ေက်ာင္းသြားရင္း ေပ်ာက္ေနေသာ ၆ တန္း ေက်ာင္းသား ႏွစ္ဦး သုံးရက္ၾကာသည္ထိ မိသားစုမွ ႐ွာမေတြ႕ေသး

မုံ႐ြာ၊ေအာက္တိုဘာ-၁၀

မုံ႐ြာၿမိဳ႕ အထက ၃ သို႔ ေက်ာင္းတက္သည့္ ေျခာက္တန္းေက်ာင္းသား ႏွစ္ဦး ေက်ာင္းသြားရင္း ေနအိမ္သို႔ ျပန္မေရာက္သည္မွာ သုံးရက္ၾကာေနၿပီျဖစ္သည္ဟု မိသားစုထံမွ စုံစမ္းသိရွိရသည္။ ေအာက္တိုဘာ ၇ ရက္နံနက္ခင္းကတည္းက ေက်ာင္းသြားရန္အိမ္မွထြက္သြားရာ ေအာက္တိုဘာ ၁၀ရက္ ညေနအထိ အိမ္ျပန္မေရာက္ျခင္းျဖစ္သည္။

ညီအစ္ကို သုံးဦးႏွင့္ အျခားေက်ာင္းသားတစ္ဦး စုစုေပါင္း ေက်ာင္းသားေလးဦး ေက်ာင္းတူတူသြားရာ ေက်ာင္းေနာက္က်သျဖင့္ ေက်ာင္းဝင္းအတြင္း မဝင္ဘဲ ေက်ာင္းကားေပၚတြင္အိပ္ေနရာမွ ညီအစ္ကို သုံးဦးထဲမွ တစ္ဦးႏွင့္ က်န္တစ္ဦး ေပ်ာက္ဆုံးသြားျခင္းျဖစ္သည္ဟု သိရသည္။

“ေန႔ေက်ာင္းမွ တက္မယ္ဆိုၿပီး ေက်ာင္းကားေပၚမွာ အိပ္ေနၾကတာ။ႏိုးလာေတာ့ သူတို႔ႏွစ္ေယာက္က မရွိေတာ့ဘူး။ဘုရားထဲမ်ား သြားသလားဆိုၿပီး ရွာၾကည့္ေသးတယ္။မေတြ႕တာနဲ႔ အ္မ္ျပန္သြားတာျဖစ္မယ္ဆိုၿပီး ကြၽန္ေတာ္တို႔လည္း ျပန္လာလိုက္တာ”ဟု ေပ်ာက္ဆုံးသြားသည့္ ကေလးႏွင့္အတူတူ ေက်ာင္းသြားခဲ့သည့္ ေမာင္ဘုန္းသစ္ေနက ေျပာသည္။

ေပ်ာက္ဆုံးသြားသည့္ ကေလးႏွစ္ဦးမွာ ၿမိဳ႕သစ္ရပ္ကြက္မွ ျဖစ္ၿပီး အဆိုပါေန႔က ေက်ာင္းသို႔ မေရာက္ခဲ့ေၾကာင္း အထက ၃ မွ စုံစမ္းသိရွိရသည္။

“ေလာေလာဆယ္ေတာ့ လူေပ်ာက္နဲ႔ အမႈဖြင့္ၿပီး စုံစမ္းေနပါတယ္။ေပ်ာက္သြားတဲ့ ကေလးႏွစ္ေယာက္က အတန္းတူတယ္ အခန္းေတာ့ မတူဘူး”ဟု ယင္းအမႈကို စစ္ေဆးေနသည့္ မုံ႐ြာၿမိဳမ ရဲစခန္းမွ ဒုရဲအုပ္ ေနေဇာ္က ေျပာသည္။

အိအိမြန္

Source : Monywa Gazette

(Unicode Version)

ကျောင်းသွားရင်း ပျောက်နေသော ၆ တန်း ကျောင်းသား နှစ်ဦး သုံးရက်ကြာသည်ထိ မိသားစုမှ ရှာမတွေ့သေး

မုံရွာ၊အောက်တိုဘာ-၁၀

မုံရွာမြို့ အထက ၃ သို့ ကျောင်းတက်သည့် ခြောက်တန်းကျောင်းသား နှစ်ဦး ကျောင်းသွားရင်း နေအိမ်သို့ ပြန်မရောက်သည်မှာ သုံးရက်ကြာနေပြီဖြစ်သည်ဟု မိသားစုထံမှ စုံစမ်းသိရှိရသည်။ အောက်တိုဘာ ၇ ရက်နံနက်ခင်းကတည်းက ကျောင်းသွားရန်အိမ်မှထွက်သွားရာ အောက်တိုဘာ ၁၀ရက် ညနေအထိ အိမ်ပြန်မရောက်ခြင်းဖြစ်သည်။

ညီအစ်ကို သုံးဦးနှင့် အခြားကျောင်းသားတစ်ဦး စုစုပေါင်း ကျောင်းသားလေးဦး ကျောင်းတူတူသွားရာ ကျောင်းနောက်ကျသဖြင့် ကျောင်းဝင်းအတွင်း မဝင်ဘဲ ကျောင်းကားပေါ်တွင်အိပ်နေရာမှ ညီအစ်ကို သုံးဦးထဲမှ တစ်ဦးနှင့် ကျန်တစ်ဦး ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။

“နေ့ကျောင်းမှ တက်မယ်ဆိုပြီး ကျောင်းကားပေါ်မှာ အိပ်နေကြတာ။နိုးလာတော့ သူတို့နှစ်ယောက်က မရှိတော့ဘူး။ဘုရားထဲများ သွားသလားဆိုပြီး ရှာကြည့်သေးတယ်။မတွေ့တာနဲ့ အ်မ်ပြန်သွားတာဖြစ်မယ်ဆိုပြီး ကျွန်တော်တို့လည်း ပြန်လာလိုက်တာ”ဟု ပျောက်ဆုံးသွားသည့် ကလေးနှင့်အတူတူ ကျောင်းသွားခဲ့သည့် မောင်ဘုန်းသစ်နေက ပြောသည်။

ပျောက်ဆုံးသွားသည့် ကလေးနှစ်ဦးမှာ မြို့သစ်ရပ်ကွက်မှ ဖြစ်ပြီး အဆိုပါနေ့က ကျောင်းသို့ မရောက်ခဲ့ကြောင်း အထက ၃ မှ စုံစမ်းသိရှိရသည်။

“လောလောဆယ်တော့ လူပျောက်နဲ့ အမှုဖွင့်ပြီး စုံစမ်းနေပါတယ်။ပျောက်သွားတဲ့ ကလေးနှစ်ယောက်က အတန်းတူတယ် အခန်းတော့ မတူဘူး”ဟု ယင်းအမှုကို စစ်ဆေးနေသည့် မုံရွာမြိုမ ရဲစခန်းမှ ဒုရဲအုပ် နေဇော်က ပြောသည်။

အိအိမွန်

Source : Monywa Gazette