ေန႔စဥ္မိုးေလဝသ သတင္း (၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ ၉ ရက္ေန႔ နံနက္ ၇ နာရီအခ်ိန္ ထုတ္ျပန္ခ်က္)

ဘဂၤလားပင္လယ္ေအာ္အ‌ေျခအေန။ ယေန႔ျမန္မာစံေတာ္ခ်ိန္ (၀၆:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ဘဂၤလား ပင္လယ္ေအာ္ အေရွ႕အလယ္ပိုင္းတြင္ ျဖစ္ေပၚေနေသာ မုန္တိုင္းငယ္ (Depression)သည္ အေနာက္- အေနာက္ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားခဲ့ၿပီး၊ ပိုမိုအားေကာင္းလာကာ အားေကာင္းေသာ မုန္တိုင္းငယ္(Deep Depression)အျဖစ္သို႔ ေရာက္ရွိခဲ့ပါသည္။ အဆိုပါ အားေကာင္းေသာမုန္တိုင္းငယ္(Deep Depression) သည္ အိႏၵိယႏိုင္ငံ၊ ဂိုလ္ပါပူၿမိဳ႕(Gopalpur)၏ အေရွ႕ေတာင္ဘက္ မိုင္(၃၁၀)ခန္႔၊ ကလင္ဂါပတၱနမ္ၿမိဳ႕ (Kalingapatinam)၏ အေရွ႕ေတာင္ဘက္ မိုင္(၂၈၀)ခန္႔အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနပါသည္။ ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလား ပင္လယ္ေအာ္တို႔တြင္ တိမ္အသင့္အတင့္မွ တိမ္ထူထပ္ေနပါသည္။

ယေန႔ညေနအထိခန္႔မွန္းခ်က္။ ကယားျပည္နယ္ႏွင့္ ကရင္ျပည္နယ္ တို႔တြင္ ေနရာကြက္က်ား၊ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)ႏွင့္ မြန္ျပည္ နယ္တို႔တြင္ ေနရာက်ဲက်ဲ၊ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒ သႀကီးအထက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ကခ်င္ ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္ႏွင့္ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို႔တြင္ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြး တိုင္းေဒသႀကီးႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ ေနရာကြက္၍ မိုးႀကီးႏိုင္ ပါသည္။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

ျမန္မာ့ပင္လယ္ျပင္။ ျမစ္ဝကၽြန္းေပၚ၊ ရခိုင္ကမ္း႐ိုးတန္း တစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ ရံဖန္ရံခါ မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီး လႈိင္းႀကီးမည္။ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလၽွင္ မိုင္(၄၀)အထိ တိုက္ခတ္ႏိုင္ပါသည္။ က်န္ျမန္မာ့ပင္လယ္ျပင္တြင္ လႈိင္းအသင့္အတင့္မွ လႈိင္းႀကီးႏိုင္ပါသည္။ လႈိင္းအျမင့္မွာ ျမစ္ဝကၽြန္းေပၚ၊ ရခိုင္ကမ္း႐ိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္ တို႔တြင္ (၉)ေပမွ (၁၂)ေပခန္႔ႏွင့္ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္း႐ိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္ တို႔တြင္ (၆)ေပမွ (၉)ေပခန္႔ ရွိႏိုင္ပါသည္။

ေနာက္(၂)ရက္အတြက္ခန္႔မွန္းခ်က္။ စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ခ်င္းျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ မိုးပိုလာႏိုင္ပါသည္။

ေနျပည္ေတာ္ႏွင့္အနီးတစ္ဝိုက္အတြက္ယေန႔ညေနအထိခန္႔မွန္းခ်က္။ မိုးတစ္ႀကိမ္၊ ႏွစ္ႀကိမ္ထစ္ခ်ဳန္း႐ြာမည္။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

ရန္ကုန္ၿမိဳ႕ႏွင့္အနီးတစ္ဝိုက္အတြက္ယေန႔ညေနအထိခန္႔မွန္းခ်က္။ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာမည္။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

မႏၲေလးၿမိဳ႕ႏွင့္အနီးတစ္ဝိုက္အတြက္ယေန႔ညေနအထိခန္႔မွန္းခ်က္။ မိုးအသင့္အတင့္ ထစ္ခ်ဳန္း႐ြာမည္။ ႐ြာရန္ ရာႏႈန္းျပည့္ ျဖစ္ပါသည္။

မိုးေလဝသႏွင့္ဇလေဗဒညြန္ၾကားမႈဦးစီးဌာန

(Unicode Version)

နေ့စဉ်မိုးလေဝသ သတင်း (၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၇ နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည် အနောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression) သည် အိန္ဒိယနိုင်ငံ၊ ဂိုလ်ပါပူမြို့(Gopalpur)၏ အရှေ့တောင်ဘက် မိုင်(၃၁၀)ခန့်၊ ကလင်ဂါပတ္တနမ်မြို့ (Kalingapatinam)၏ အရှေ့တောင်ဘက် မိုင်(၂၈၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ ကယားပြည်နယ်နှင့် ကရင်ပြည်နယ် တို့တွင် နေရာကွက်ကျား၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)နှင့် မွန်ပြည် နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေ သကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင် ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၉)ပေမှ (၁၂)ပေခန့်နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၆)ပေမှ (၉)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးပိုလာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။

မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန