စိတ္ထား ယုတ္ညံ့တဲ့ မိန္းမေတြမွာ ေတြ႕ရတတ္တဲ့ လကၡဏာ (၅) ခု

ေလာကမွာ လူေကာင္းနဲ႔ လူဆိုးဆိုတာ အျမဲတမ္း ဒြန္တြဲေနတတ္ပါတယ္။ လူေကာင္းတိုင္းမွာ တူညီတဲ့ စရိုက္လကၡဏာေလးေတြရွိသလို လူယုတ္မာေတြမွာလည္း တူညီတဲ့အက်င့္လကၡဏာေတြ ရွိေနတတ္ပါတယ္။ ခုေဖာ္ျပေပးမွာကေတာ့ မိန္းမယုတ္ေတြရဲ႕ လကၡဏာ ေတြျဖစ္ျပီး သင္လည္း ဒီလိုမ်ိဳးထဲမပါမိေအာင္ အထူးဆင္ျခင္ေနထိုင္ပါေနာ္။

(၁) ကိုယ့္ဘဝကိုရွက္တယ္

လူတုိငး္ဟာ ကံမတူတာေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္ေမြးဖြားလာပံုခ်င္း၊ ၾကီးျပင္းလာပံုခ်င္းမတူညီပါဘူး။ တစ္ခ်ိိဳ႕က ခ်မး္သာစြာေမြးဖြားလာရတယ္၊ တစ္ခ်ိဳ႕က ဆင္းရဲစြာေမြးဖြားလာၾကတယ္။ မိန္းမယုတ္ေတြဟာ ဆင္းရဲခ်ိဳ႕တဲ့စြာ ေမြးဖြားလာရတဲ့အခါမွာ ကိုယ့္ဘဝကိုရွက္တယ္၊ ကိုယ့္မိဘကို ထုတ္ေျပာရမွာရွက္တယ္၊ မိသားစုကို လူေရွ႕ထုတ္ျပရမွာ ရွက္ၾကပါတယ္။ ကိုယ့္မိသားစုကို လူေရွ႕ထုတ္ျပရမွာရွက္တာေလာက္ ယုတ္ညံ့တဲ့စိတ္ထားမရွိေတာ့ပါဘူး။ ဒါေၾကာင့္ဒီလိုမျဖစ္ေအာင္ ဆင္ျခင္ေနထိုင္ပါ။

(၂) မာန္တက္တယ္

ယုတ္ညံ့တဲ့မိန္းမေတြဟာ ခ်မ္းသာရင္ပဲျဖစ္ျဖစ္၊ သံုးႏုိင္ျဖဳန္းႏိုင္ျဖစ္ေနရင္ကို အလိုလိုေနရင္းမာန္တက္ျပီး သူတစ္ပါးကို ႏွိမ္တတ္ၾကပါတယ္။ ကိုယ့္ထက္နိမ့္က်တဲ့သူ၊ အားငယ္တဲ့သူေတြကို ခြဲျခားဆက္ဆံျပီး အာဏာျပလာတတ္ၾကပါတယ္။ မ်ားေသာအားျဖင့္ ေငြစကားပဲေျပာတတ္ၾကျပီး ယဥ္ေက်းသမႈလံုးဝမရွိၾကပါဘူး။ စကားအေျပာအဆို၊ အမူအယာေတြကအစ သူတစ္ပါးကို အထက္စီးဆန္ျပီး မာန္မာနေထာင္လႊားေနတတ္တဲ့သူေတြပါ။ ဒါဟာ ယုတ္ညံ့တဲ့စိတ္ထားျဖစ္တာေၾကာင့္ ဒီလိုမျဖစ္ေအာင္ အထူးဆင္ျခင္ေနထိုင္ရပါမယ္။

(၃) ကိုယ္က်င့္တရားေဖာက္ဖ်က္တယ္

မိန္းမယုတ္ေတြရဲ႕ ထင္ရွားတဲ့လကၡဏာတစ္ခုကေတာ့ ကိုယ္က်င့္တရားေဖာက္ဖ်က္တာပါပဲ။ အိမ္ေထာင္သည္ကုိ ျမွဴဆြယ္ျဖားေယာင္းတာ၊ သူတစ္ပါးမိသားစု အသိုက္အျမံဳကို ဖ်က္ဆီးတာ၊ ေဖာက္ျပန္တာ၊ သူတစ္ပါးထမင္းအိုးကိုခြဲတာ၊ အပ်ိဳျဖစ္ျပီး အိေျႏၵသိကၡာမဲ့ ပရမ္းပတာ သြားလာေနထိုင္ ျပဳမူတာ၊ ကိုယ္ေကာင္းစားဖို႔ သူတစ္ပါးဘဝကိုဖ်က္ရမွာ ဝန္မေလးတာ၊ ခိုးဝွက္တာေတြ အားလံုးဟာ ကိုယ္က်င့္တရားေဖာက္ဖ်က္တာပါပဲ။ ဒါေၾကာင့္ ဒီလိုမ်ိဳးထဲ သင္ မပါမိေအာင္ ဂရုစိုက္ပါ။

(၄) လိုခ်င္ေလာဘၾကီးတာ

လိုခ်င္ေလာဘၾကီးတာလည္း မိန္းမယုတ္ေတြရဲ႕ လကၡဏာပါပဲ။ မိန္းမယုတ္ေတြဟာ ကိုယ့္မွာရွိတဲ့ ပစၥည္းနဲ႔ မေက်နပ္မေရာင့္ရဲႏိုင္ပါဘူး။ တစ္ခုရရင္ ေနာက္တစ္ခုထပ္လုိခ်င္တဲ့သူမ်ိဳးေတြပါ။ သူတုိ႔ဟာ ကိုယ့္မွာ ဘယ္ေလာက္ပဲရွိရွိ သူမ်ားဥစၥာကိုပဲ ပိုလွတယ္၊ ပိုေကာင္းတယ္လို႔ ျမင္တတ္ၾကတဲ့သူမ်ိဳးေတြပါ။ ဒါေၾကာင့္ သူတုိ႔ဟာ လုိခ်င္တာရဖို႔ ယုတ္ညံတဲ့အလုပ္ကို လုပ္ရရင္ေတာင္မွ တြန္႔ဆုတ္မေနတတ္တဲ့သူေတြပါ။ ခ်မး္သာတဲ့သူကလညး္ ခ်မ္းသာတဲ့အေလ်ာက္၊ ဆင္းရဲတဲ့လူကလည္း ဆင္းရဲတဲ့အေလ်ာက္ လိုခ်င္ေလာဘၾကီးပံုခ်င္းကေတာ့ အတူတူပါပဲ။

(၅) စိတ္ထားယုတ္တယ္

ႏႈတ္ၾကမ္း အာၾကမး္တိုင္း ယုတ္ညံ့တဲ့စိတ္ထားရွိတာ မဟုတ္ပါဘူး။ မိန္းမယုတ္ဆိုတာ ဘယ္ေလာက္ပဲ စကားခ်ိဳေတြေျပာ၊ လွပေက်ာ႔ရွင္းေနေအာင္ဝတ္ျပီး အဆင့္အတန္းရွိတဲ့ပံု ဘယ္ေလာက္ဖမ္းဖမ္း စိတ္ဓာတ္ကေတာ့ ကုန္းေကာက္လို႔ မရေလာက္ေအာင္ နိမ့္က်သူေတြပါ။ သူတစ္ပါးကိုမနာလိုတာ၊ သူတစ္ပါးေကာင္းစားတာကို မျမင္ခ်င္တာ၊ ကိုယ့္ထက္သာရင္ ေဒါက္ခ်ိဳးခ်င္တာ၊ ေခ်ာက္တြန္းတာ၊ သူတစ္ပါအက်ိဳးကို ဖ်က္လို႔ဖ်က္ဆီးလုပ္တာေတြ အားလံုးဟာ မိန္းမယုတ္ေတြရဲ႕ လကၡဏာေတြပါပဲ။

Credit : မူရင္းေရးသားသူ

(Unicode Version)

စိတ်ထား ယုတ်ညံ့တဲ့ မိန်းမတွေမှာ တွေ့ရတတ်တဲ့ လက္ခဏာ (၅) ခု

လောကမှာ လူကောင်းနဲ့ လူဆိုးဆိုတာ အမြဲတမ်း ဒွန်တွဲနေတတ်ပါတယ်။ လူကောင်းတိုင်းမှာ တူညီတဲ့ စရိုက်လက္ခဏာလေးတွေရှိသလို လူယုတ်မာတွေမှာလည်း တူညီတဲ့အကျင့်လက္ခဏာတွေ ရှိနေတတ်ပါတယ်။ ခုဖော်ပြပေးမှာကတော့ မိန်းမယုတ်တွေရဲ့ လက္ခဏာ တွေဖြစ်ပြီး သင်လည်း ဒီလိုမျိုးထဲမပါမိအောင် အထူးဆင်ခြင်နေထိုင်ပါနော်။

(၁) ကိုယ့်ဘဝကိုရှက်တယ်

လူတိုင်းဟာ ကံမတူတာကြောင့် တစ်ယောက်နဲ့တစ်ယောက်မွေးဖွားလာပုံချင်း၊ ကြီးပြင်းလာပုံချင်းမတူညီပါဘူး။ တစ်ချို့က ချမ်းသာစွာမွေးဖွားလာရတယ်၊ တစ်ချို့က ဆင်းရဲစွာမွေးဖွားလာကြတယ်။ မိန်းမယုတ်တွေဟာ ဆင်းရဲချို့တဲ့စွာ မွေးဖွားလာရတဲ့အခါမှာ ကိုယ့်ဘဝကိုရှက်တယ်၊ ကိုယ့်မိဘကို ထုတ်ပြောရမှာရှက်တယ်၊ မိသားစုကို လူရှေ့ထုတ်ပြရမှာ ရှက်ကြပါတယ်။ ကိုယ့်မိသားစုကို လူရှေ့ထုတ်ပြရမှာရှက်တာလောက် ယုတ်ညံ့တဲ့စိတ်ထားမရှိတော့ပါဘူး။ ဒါကြောင့်ဒီလိုမဖြစ်အောင် ဆင်ခြင်နေထိုင်ပါ။

(၂) မာန်တက်တယ်

ယုတ်ညံ့တဲ့မိန်းမတွေဟာ ချမ်းသာရင်ပဲဖြစ်ဖြစ်၊ သုံးနိုင်ဖြုန်းနိုင်ဖြစ်နေရင်ကို အလိုလိုနေရင်းမာန်တက်ပြီး သူတစ်ပါးကို နှိမ်တတ်ကြပါတယ်။ ကိုယ့်ထက်နိမ့်ကျတဲ့သူ၊ အားငယ်တဲ့သူတွေကို ခွဲခြားဆက်ဆံပြီး အာဏာပြလာတတ်ကြပါတယ်။ များသောအားဖြင့် ငွေစကားပဲပြောတတ်ကြပြီး ယဉ်ကျေးသမှုလုံးဝမရှိကြပါဘူး။ စကားအပြောအဆို၊ အမူအယာတွေကအစ သူတစ်ပါးကို အထက်စီးဆန်ပြီး မာန်မာနထောင်လွှားနေတတ်တဲ့သူတွေပါ။ ဒါဟာ ယုတ်ညံ့တဲ့စိတ်ထားဖြစ်တာကြောင့် ဒီလိုမဖြစ်အောင် အထူးဆင်ခြင်နေထိုင်ရပါမယ်။

(၃) ကိုယ်ကျင့်တရားဖောက်ဖျက်တယ်

မိန်းမယုတ်တွေရဲ့ ထင်ရှားတဲ့လက္ခဏာတစ်ခုကတော့ ကိုယ်ကျင့်တရားဖောက်ဖျက်တာပါပဲ။ အိမ်ထောင်သည်ကို မြှူဆွယ်ဖြားယောင်းတာ၊ သူတစ်ပါးမိသားစု အသိုက်အမြုံကို ဖျက်ဆီးတာ၊ ဖောက်ပြန်တာ၊ သူတစ်ပါးထမင်းအိုးကိုခွဲတာ၊ အပျိုဖြစ်ပြီး အိန္ဒြေသိက္ခာမဲ့ ပရမ်းပတာ သွားလာနေထိုင် ပြုမူတာ၊ ကိုယ်ကောင်းစားဖို့ သူတစ်ပါးဘဝကိုဖျက်ရမှာ ဝန်မလေးတာ၊ ခိုးဝှက်တာတွေ အားလုံးဟာ ကိုယ်ကျင့်တရားဖောက်ဖျက်တာပါပဲ။ ဒါကြောင့် ဒီလိုမျိုးထဲ သင် မပါမိအောင် ဂရုစိုက်ပါ။

(၄) လိုချင်လောဘကြီးတာ

လိုချင်လောဘကြီးတာလည်း မိန်းမယုတ်တွေရဲ့ လက္ခဏာပါပဲ။ မိန်းမယုတ်တွေဟာ ကိုယ့်မှာရှိတဲ့ ပစ္စည်းနဲ့ မကျေနပ်မရောင့်ရဲနိုင်ပါဘူး။ တစ်ခုရရင် နောက်တစ်ခုထပ်လိုချင်တဲ့သူမျိုးတွေပါ။ သူတို့ဟာ ကိုယ့်မှာ ဘယ်လောက်ပဲရှိရှိ သူများဥစ္စာကိုပဲ ပိုလှတယ်၊ ပိုကောင်းတယ်လို့ မြင်တတ်ကြတဲ့သူမျိုးတွေပါ။ ဒါကြောင့် သူတို့ဟာ လိုချင်တာရဖို့ ယုတ်ညံတဲ့အလုပ်ကို လုပ်ရရင်တောင်မှ တွန့်ဆုတ်မနေတတ်တဲ့သူတွေပါ။ ချမ်းသာတဲ့သူကလည်း ချမ်းသာတဲ့အလျောက်၊ ဆင်းရဲတဲ့လူကလည်း ဆင်းရဲတဲ့အလျောက် လိုချင်လောဘကြီးပုံချင်းကတော့ အတူတူပါပဲ။

(၅) စိတ်ထားယုတ်တယ်

နှုတ်ကြမ်း အာကြမ်းတိုင်း ယုတ်ညံ့တဲ့စိတ်ထားရှိတာ မဟုတ်ပါဘူး။ မိန်းမယုတ်ဆိုတာ ဘယ်လောက်ပဲ စကားချိုတွေပြော၊ လှပကျော့ရှင်းနေအောင်ဝတ်ပြီး အဆင့်အတန်းရှိတဲ့ပုံ ဘယ်လောက်ဖမ်းဖမ်း စိတ်ဓာတ်ကတော့ ကုန်းကောက်လို့ မရလောက်အောင် နိမ့်ကျသူတွေပါ။ သူတစ်ပါးကိုမနာလိုတာ၊ သူတစ်ပါးကောင်းစားတာကို မမြင်ချင်တာ၊ ကိုယ့်ထက်သာရင် ဒေါက်ချိုးချင်တာ၊ ချောက်တွန်းတာ၊ သူတစ်ပါအကျိုးကို ဖျက်လို့ဖျက်ဆီးလုပ်တာတွေ အားလုံးဟာ မိန်းမယုတ်တွေရဲ့ လက္ခဏာတွေပါပဲ။

Credit : မူရင်းရေးသားသူ

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္