မွန္လံုယာဥ္တစ္စီး လမ္းေဘး႐ွိ သစ္ပင္အားဝင္တိုက္ ခရီးသည္မ်ားဒဏ္ရာရရွိ

မံုရြာၿမိဳ႕မွ မႏၱေလးၿမိဳ႕သို႔ ေမာင္းႏွင္လာေသာ ခရီးသည္တင္ မွန္လံုယာဥ္တစ္စီးသည္ အရွိန္မထိန္းနိုင္ဘဲ လမ္းေဘးရွိ သစ္ပင္အား ၀င္တိုက္ကာ ခရီးသည္မ်ားဒဏ္ယာရရွိမႈ စစ္ကိုင္းခရုိင္ ျမင္းမူၿမိဳ႕တြင္ ေအာက္တိုဘာ ၁၀ ရက္ ၉ နာရီခြဲ အခ်ိန္ျဖစ္ပြား ခဲ႔ေၾကာင္း သိရွိရသည္။

ျဖစ္စဥ္မွာ မံုရြာမွ မႏၱေလးၿမိဳ႕သို႔ ယာဥ္ေမာင္း စိုင္ေ၀လင္း ဒဂံုဧရာအေ၀းေျပးကားကြင္းေနထိုင္သူ ေမာင္းႏွင္လာေသာ ေရႊစင္စႀကၤာ ခရီးသည္တင္ မွန္လံုယာဥ္သည္ အရွိန္မထိန္းနိုင္ဘဲ ျမင္းမူၿမိဳ႕အ၀င္ ၿမိဳ႕ေရွာင္လမ္း မိုင္တိုင္အမွတ္ (၄၆/၅) ညာဘက္ရွိ ဆူးျဖဴပင္အား ၀င္ေရာက္ခိုက္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

ျဖစ္စဥ္ေၾကာင့္ ယာဥ္ေပၚပါ ယာဥ္ေမာင္း(၂)ဦး ၊ ယာဥ္ေနာက္လိုက္ ႏွစ္ဦးႏွင့္ ခရီးသည္(၃၇)ဦး ဒဏ္ရာအသီးသီး ရရွိကာျမင္းမူၿမိဳ႕ ျပည္သူ႔ေဆးရံုသို႕ ပို႔ေဆာင္ကာ ေဆးကုသလွ်က္ရွိၿပီး ယာဥ္ေမာင္း စိုင္းေ၀လင္းမွာ ၀ဲဘက္ေျခသလံုးက်ိဳး ႏႈတ္ခမ္းေပါက္ၿပဲ ဒဏ္ရာျဖင့္ မႏၱေလးသို႔ ပို႔ေဆာင္ေပးခဲ႔ေၾကာင္း သိရွိရသည္။

ယာဥ္တိုက္မႈႏွင့္ပတ္သက္၍ ေရႊစင္စႀကၤာ ေမာ္ေတာ္ယာဥ္ ယူဒုန္အမ်ိဳးအစား ယာဥ္အမွတ္7K /—–ယာဥ္ေမာင္း စိုင္းေ၀လင္း အား ျမင္းမူရဲစခန္းမွ ဒုရဲအုပ္ ေဇာ္ေဇာ္ေအာင္က တရားလိုျပဳလုပ္ၿပီး ယာဥ္(ပ)၄၉/၂၀၁၈ပုဒ္မ၂၇၉/၃၃၇/၃၃၈ တို႕ျဖင့္ အမႈဖြင့္အေရးယူ ေဆာင္ရြက္လွ်က္ရွိေၾကာင္း သိရွိရသည္။

ေအာင္စိုးေဖ(ျမင္းမူ)

Source : Myanmaalinn

(Unicode Version)

မှန်လုံယာဉ်တစ်စီး လမ်းဘေးရှိ သစ်ပင်အားဝင်တိုက် ခရီးသည်များဒဏ်ရာရရှိ

မုံရွာမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော ခရီးသည်တင် မှန်လုံယာဉ်တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ သစ်ပင်အား ဝင်တိုက်ကာ ခရီးသည်များဒဏ်ယာရရှိမှု စစ်ကိုင်းခရိုင် မြင်းမူမြို့တွင် အောက်တိုဘာ ၁၀ ရက် ၉ နာရီခွဲ အချိန်ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မုံရွာမှ မန္တလေးမြို့သို့ ယာဉ်မောင်း စိုင်ဝေလင်း ဒဂုံဧရာအဝေးပြေးကားကွင်းနေထိုင်သူ မောင်းနှင်လာသော ရွှေစင်စြင်္ကာ ခရီးသည်တင် မှန်လုံယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ မြင်းမူမြို့အဝင် မြို့ရှောင်လမ်း မိုင်တိုင်အမှတ် (၄၆/၅) ညာဘက်ရှိ ဆူးဖြူပင်အား ဝင်ရောက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်း(၂)ဦး ၊ ယာဉ်နောက်လိုက် နှစ်ဦးနှင့် ခရီးသည်(၃၇)ဦး ဒဏ်ရာအသီးသီး ရရှိကာမြင်းမူမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသလျှက်ရှိပြီး ယာဉ်မောင်း စိုင်းဝေလင်းမှာ ဝဲဘက်ခြေသလုံးကျိုး နှုတ်ခမ်းပေါက်ပြဲ ဒဏ်ရာဖြင့် မန္တလေးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ယာဉ်တိုက်မှုနှင့်ပတ်သက်၍ ရွှေစင်စြင်္ကာ မော်တော်ယာဉ် ယူဒုန်အမျိုးအစား ယာဉ်အမှတ်7K /—–ယာဉ်မောင်း စိုင်းဝေလင်း အား မြင်းမူရဲစခန်းမှ ဒုရဲအုပ် ဇော်ဇော်အောင်က တရားလိုပြုလုပ်ပြီး ယာဉ်(ပ)၄၉/၂၀၁၈ပုဒ်မ၂၇၉/၃၃၇/၃၃၈ တို့ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)

Source : Myanmaalinn

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္