

၉-၁၀-၂၀၁၈ / ည(၉း၁၆)နာရီ။

(၉-၁၀-၂၀၁၈)ရက် နေ့(၁၂း၃၀)နာရီအချိန် တိုင်းတာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေခဲ့သော အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ လွန်ခဲ့တဲ့(၆)နာရီအတွင်းက အနောက် မြောက်ယွန်းယွန်းကို တစ်နာရီ (၉)မိုင်နှုန်းခန့်ဖြင့် ရွေ့လျှားလာခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း TITLI ဖြစ်လာခဲ့ပါတယ်။



ဒေါက်တာထွန်းလွင်

(Unicode Version)

ဘင်္ဂလားပင်လယ်အော်အတွင်းမှ မုန်တိုင်းငယ်ဟာ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်သွားခဲ့ပါပြီ

၉-၁၀-၂၀၁၈ / ည(၉း၁၆)နာရီ။

(၉-၁၀-၂၀၁၈)ရက် နေ့(၁၂း၃၀)နာရီအချိန် တိုင်းတာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေခဲ့သော အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ လွန်ခဲ့ဲ့တဲ့(၆)နာရီအတွင်းက အနောက် မြောက်ယွန်းယွန်းကို တစ်နာရီ (၉)မိုင်နှုန်းခန့်ဖြင့် ရွေ့လျှားလာခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း TITLI ဖြစ်လာခဲ့ပါတယ်။

အဆိုပါဆိုင်ကလုန်းမုန်တိုင်းဟာ အနောက်မြောက်ဖက်သို့ ဆက်လက် ရွေ့လျှားရင် နောက်(၂၄)နာရီအတွင်းတွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ရောက်ရှိလာနိုင်ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းဟာ မြောက်အနောက်ယွန်းယွန်းကို ဆက်လက် ရွေ့လျှားရင်း (၁၁-၁၀-၂၀၁၈)ရက် နေ့လည်ပိုင်းတွင် အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဖက် ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်သွားမယ်လို့ ခန့်မှန်းရပါတယ်။

ဒေါက်တာထွန်းလွင်

ကမ္ဘာပေါ်က အကြီးဆုံး ကြာပင်