အားအလြန္ေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း သတင္း (၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ ၁၁ ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္ ၆ နာရီအခ်ိန္ ထုတ္ျပန္ခ်က္)

အားအလြန္ေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္းသတင္း အမွတ္စဥ္(၁၄)၊၂၀၁၈

အားအလြန္ေကာင္းေသာဆိုင္ကလုန္းမုန္တိုင္းအေျခအေန

(က) ယေန႔ျမန္မာစံေတာ္ခ်ိန္(၀၅:၃၀)နာရီအခ်ိန္တိုင္းထြာခ်က္မ်ား အရ ဘဂၤလားပင္လယ္ေအာ္အေနာက္အလယ္ပိုင္းတြင္ ျဖစ္ေပၚေနေသာ အားအလြန္ေကာင္းေသာ ဆိုင္ကလုန္း မုန္တိုင္း “တစ္လီ” (TITLI) သည္ ေျမာက္-အေနာက္ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားခဲ့ၿပီး၊ အိႏၵိယႏိုင္ငံ၊ ဂိုလ္ပါပူၿမိဳ႕(Gopalpur)၏ ေတာင္-အေရွ႕ေတာင္ဘက္ (၆၅)မိုင္ခန္႔၊ ကလင္ဂါပတၱနမ္ၿမိဳ႕ (Kalingapatinam) ၏ အေရွ႕ေတာင္ဘက္ (၅၅)မိုင္ခန္႔အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနပါသည္။

(ခ) အားအလြန္ေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း၏ လက္ရွိအေျခအေနမွာ ျမန္မာႏိုင္ငံဘက္သို႔ ဦးတည္ေ႐ြ႕လ်ားမည့္ အေျခအေနမရွိသျဖင့္ အဝါေရာင္အဆင့္ဟု သတ္မွတ္ပါသည္။

အားအလြန္ေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း၏တည္ေနရာ၊ ဗဟိုခ်က္ေလဖိအားႏွင့္ ေလတိုက္ႏႈန္း

(က) အဆိုပါ အားအလြန္ေကာင္းေသာဆိုင္ကလုန္းမုန္တိုင္းသည္ ျမန္မာစံေတာ္ခ်ိန္ (၀၅:၃၀) နာရီအခ်ိန္တြင္ ေျမာက္လတၱီက်ဳ (၁၈.၂)ဒီဂရီႏွင့္ အေရွ႕ေလာင္ဂ်ီက်ဳ (၈၅.၁)ဒီဂရီတြင္ ရွိၿပီး၊ ဗဟိုခ်က္ေလဖိအား (၉၆၇)ဟက္တိုပါစကယ္ႏွင့္ အျမင့္ဆုံးေလတိုက္ႏႈန္းမွာ တစ္နာရီလၽွင္ မိုင္(၁၀၀)ႏႈန္း ျဖစ္ပါသည္။

ေနာက္(၁၂)နာရီအတြင္းခန္႔မွန္းခ်က္

(က) အဆိုပါ အားအလြန္ေကာင္းေသာဆိုင္ကလုန္းမုန္တိုင္းသည္ ေျမာက္-အေနာက္ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားႏိုင္ၿပီး၊ ေနာက္(၁၂)နာရီအတြင္း အိႏၵိယႏိုင္ငံ၊ ဂိုလ္ပါပူၿမိဳ႕(Gopalpur) ႏွင့္ ကလင္ဂါပတၱနမ္ၿမိဳ႕ (Kalingapatinam) ၾကားမွ ျဖတ္ေက်ာ္ဝင္ေရာက္ၿပီးေနာက္ ကုန္းတြင္းမုန္တိုင္းအျဖစ္ ဆက္လက္တည္ရွိၿပီး၊ အေရွ႕ေျမာက္ဘက္သို႔ ဆက္လက္ ေ႐ြ႕လ်ားမည္ဟု ခန္႔မွန္းရပါသည္။

သတိေပးႏႈိးေဆာ္ခ်က္

(က) အဆိုပါ အားအလြန္ေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း၏အရွိန္ေၾကာင့္ ေနာက္(၄၈) နာရီအတြင္း ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြး တိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္ တို႔တြင္ ေနရာစိပ္စိပ္မွ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ ေဒသအလိုက္ႏွင့္ ေနရာကြက္၍ မိုးႀကီးႏိုင္ပါသည္။

(ခ) ျမစ္ဝကၽြန္းေပၚ၊ ရခိုင္ကမ္း႐ိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ ရံဖန္ရံခါ မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီး၊ လႈိင္းႀကီးမည္။ မိုးသက္ေလျပင္း က်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလၽွင္ မိုင္(၄၀)အထိ တိုက္ခတ္ႏိုင္ပါသည္။ က်န္ျမန္မာ့ပင္လယ္ျပင္တြင္ လႈိင္းအသင့္အတင့္မွ လႈိင္းႀကီးႏိုင္ပါသည္။ လႈိင္း အျမင့္မွာ ျမစ္ဝကၽြန္းေပၚ၊ ရခိုင္ကမ္း႐ိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ ျပင္တို႔တြင္(၉)ေပမွ (၁၂)ေပခန္႔ႏွင့္ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္း႐ိုးတန္းတစ္ေလၽွာက္ ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၆)ေပမွ (၉)ေပခန္႔ ရွိႏိုင္ပါသည္။

အႀကံျပဳခ်က္

ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔ရွိ ကမ္းနီး၊ ကမ္းေဝး ငါးဖမ္းေရယာဥ္မ်ား၊ သေဘၤာမ်ားအေနျဖင့္ ႀကိဳတင္သတိျပဳႏိုင္ပါရန္ အႀကံျပဳအပ္ ပါသည္။

မိုးေလဝသႏွင့္ဇလေဗဒညြန္ၾကားမႈဦးစီးဌာန

(Unicode Version)

အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း သတင်း (၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် ၆ နာရီအချိန် ထုတ်ပြန်ချက်)

အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၄)၊၂၀၁၈

အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းအခြေအနေ

(က) ယနေ့မြန်မာစံတော်ချိန်(၀၅:၃၀)နာရီအချိန်တိုင်းထွာချက်များ အရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်း “တစ်လီ” (TITLI) သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ဂိုလ်ပါပူမြို့(Gopalpur)၏ တောင်-အရှေ့တောင်ဘက် (၆၅)မိုင်ခန့်၊ ကလင်ဂါပတ္တနမ်မြို့ (Kalingapatinam) ၏ အရှေ့တောင်ဘက် (၅၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(ခ) အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

(က) အဆိုပါ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာစံတော်ချိန် (၀၅:၃၀) နာရီအချိန်တွင် မြောက်လတ္တီကျု (၁၈.၂)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၅.၁)ဒီဂရီတွင် ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၆၇)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၁၀၀)နှုန်း ဖြစ်ပါသည်။

နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်

(က) အဆိုပါ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းသည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက်(၁၂)နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဂိုလ်ပါပူမြို့(Gopalpur) နှင့် ကလင်ဂါပတ္တနမ်မြို့ (Kalingapatinam) ကြားမှ ဖြတ်ကျော်ဝင်ရောက်ပြီးနောက် ကုန်းတွင်းမုန်တိုင်းအဖြစ် ဆက်လက်တည်ရှိပြီး၊ အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်

(က) အဆိုပါ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့် နောက်(၄၈) နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

(ခ) မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး၊ လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ လှိုင်း အမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင်(၉)ပေမှ (၁၂)ပေခန့်နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၉)ပေခန့် ရှိနိုင်ပါသည်။

အကြံပြုချက်

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ် ပါသည်။

မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္