ေနအိမ္ အတြင္းသို႔ ဝင္ေရာက္၍ ေငြက်ပ္ ၈၄ သိန္း ခိုးယူမႈ ျဖစ္ပြား

ရွမ္းျပည္နယ္ (ေတာင္ပိုင္း) လင္းေခးခရိုင္ မိုင္းပန္ၿမိဳ႕နယ္ ဆားဝါးေက်းရြာအုပ္စု ဆုပ္ေဟြေက်းရြာ အတြင္းတြင္ ေအာက္တို ဘာ ၁ဝ ရက္ ေန႔လည္ ၁၁နာရီခန္႔ကေနအိမ္ အတြင္းသို႕ဝင္ေရာက္၍ ေငြက်ပ္ (၈၄) သိန္းခိုးယူမႈ ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။

ဆုပ္ေဟြေက်းရြာေန အိမ္ရွင္ဦးစိုးဝင္းသည္ ရြာတြင္ မီးမလာ၍ မိုင္းပန္ၿမိဳ႕၊ လွ်ပ္စစ္ဌာနရံုးအဖြဲ႕တို႕ႏွင့္ အတူဝိုင္းဝန္းကူညီ လုပ္ကိုင္ေနခိုက္ ေနအိမ္၌ဇနီးျဖစ္သူ ေဒၚနန္းေဖာင္ခမ္း တစ္ဦးတည္းရွိေနစဥ္ မသြန္းေရႊစင္ဘိ (၂၃ႏွစ္) မွ ၎၏ လက္ကိုင္ဖုန္းအား အားသြင္းပါရေစဟုဆိုကာ အိမ္တြင္းသို႕ ဝင္ေရာက္ခဲ့ေၾကာင္း၊ ထို႕ေနာက္ ဖုန္းအားသြင္းၿပီး ျပန္ထြက္သြားၿပီးေနာက္ အိမ္ရွင္၏ ေနအိမ္ေသတၱာ အတြင္းေသာ့ခတ္ သိမ္းဆည္းထားေသာေငြက်ပ္ (၈၄) သိန္းေပ်ာက္ဆံုးသြားခဲ့ေၾကာင္း၊

ထို႔ေနာက္ အိမ္ရွင္ ဦးစိုးဝင္းအားသြားေရာက္ေျပာၾကားၿပီးအဆိုပါအမ်ိဳးသမီးအား မသကၤာ၍ ၎ေနာက္သို႔လိုက္ခံရွာေဖြခဲ့ရာလင္းေခးၿမိဳ႕မွ ေတာင္ႀကီးၿမိဳ႕အထြက္ ေတာင္တက္လမ္းတစ္ေနရာတြင္ ေပ်ာက္ဆံုးသြားေသာ ေငြက်ပ္ (၈၄) သိန္းႏွင့္ ေသတၱာေသာ့အား ၎ဝတ္ဆင္ထားေသာ အားကစား အက်ီၤလက္ရွည္၏ ဘယ္ညာအိတ္ကပ္မ်ား အတြင္းတြင္ ေတြ႕ရွိရသျဖင့္ဥပေဒအရ အေရးယူေပးႏိုင္ပါရန္ အိမ္ရွင္ဦးစိုးဝင္းမွ တရားလို ျပဳလုပ္၍ မိုင္းပန္ၿမိဳ႕မရဲစခန္း၌အး အမွဳဖြင့္တိုင္တန္းခဲ့ေၾကာင္း သတင္းရရွိသည္။

ဆန္းျမင့္ (မိုင္းပန္)

(Unicode Version)

နေအိမ် အတွင်းသို့ ဝင်ရောက်၍ ငွေကျပ် ၈၄ သိန်း ခိုးယူမှု ဖြစ်ပွား

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုင်းပန်မြို့နယ် ဆားဝါးကျေးရွာအုပ်စု ဆုပ်ဟွေကျေးရွာ အတွင်းတွင် အောက်တို ဘာ ၁ဝ ရက် နေ့လည် ၁၁နာရီခန့်ကနေအိမ် အတွင်းသို့ဝင်ရောက်၍ ငွေကျပ် (၈၄) သိန်းခိုးယူမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဆုပ်ဟွေကျေးရွာနေ အိမ်ရှင်ဦးစိုးဝင်းသည် ရွာတွင် မီးမလာ၍ မိုင်းပန်မြို့၊ လျှပ်စစ်ဌာနရုံးအဖွဲ့တို့နှင့် အတူဝိုင်းဝန်းကူညီ လုပ်ကိုင်နေခိုက် နေအိမ်၌ဇနီးဖြစ်သူ ဒေါ်နန်းဖောင်ခမ်း တစ်ဦးတည်းရှိနေစဉ် မသွန်းရွှေစင်ဘိ (၂၃နှစ်) မှ ၎င်း၏ လက်ကိုင်ဖုန်းအား အားသွင်းပါရစေဟုဆိုကာ အိမ်တွင်းသို့ ဝင်ရောက်ခဲ့ကြောင်း၊ ထို့နောက် ဖုန်းအားသွင်းပြီး ပြန်ထွက်သွားပြီးနောက် အိမ်ရှင်၏ နေအိမ်သေတ္တာ အတွင်းသော့ခတ် သိမ်းဆည်းထားသောငွေကျပ် (၈၄) သိန်းပျောက်ဆုံးသွားခဲ့ကြောင်း၊

ထို့နောက် အိမ်ရှင် ဦးစိုးဝင်းအားသွားရောက်ပြောကြားပြီးအဆိုပါအမျိုးသမီးအား မသင်္ကာ၍ ၎င်းနောက်သို့လိုက်ခံရှာဖွေခဲ့ရာလင်းခေးမြို့မှ တောင်ကြီးမြို့အထွက် တောင်တက်လမ်းတစ်နေရာတွင် ပျောက်ဆုံးသွားသော ငွေကျပ် (၈၄) သိန်းနှင့် သေတ္တာသော့အား ၎င်းဝတ်ဆင်ထားသော အားကစား အကျီၤလက်ရှည်၏ ဘယ်ညာအိတ်ကပ်များ အတွင်းတွင် တွေ့ရှိရသဖြင့်ဥပဒေအရ အရေးယူပေးနိုင်ပါရန် အိမ်ရှင်ဦးစိုးဝင်းမှ တရားလို ပြုလုပ်၍ မိုင်းပန်မြို့မရဲစခန်း၌အး အမှုဖွင့်တိုင်တန်းခဲ့ကြောင်း သတင်းရရှိသည်။

ဆန်းမြင့် (မိုင်းပန်)