စကားမမ်ားရန္ ဆုံးမသူ ဓားခုတ္ခံရ

၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ ၇ ရက္ေန႔ ညေန ၄ နာရီ ၂၀ မိနစ္အခ်ိန္ မြန္ျပည္နယ္၊ က်ိဳက္မေရာၿမိဳ႕နယ္၊ ေကာ့သတ္ေက်းရြာေန မင္းခ်မ္းမြန္(၃၀)ႏွစ္သည္ က်ိဳက္မေရာၿမိဳ႕မရဲစခန္းသို႔ ေရာက္ရွိလာၿပီး ေအာက္တိုဘာလ ၃ ရက္ေန႔ ညေန ၆ နာရီ ၄၅ မိနစ္အခ်ိန္တြင္ ဖခင္ျဖစ္သူ ဦးႀကိဳင္(၅၆)ႏွစ္ ဓားခုတ္ခံရ၍ ေမာ္လၿမိဳင္ေဆး႐ုံႀကီးတြင္ ေရာက္ရွိေနေၾကာင္း အေၾကာင္းၾကား သျဖင့္

က်ိဳက္မေရာၿမိဳ႕မရဲစခန္းမွတပ္ဖြဲ႕ဝင္မ်ားက သက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆး ခဲ့သည္။ စစ္ေဆးခ်က္အရ ဦးႀကိဳင္သည္ ခ႐ုံအတြင္းလမ္းဆုံ၊ ခ႐ုံ- တရနာကားလမ္းေဘးရွိ လယ္တဲ၌ရွိေနစဥ္ တစ္ရြာတည္းေန အေငြ(၄၁)ႏွစ္ေရာက္ရွိလာၿပီး အေငြမွ စပါးမ်ိဳးသယ္ယူေနသည့္ ပိုင္ရွင္ ဦးသန္းႏွင့္ စကားမ်ားခဲ့ေၾကာင္း၊

ဦးသန္းအား သတ္ပစ္မည္ဟု ေျပာဆိုသျဖင့္ ဦးႀကိဳင္မွ ရန္မျဖစ္ရန္ ေျပာဆိုဆုံးမသည္ကို အေငြမွ စိတ္ဆိုးကာ အရိုးအသြား(၁၇)လက္မခန႔္ရွိ ဓားမျဖင့္ ခုတ္ခဲ့ေသာေၾကာင့္ ဒဏ္ရာမ်ားရရွိခဲ့ျခင္းျဖစ္ေၾကာင္းႏွင့္ အေရးယူေပးရန္တိုင္တန္းခ်က္အရ အေငြ အား က်ိဳက္မေရာၿမိဳ႕မရဲစခန္း(ပ)၂၇၇/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၂၆/၄၅၂ ျဖင့္ အမႈဖြင့္အေရးယူ ထားေၾကာင္း သတင္းရရွိသည္။

Source : ရဲဇာနည္

(Unicode Version)

စကားမများရန် ဆုံးမသူ ဓားခုတ်ခံရ

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့သတ်ကျေးရွာနေ မင်းချမ်းမွန်(၃၀)နှစ်သည် ကျိုက်မရောမြို့မရဲစခန်းသို့ ရောက်ရှိလာပြီး အောက်တိုဘာလ ၃ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန်တွင် ဖခင်ဖြစ်သူ ဦးကြိုင်(၅၆)နှစ် ဓားခုတ်ခံရ၍ မော်လမြိုင်ဆေးရုံကြီးတွင် ရောက်ရှိနေကြောင်း အကြောင်းကြား သဖြင့်

ကျိုက်မရောမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့သည်။ စစ်ဆေးချက်အရ ဦးကြိုင်သည် ခရုံအတွင်းလမ်းဆုံ၊ ခရုံ- တရနာကားလမ်းဘေးရှိ လယ်တဲ၌ရှိနေစဉ် တစ်ရွာတည်းနေ အငွေ(၄၁)နှစ်ရောက်ရှိလာပြီး အငွေမှ စပါးမျိုးသယ်ယူနေသည့် ပိုင်ရှင် ဦးသန်းနှင့် စကားများခဲ့ကြောင်း၊

ဦးသန်းအား သတ်ပစ်မည်ဟု ပြောဆိုသဖြင့် ဦးကြိုင်မှ ရန်မဖြစ်ရန် ပြောဆိုဆုံးမသည်ကို အငွေမှ စိတ်ဆိုးကာ အရိုးအသွား(၁၇)လက်မခန့်ရှိ ဓားမဖြင့် ခုတ်ခဲ့သောကြောင့် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် အရေးယူပေးရန်တိုင်တန်းချက်အရ အငွေ အား ကျိုက်မရောမြို့မရဲစခန်း(ပ)၂၇၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၄၅၂ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

Source : ရဲဇာနည်

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္