ျမတ္စြာဘုရား ေဟာၾကားေတာ္မူခဲ့ေသာ ေသာဏနႏၵဇာတ္လာ မိဘဂုဏ္ (၁၂) ပါး

ျမတ္စြာဘုရား ေဟာၾကားေတာ္မူခဲ့ေသာ ေသာဏနႏၵဇာတ္လာ မိဘဂုဏ္ (၁၂) ပါး

၁။ မိဘ ဆိုတာ ကိုးကြယ္ရာ ျဗဟၼာျဖစ္ေတာ့သည္။

၂။ သြန္သင္ျပသ ဆိုဆံုးမ မိဘ ဆရာ ျဖစ္ေတာ့သည္။

၃။ အလွဴခံ ပုဂၢိဳလ္ မိဘဆို လွဴကို လွဴရမည္။

၄။ အိမ္ေစာင့္ အိမ္ဦး နတ္ျမတ္ထူး အထူးပူေဇာ္မည္။

၅။ ျခင္ဆီရိုးထဲ လြန္စြာကဲ ခ်စ္လည္းခ်စ္ၾကသည္။

၆။ ေမြးဖြားပို႔ေဆာင္ ဤလူ႔ေဘာင္ ဂုဏ္ေရာင္လင္းေစသည္။

၇။ ႏို႔ခ်ိဳ တိုက္ေကၽြး ေမြးျမဴေပး အေလးထားရမည္။

၈။ ယုယ ၾကင္နာ ပိုးပမာ ေမြးရွာခဲ့ၾကသည္။

၉။ ပူပန္ၾကီးစြာ ေစာင့္ေရွာက္ကာ ကာကြယ္ေပးၾကသည္။

၁၀။ ေလာကအေၾကာင္း လူ႔အေၾကာင္း ေကာင္းေကာင္းညႊန္ျပသည္။

၁၁။ ယုယပိုက္ေထြး ေခ်ာ့ျမွဴေပး ေႏြးေထြး ၾကင္နာသည္။

၁၂။ ရတဲ့ ဥစၥာ သားသမီးဖို႔ပါ ေဖြရွာ ထိန္းသိမ္းသည္။

မိဘတို႔သည္ သားသမီးအေပၚတြင္ မည္မွ်ေကာင္းေၾကာင္းကို ထင္ရွားေစေသာ စာသားမ်ားျဖစ္သည္။ အခ်ိဳ႔ေသာ သားသမီးတို႔သည္ မိဘကို ပစ္ပယ္၍ဘိုးဘြားရိပ္သာ သို႔ပို႔ထားၾကသည္။ အခ်ိဳ ႔ေသာ သားသမီးမ်ားကမိဘတို႔ကို ေစာ္ကားၾကသည္၊ ထိုသို႔သာ သားသမီးမ်ားကမိဘကိုေစာ္ကားေနလွ်င္ ငရဲေရာက္မည္မွာ ဧကန္ျဖစ္သည္။ထိုသို႔ မျဖစ္ရေလေအာင္ လူတိုင္း သိရွိျပီးလိုက္နာႏိုင္ရန္ ေရးသားလိုက္ရပါသည္။ အထက္ပါ စာသားမ်ား၏ အက်ယ္ရွင္းလင္းခ်က္မွာ

၁။ သားသမီးအေပၚတြင္ ထာဝစဥ္ေမတၱာ ထားေသာေၾကာင့္ ျဗဟၼာ ျဖစ္ပါသည္။

၂။ ငယ္စဥ္ကတည္းက ဒီလိုစား၊ဒီလိုသြား၊ဒီလိုေနဟူ၍ သင္ၾကား ျပသေပးေသာေၾကာင့္ လက္ဦးဆရာ ျဖစ္သည္။

၃။ မိဘသည္ ရပ္ေဝးတြင္ စီးပြားရွာ၍ သားသမီးကိုေကၽြးေမြးသည္။ သားသမီးကလည္း ထိုသို႔ ျပန္လည္ လုပ္ေကၽြးထိုက္ေသာ အာဟုေနယ် ပုဂၢိဳလ္ ျဖစ္သည္။

၄။ သားသမီး ရွာေဖြသည္ကို မေပ်ာက္ပ်က္ေအာင္တိုးတက္ေအာင္ ေစာင့္ေရွာက္ေပးေသာ ပုဗၸေဒဝတာ ျဖစ္ သည္။

၅။ သားသမီးမေမြးခင္ ကတည္းကၾကိဳတင္ခ်စ္ခင္လြန္းေသာေၾကာင့္ သုဟဒ ဟုမည္သည္။

၆။ လူျဖစ္ေအာင္ ေမြးဖြားေပးခဲ့ေသာမိခင္၏ ဂုဏ္ကို ဇေနတၳိဟု ေခၚသည္။

၇။ ႏို႔ခ်ိဳတိုက္ေကၽြးခဲ့ေသာ မိခင္၏ ဂုဏ္ကို ေပါသက ဟုေခၚသည္။

၈။ ယုယၾကင္နာစြာ ေမြးဖြားေပးခဲ့ေသာမိခင္၏ဂုဏ္ကို ေပါေသႏၱဟုေခၚသည္။

၉။ အျမဲတစဥ္ ေစာင့္ေရွာက္ေနတတ္ေသာေၾကာင့္ အာပါဒကဟုမည္သည္။

၁၀။ လူအေၾကာင္း၊ ေလာကအေၾကာင္းကို မိဘမ်ား သိသမွ် သားသမီးမ်ား သိရေအာင္ ေျပာျပေသာေၾကာင့္ ဒေႆတာရဟုေခၚသည္။

၁၁။ သားသမီးမ်ားကို ေခ်ာ့ေျပာ၊နားဝင္ေအာင္ေျပာေသာေၾကာင့္ ေတာသယႏၱိ ဂုဏ္မည္သည္။

၁၂။ ကိုယ္သံုးဖို႔ ရွာထားေသာ ပစၥည္းကိုကိုယ္ ကိုယ္တိုင္မသံုးရက္ ၊ မစားရက္ေအာင္ သားသမီး အတြက္ ခ်န္ထားေသာေၾကာင့္ ရေသာ ဂုဏ္ကို ေဂါပယႏၱိ ဟုေခၚသည္။

Credit : Young Buddhist Association

(Unicode Version)

မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သောဏနန္ဒဇာတ်လာ မိဘဂုဏ် (၁၂) ပါး

၁။ မိဘ ဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။

၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘ ဆရာ ဖြစ်တော့သည်။

၃။ အလှူခံ ပုဂ္ဂိုလ် မိဘဆို လှူကို လှူရမည်။

၄။ အိမ်စောင့် အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။

၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။

၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်။

၇။ နို့ချို တိုက်ကျွေး မွေးမြူပေး အလေးထားရမည်။

၈။ ယုယ ကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်။

၉။ ပူပန်ကြီးစွာ စောင့်ရှောက်ကာ ကာကွယ်ပေးကြသည်။

၁၀။ လောကအကြောင်း လူ့အကြောင်း ကောင်းကောင်းညွှန်ပြသည်။

၁၁။ ယုယပိုက်ထွေး ချော့မြှူပေး နွေးထွေး ကြင်နာသည်။

၁၂။ ရတဲ့ ဥစ္စာ သားသမီးဖို့ပါ ဖွေရှာ ထိန်းသိမ်းသည်။

မိဘတို့သည် သားသမီးအပေါ်တွင် မည်မျှကောင်းကြောင်းကို ထင်ရှားစေသော စာသားများဖြစ်သည်။ အချို့သော သားသမီးတို့သည် မိဘကို ပစ်ပယ်၍ဘိုးဘွားရိပ်သာ သို့ပို့ထားကြသည်။ အချို့သော သားသမီးများကမိဘတို့ကို စော်ကားကြသည်၊ ထိုသို့သာ သားသမီးများကမိဘကိုစော်ကားနေလျှင် ငရဲရောက်မည်မှာ ဧကန်ဖြစ်သည်။ထိုသို့ မဖြစ်ရလေအောင် လူတိုင်း သိရှိပြီးလိုက်နာနိုင်ရန် ရေးသားလိုက်ရပါသည်။ အထက်ပါ စာသားများ၏ အကျယ်ရှင်းလင်းချက်မှာ

၁။ သားသမီးအပေါ်တွင် ထာဝစဉ်မေတ္တာ ထားသောကြောင့် ဗြဟ္မာ ဖြစ်ပါသည်။

၂။ ငယ်စဉ်ကတည်းက ဒီလိုစား၊ဒီလိုသွား၊ဒီလိုနေဟူ၍ သင်ကြား ပြသပေးသောကြောင့် လက်ဦးဆရာ ဖြစ်သည်။

၃။ မိဘသည် ရပ်ဝေးတွင် စီးပွားရှာ၍ သားသမီးကိုကျွေးမွေးသည်။ သားသမီးကလည်း ထိုသို့ ပြန်လည် လုပ်ကျွေးထိုက်သော အာဟုနေယျ ပုဂ္ဂိုလ် ဖြစ်သည်။

၄။ သားသမီး ရှာဖွေသည်ကို မပျောက်ပျက်အောင်တိုးတက်အောင် စောင့်ရှောက်ပေးသော ပုဗ္ပဒေဝတာ ဖြစ် သည်။

၅။ သားသမီးမမွေးခင် ကတည်းကကြိုတင်ချစ်ခင်လွန်းသောကြောင့် သုဟဒ ဟုမည်သည်။

၆။ လူဖြစ်အောင် မွေးဖွားပေးခဲ့သောမိခင်၏ ဂုဏ်ကို ဇနေတ္ထိဟု ခေါ်သည်။

၇။ နို့ချိုတိုက်ကျွေးခဲ့သော မိခင်၏ ဂုဏ်ကို ပေါသက ဟုခေါ်သည်။

၈။ ယုယကြင်နာစွာ မွေးဖွားပေးခဲ့သောမိခင်၏ဂုဏ်ကို ပေါသေန္တဟုခေါ်သည်။

၉။ အမြဲတစဉ် စောင့်ရှောက်နေတတ်သောကြောင့် အာပါဒကဟုမည်သည်။

၁၀။ လူအကြောင်း၊ လောကအကြောင်းကို မိဘများ သိသမျှ သားသမီးများ သိရအောင် ပြောပြသောကြောင့် ဒဿေတာရဟုခေါ်သည်။

၁၁။ သားသမီးများကို ချော့ပြော၊နားဝင်အောင်ပြောသောကြောင့် တောသယန္တိ ဂုဏ်မည်သည်။

၁၂။ ကိုယ်သုံးဖို့ ရှာထားသော ပစ္စည်းကိုကိုယ် ကိုယ်တိုင်မသုံးရက် ၊ မစားရက်အောင် သားသမီး အတွက် ချန်ထားသောကြောင့် ရသော ဂုဏ်ကို ဂေါပယန္တိ ဟုခေါ်သည်။

Credit : Young Buddhist Association