲဒီ ေသဆုံးမႈကို (ပ)၂/၂၀၁၈၊ ေသမႈ​ေသခင္​းဥပ​ေဒပုဒ္​မနဲ႔ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း ​ေခ်ာင္​းဦးျမဳိ့မရဲစခန္​းက​ေျပာပါတယ္​။

သက္ႏိုင္ဦး

(Unicode Version)

ဝါယာရှော့ ဖြစ်နေတဲ့ ဆားဗစ်ကြိုးကို ဖြတ်ပြီး ပြန်ဆက်ရာက ဓာတ်လိုက်ကာ မောင်နှမနှစ်ဦး သေဆုံး

ဝါယာရှော့ဖြစ်နေတဲ့ ဆားဗစ်ကြိုးကိုဖြတ်ပြီး ပြန်ဆက်ရာက ဓာတ်လိုက်ကာ လူလတ်ပိုင်းအရွယ် မောင်နှမနှစ်ဦးသေဆုံးမှုတစ်ခု စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့မှာ မနေ့ကဖြစ်ပွားခဲ့တယ်လို့ ချောင်းဦးမြို့မရဲစခန်းကပြောပါတယ်။

“မနေ့ကဖြစ်တာပါ။ သူတို့အိမ်သွယ်တန်းထားတဲ့ ဆားဗစ်ကြိုးဝါယာရှော့ဖြစ်တာ။ အဲဒါကို သက်ဆိုင်ရာအကြောင်းမကြားပဲ ကိုယ့်ဟာကိုလုပ်ရင်း သေဆုံးတာ”လို့ ချောင်းဦးမြို့မရဲစခန်းရဲ့ တာဝန်ကျရဲအရာရှိတစ်ဦးကပြောပါတယ်။

ဖြစ်စဉ်မှာ အောက်တိုဘာ၄ရက်နေ့ မွန်းလွဲ၂နာရီလောက်က သေဆုံးသူနှစ်ဦးရဲ့နေအိမ်မှာ ဆားဗစ်ကြိုးဝါယာရှော့ဖြစ်ခဲ့ပြီး သက်ဆိုင်ရာ လျှပ်စစ်ရုံးကို အကြောင်းမကြားပဲ ပြန်လည်ပြုပြင်ခဲ့ကြပါတယ်။

အဲဒီလို ပြုပြင်နေစဉ်မှာပဲဆားဗစ်ဒဏ်ခံသွပ်နန်းကြိုးကို ဝါယာကြိုးနဲ့ ထိမိတာကြောင့် နှစ်ဦးလုံး ဓာတ်လိုက်ကာ အသက် ၃၄နှစ်အရွယ်အစ်ကိုဖြစ်သူက နေရာတွင်ပွဲချင်းပြီးဓာတ်လိုက်သေဆုံးခဲ့ပြီး အသက်၃၁နှစ်အရွယ် ညီမဖြစ်သူကို ချောင်းဦးမြို့နယ်ဆေးရုံကြီးပို့ဆောင်ပေးခဲ့သော်လည်း ဆေးရုံမှာသေဆုံးခဲ့တာဖြစ်ပါတယ်။

အဲဒီ သေဆုံးမှုကို (ပ)၂/၂၀၁၈၊ သေမှုသေခင်းဥပဒေပုဒ်မနဲ့ အမှုဖွင့်ဆောင်ရွက်ထားကြောင်း ချောင်းဦးမြို့မရဲစခန်းကပြောပါတယ်။

သက်နိုင်ဦး