ေျမယာကိစၥ အျငင္းပြားရာမွ ဓားထိုးခံရ၍ လူေသဆုံးမႈ ျဖစ္ပြာ

၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ ၁၀ ရက္ေန႔ ညေန ၅ နာရီ ၃၀ မိနစ္အခ်ိန္ မႏၲေလးတိုင္း ေဒသႀကီး၊ ျမင္းၿခံၿမိဳ႕နယ္၊ ၿမိဳ႕ႀကီးကုန္းေက်းရြာေန မႏွင္းခိုင္(၃၇)ႏွစ္သည္ ေနအိမ္၌ ရွိေနစဥ္ ေယာက္မျဖစ္သူ မစိုးေမာ္ ေရာက္ရွိလာၿပီး ခင္ပြန္းျဖစ္သူ ကိုစိုးထြန္း(၄၅)ႏွစ္အား တစ္ရြာတည္းေန အစ္ကိုဝမ္းကြဲျဖစ္သူ ဦးေက်ာ္နိုင္(၅၀)ႏွစ္မွ ဓားျဖင့္ ထိုးသြားေၾကာင္း ေျပာျပသိရွိရ၍ သြားေရာက္ ၾကည့္ရႈရာ

ရဲတိုင္ေက်းရြာေန ကိုတင္ေမာင္စိုး၏ ေနအိမ္၌ ခင္ပြန္းျဖစ္သူ ကိုစိုးထြန္း အား ဓားထိုးသြင္း ဒဏ္ရာ(၁)ခ်က္ရရွိကာ ေသဆုံးေနသည္ကို ေတြ႕ရွိၿပီး အစ္ကိုဝမ္းကြဲေတာ္စပ္သူ ဦးေက်ာ္နိုင္မွ ကိုတင္ေမာင္စိုး၏ ေနအိမ္ၿခံဝင္းအတြင္း ဓားကိုင္ဝင္ေရာက္လာ၍ ေျမယာကိစၥ အျငင္းပြား စကား မ်ားရန္ျဖစ္ခဲ့သည့္ အေပၚမေက်မနပ္ျဖစ္ကာ ခင္ပြန္းျဖစ္သူ ကိုစိုးထြန္း အား ဓားျဖင့္ ထိုးခဲ့ရာမွ ေသဆုံးသြားျခင္းျဖစ္ေၾကာင္း သိရွိရသျဖင့္ အေရးယူေပးရန္ တိုင္တန္းခ်က္အရ ဦးေက်ာ္နိုင္ အား ျမင္းၿခံၿမိဳ႕နယ္ေျမရဲစခန္း (ပ)၁၄၉/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အေရးယူထားေၾကာင္း သတင္းရရွိသည္။

Source : ရဲဇာနည္

(Unicode Version)

မြေယာကိစ္စ အငြင်းပွားရာမှ ဓားထိုးခံရ၍ လူသေဆုံးမှု ဖြစ်ပွား

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံမြို့နယ်၊ မြို့ကြီးကုန်းကျေးရွာနေ မနှင်းခိုင်(၃၇)နှစ်သည် နေအိမ်၌ ရှိနေစဉ် ယောက်မဖြစ်သူ မစိုးမော် ရောက်ရှိလာပြီး ခင်ပွန်းဖြစ်သူ ကိုစိုးထွန်း(၄၅)နှစ်အား တစ်ရွာတည်းနေ အစ်ကိုဝမ်းကွဲဖြစ်သူ ဦးကျော်နိုင်(၅၀)နှစ်မှ ဓားဖြင့် ထိုးသွားကြောင်း ပြောပြသိရှိရ၍ သွားရောက် ကြည့်ရှုရာ

ရဲတိုင်ကျေးရွာနေ ကိုတင်မောင်စိုး၏ နေအိမ်၌ ခင်ပွန်းဖြစ်သူ ကိုစိုးထွန်း အား ဓားထိုးသွင်း ဒဏ်ရာ(၁)ချက်ရရှိကာ သေဆုံးနေသည်ကို တွေ့ရှိပြီး အစ်ကိုဝမ်းကွဲတော်စပ်သူ ဦးကျော်နိုင်မှ ကိုတင်မောင်စိုး၏ နေအိမ်ခြံဝင်းအတွင်း ဓားကိုင်ဝင်ရောက်လာ၍ မြေယာကိစ္စ အငြင်းပွား စကား များရန်ဖြစ်ခဲ့သည့် အပေါ်မကျေမနပ်ဖြစ်ကာ ခင်ပွန်းဖြစ်သူ ကိုစိုးထွန်း အား ဓားဖြင့် ထိုးခဲ့ရာမှ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသဖြင့် အရေးယူပေးရန် တိုင်တန်းချက်အရ ဦးကျော်နိုင် အား မြင်းခြံမြို့နယ်မြေရဲစခန်း (ပ)၁၄၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

Source : ရဲဇာနည်