ဒီလို နိမိတ္ျပ လကၡဏာ ေတြကို အားကစား သမားတိုင္း ေလ့က်င့္ခန္း လုပ္သူတိုင္း သိထားၾကပါ

ကိုယ္လက္လႈပ္ရွားရင္း ႐ုတ္တရက္ ႏွလံုးရပ္ ေသဆံုးျခင္းမျဖစ္မီ နိမိတ္ျပလကၡဏာမ်ား

သ႐ုပ္ေဆာင္ အဆိုေတာ္ မင္းေသြး ေဘာလံုးကစားေနရင္း ႐ုတ္တရက္ ေသဆံုးသြားတဲ့သတင္းကို ဖတ္ရင္း ကိုယ္လက္လႈပ္ရွား ေလ့က်င့္ခန္းေတြနဲ႔ ႏွလံုးရပ္ ေသဆံုးတာကိုု ဆင္ျခင္ေတြးေတာစရာ ျဖစ္လာပါၿပီ။

ေလ့က်င့္ခန္းလုပ္ရင္း လူေတြ ဘာေၾကာင့္ ကြယ္လြန္ၾကတာလဲ?

ေလ့က်င့္ခန္းလုပ္ၿပီး သိပ္ေမာၿပီး ေရငတ္ေနခ်ိန္မွာ ေရေတြ အမ်ားႀကီး ေသာက္ခ်လိုက္တာဟာ အလြန္အႏၲရာယ္မ်ားတဲ့ အေျခအေနပါ။ ခႏၶာကိုယ္က အပူေတြတက္ေနၿပီး သိပ္ေမာေနမယ္၊ ေရသိပ္ငတ္ေနခ်ိန္ ေရေတြ အလြန္အကြၽံ ေမာ့ခ်လိုက္ျခင္းျဖင့္ ခႏၶာကိုယ္ထဲက ဆားဓာတ္ျဖစ္တဲ့ ဆိုဒီယမ္ပမာဏ ႐ုတ္တရက္ ထိုးက်သြားၿပီး အသက္အႏၲရာယ္ ထိခိုက္သည္ထိ ေသဆံုးသည္အထိ ျဖစ္သြားႏိုင္ပါတယ္။ ႐ုတ္တရက္ ႏံုးေခြလာတာ သိပ္ေမာလာ၊ ႏွလံုးခုန္ျမန္တာေတြ ျဖစ္လာတာေလးေတြနဲ႔ အရင္ဆံုး နိမိတ္ျပေလ့ ရွိပါတယ္။

ေလ့က်င့္ခန္း လုုပ္ေနတုုန္း ႏွလံုးခုန္ မရပ္တန္႔ခင္ ႏွလံုးမထိခိုက္ခင္ ဘယ္လိုနိမိတ္ေတြ ျပတတ္ပါသလဲ?

ေခါင္းတရိပ္ရိပ္နဲ႔ မူးလာမယ္ – ေခါင္းမူးလာတာဟာ ႏွလံုးေသြးစီးဆင္းမႈ က်ဆင္းလာတဲ့ လကၡဏာ ျဖစ္ပါတယ္။ ေလ့က်င့္ခန္းလုပ္ရင္း ေခါင္းတရိပ္ရိပ္နဲ႔ မူးလာရင္ ခ်က္ခ်င္းရပ္တန္႔ အနားယူလိုက္ပါ။

ေခြၽးစီးေတြ ျပန္လာမယ္ – ဒီေနရာမွာ ေခြၽးစီးျပန္တာနဲ႔ ေလ့က်င့္ခန္းလုပ္လို႔ ေခြၽးထြက္တာနဲ႔ သိပ္ကြာပါတယ္။ ေခြၽးေစးေတြက လက္ေတြ၊ ေျခေထာက္ေတြမွာ ျဖစ္လာၿပီး ေျခဖ်ားလက္ဖ်ားေတြပါ ႐ုတ္တရက္ ေအးစက္လာပါတယ္။

ခႏၶာကိုယ္ရဲ႕ တစ္ေနရာရာမွာ ေနလို႔မေကာင္းျခင္း – ဥပမာ လည္ပင္း၊ ပုခံုး၊ ေမး႐ိုး ေနရာေတြမွာ ထံုလာ၊ က်ဥ္လာျခင္း တဆစ္ဆစ္ ကိုက္ခဲလာျခင္း ဗိုက္ထဲမွာ တစ္မ်ိဳးႀကီး ခံစားလာရျခင္း စတာေတြ ျဖစ္လာရင္ ေလ့က်င့္ခန္းကို ခ်က္ခ်င္း ရပ္တန္႔ပစ္လိုက္ပါ။

ရင္ဘတ္ထဲမွာ ေနမထိထိုင္မသာ ျဖစ္လာျခင္း ရင္ဘတ္စူးေအာင့္ျခင္း – ႏွလံုးေသြး မလံုေလာက္တဲ့အခါ ႏွလံုးႂကြက္သားေတြ ေညာင္းညာလာၿပီး ရင္ဘတ္ ေအာင့္လာပါတယ္။ ေအာင့္တာက ပခံုးနဲ႔ ေမး႐ိုးေတြပါ က်င္တက္လာတတ္သလို ရင္ထဲမွာ တစ္မ်ိဳးႀကီး ျဖစ္လာရင္လည္း ေလ့က်င့္ခန္းကို ခ်က္ခ်င္းရပ္တန္႔ၿပီး ေဆးခန္းျပသပါေတာ့။

႐ုတ္တရက္ ေမာလာတာဟာႏွလံုးေသြးငတ္တာရဲ႕ အဓိကလကၡဏာပါ။ ခါတိုင္းထက္ သိပ္ေမာေနၿပီ မူမမွန္ဘူးလို႔ ထင္ေနခဲ့ရင္ ခ်က္ခ်င္း ေဆးအကူအညီယူပါ။

ႏွလံုးခုန္ျမန္လာတာ ရင္ေတြ တလွပ္လွပ္ ျဖစ္လာတာေတြက ႏွလံုးခုန္ မမွန္ကန္တာ ေနာက္ဆက္တြဲျပႆနာ ဝင္မွာကို နိမိတ္ဖတ္ေနပါၿပီ။ ပံုမွန္ထက္ ျမန္ေနၿပီ ရင္ထဲမွာ သိပ္ကို တလွပ္လွပ္ ျဖစ္ေနၿပီဆိုရင္ ရပ္တန္႔ၿပီး ေဆးကုသမႈ ခ်က္ခ်င္းယူပါေတာ့။

Credit : Drmyanmar

(Unicode Version)

ဒီလို နိမိတ်ပြ လက္ခဏာ တွေကို အားကစား သမားတိုင်း လေ့ကျင့်ခန်း လုပ်သူတိုင်း သိထားကြပါ

ကိုယ်လက်လှုပ်ရှားရင်း ရုတ်တရက် နှလုံးရပ် သေဆုံးခြင်းမဖြစ်မီ နိမိတ်ပြလက္ခဏာများ

သရုပ်ဆောင် အဆိုတော် မင်းသွေး ဘောလုံးကစားနေရင်း ရုတ်တရက် သေဆုံးသွားတဲ့သတင်းကို ဖတ်ရင်း ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေနဲ့ နှလုံးရပ် သေဆုံးတာကို ဆင်ခြင်တွေးတောစရာ ဖြစ်လာပါပြီ။

လေ့ကျင့်ခန်းလုပ်ရင်း လူတွေ ဘာကြောင့် ကွယ်လွန်ကြတာလဲ?

လေ့ကျင့်ခန်းလုပ်ပြီး သိပ်မောပြီး ရေငတ်နေချိန်မှာ ရေတွေ အများကြီး သောက်ချလိုက်တာဟာ အလွန်အန္တရာယ်များတဲ့ အခြေအနေပါ။ ခန္ဓာကိုယ်က အပူတွေတက်နေပြီး သိပ်မောနေမယ်၊ ရေသိပ်ငတ်နေချိန် ရေတွေ အလွန်အကျွံ မော့ချလိုက်ခြင်းဖြင့် ခန္ဓာကိုယ်ထဲက ဆားဓာတ်ဖြစ်တဲ့ ဆိုဒီယမ်ပမာဏ ရုတ်တရက် ထိုးကျသွားပြီး အသက်အန္တရာယ် ထိခိုက်သည်ထိ သေဆုံးသည်အထိ ဖြစ်သွားနိုင်ပါတယ်။ ရုတ်တရက် နုံးခွေလာတာ သိပ်မောလာ၊ နှလုံးခုန်မြန်တာတွေ ဖြစ်လာတာလေးတွေနဲ့ အရင်ဆုံး နိမိတ်ပြလေ့ ရှိပါတယ်။

လေ့ကျင့်ခန်း လုပ်နေတုန်း နှလုံးခုန် မရပ်တန့်ခင် နှလုံးမထိခိုက်ခင် ဘယ်လိုနိမိတ်တွေ ပြတတ်ပါသလဲ?

ခေါင်းတရိပ်ရိပ်နဲ့ မူးလာမယ် – ခေါင်းမူးလာတာဟာ နှလုံးသွေးစီးဆင်းမှု ကျဆင်းလာတဲ့ လက္ခဏာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရင်း ခေါင်းတရိပ်ရိပ်နဲ့ မူးလာရင် ချက်ချင်းရပ်တန့် အနားယူလိုက်ပါ။

ချွေးစီးတွေ ပြန်လာမယ် – ဒီနေရာမှာ ချွေးစီးပြန်တာနဲ့ လေ့ကျင့်ခန်းလုပ်လို့ ချွေးထွက်တာနဲ့ သိပ်ကွာပါတယ်။ ချွေးစေးတွေက လက်တွေ၊ ခြေထောက်တွေမှာ ဖြစ်လာပြီး ခြေဖျားလက်ဖျားတွေပါ ရုတ်တရက် အေးစက်လာပါတယ်။

ခန္ဓာကိုယ်ရဲ့ တစ်နေရာရာမှာ နေလို့မကောင်းခြင်း – ဥပမာ လည်ပင်း၊ ပုခုံး၊ မေးရိုး နေရာတွေမှာ ထုံလာ၊ ကျဉ်လာခြင်း တဆစ်ဆစ် ကိုက်ခဲလာခြင်း ဗိုက်ထဲမှာ တစ်မျိုးကြီး ခံစားလာရခြင်း စတာတွေ ဖြစ်လာရင် လေ့ကျင့်ခန်းကို ချက်ချင်း ရပ်တန့်ပစ်လိုက်ပါ။

ရင်ဘတ်ထဲမှာ နေမထိထိုင်မသာ ဖြစ်လာခြင်း ရင်ဘတ်စူးအောင့်ခြင်း – နှလုံးသွေး မလုံလောက်တဲ့အခါ နှလုံးကြွက်သားတွေ ညောင်းညာလာပြီး ရင်ဘတ် အောင့်လာပါတယ်။ အောင့်တာက ပခုံးနဲ့ မေးရိုးတွေပါ ကျင်တက်လာတတ်သလို ရင်ထဲမှာ တစ်မျိုးကြီး ဖြစ်လာရင်လည်း လေ့ကျင့်ခန်းကို ချက်ချင်းရပ်တန့်ပြီး ဆေးခန်းပြသပါတော့။

ရုတ်တရက် မောလာတာဟာနှလုံးသွေးငတ်တာရဲ့ အဓိကလက္ခဏာပါ။ ခါတိုင်းထက် သိပ်မောနေပြီ မူမမှန်ဘူးလို့ ထင်နေခဲ့ရင် ချက်ချင်း ဆေးအကူအညီယူပါ။

နှလုံးခုန်မြန်လာတာ ရင်တွေ တလှပ်လှပ် ဖြစ်လာတာတွေက နှလုံးခုန် မမှန်ကန်တာ နောက်ဆက်တွဲပြဿနာ ဝင်မှာကို နိမိတ်ဖတ်နေပါပြီ။ ပုံမှန်ထက် မြန်နေပြီ ရင်ထဲမှာ သိပ်ကို တလှပ်လှပ် ဖြစ်နေပြီဆိုရင် ရပ်တန့်ပြီး ဆေးကုသမှု ချက်ချင်းယူပါတော့။

Credit : Drmyanmar