အရက္မူးေနသူမွ ဓားျဖင့္ထိုး၍ ဆယ္တန္း ေက်ာင္းသားတစ္ဦး ဒဏ္ရာရ

၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ ၉ ရက္ေန႔ ည ၉ နာရီ ၁၀ မိနစ္အခ်ိန္ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕၊ လမ္းမေတာ္ေတာင္ရပ္ကြက္ေန ဦးသန္ဝင္း(၅၃)ႏွစ္သည္ ေနအိမ္၌ ရွိေနစဥ္ သားျဖစ္သူ ျမတ္စိုး (၁၆)ႏွစ္ (၁၀တန္းေက်ာင္းသား) မွာ က်ဴရွင္သြားတက္ေနစဥ္ ဓားထိုးခံရေၾကာင္း သိရွိရ၍ သြားေရာက္ ၾကည့္ရႈေမးျမန္းခဲ့ရာ

မင္းဘာႀကီးလမ္းအနီးတြင္ တရားသီစုရပ္ကြက္ေန ဦးေမာင္သန္း(ခ)ဦးေပၚ (၅၀)ႏွစ္မွ အရက္ေသစာေသာက္စားမူးယစ္ကာ သားျဖစ္သူ ျမတ္စိုး အား အနီးကပ္ ဓားျဖင့္ထိုးခဲ့ သျဖင့္ ထိုးသြင္းဒဏ္ရာ(၁)ခ်က္ရရွိေၾကာင္း သိရွိရေသာေၾကာင့္ အေရးယူေပးရန္တိုင္တန္းခ်က္ အရ စစ္ေတြနယ္ေျမရဲစခန္း (ပ)၉၅/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၂၆ ျဖင့္ အေရးယူထားေၾကာင္း သတင္းရရွိသည္။

Source : ရဲဇာနည္

(Unicode Version)

အရက်မူးနေသူမှ ဓားဖြင့်ထိုး၍ ဆယ်တန်း ကျောင်းသားတစ်ဦး ဒဏ်ရာရ

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ ည ၉ နာရီ ၁၀ မိနစ်အချိန် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ လမ်းမတော်တောင်ရပ်ကွက်နေ ဦးသန်ဝင်း(၅၃)နှစ်သည် နေအိမ်၌ ရှိနေစဉ် သားဖြစ်သူ မြတ်စိုး (၁၆)နှစ် (၁၀တန်းကျောင်းသား) မှာ ကျူရှင်သွားတက်နေစဉ် ဓားထိုးခံရကြောင်း သိရှိရ၍ သွားရောက် ကြည့်ရှုမေးမြန်းခဲ့ရာ

မင်းဘာကြီးလမ်းအနီးတွင် တရားသီစုရပ်ကွက်နေ ဦးမောင်သန်း(ခ)ဦးပေါ် (၅၀)နှစ်မှ အရက်သေစာသောက်စားမူးယစ်ကာ သားဖြစ်သူ မြတ်စိုး အား အနီးကပ် ဓားဖြင့်ထိုးခဲ့ သဖြင့် ထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိကြောင်း သိရှိရသောကြောင့် အရေးယူပေးရန်တိုင်တန်းချက် အရ စစ်တွေနယ်မြေရဲစခန်း (ပ)၉၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

Source : ရဲဇာနည်