အသားရေ ခြောက်သွေ့ယားယံခြင်း
ကောင်းမွန်တဲ့ကျောက်ကပ်ဟာ သွေးထဲက မလိုအပ်တဲ့ အဆိပ်တောက်တွေကို ဖယ်ရှားပေးပါတယ်။ သွေးနီဥဆဲလ်တွေ ထုတ်ပေးဖို့တော့ ကူညီပေးပါတယ်။ နောက်ပြီး ကိုယ်ခန္တာထဲက ကောင်းမွန်တဲ့ သတ္ထုဓာတ်ပမာနကို ထိန်းသိမ်းပေးပါတယ်။ ယားယံပြီးခြောက်သွေ့တဲ့ အသားရေဟာ ကျောက်ကပ်မကောင်းခြင်းကို ပြသတဲ့ အရာတွေပါပဲ။
ခြေကျင်းဝတ်၊ ခြေထောက်နှင့် လက်များယောင်ယန်းခြင်း
ကျောက်ကပ်များဟာ စွမ်းဆောင်ရည် ကျဆင်းလာတဲ့အခါ ကိုယ်ထဲက မလိုအပ်တဲ့ အဆိပ်တောက်တွေကို ဖယ်ရှားနိုင်စွမ်း မရှိတော့ပါဘူး။ အဲ့ဒီကနေ ဆီး ကောင်းကောင်း မသွားနိုင်ခြင်းကို ဖြစ်လာပြီး ခြေးကျင်းဝတ်တွေ၊ ခြေ ၊လက်တွေ ယောင် ယမ်းခြင်းကို ဖြစ်လာပါတော့တယ်။ ခါနားခြင်းကတော့ အမျိုးမျိုးရှိနိုင်ပါတယ်။ ကျောက်ကပ်ဟာ နံရိုးအောက်ဘက်မှာ တည်ရှိနေပါတယ်။ ခါးနာခြင်းကနေ နေမကောင်းတာတွေ၊ အော့အန်တာ၊ အပူချိန်မြင့်တာ၊ မကြာမကြာ ဆီးသွားချင်တာတွေ ဖြစ်လာတတ်ပါတယ်။ သာမာန် ခါးနာတာလောက်က အမျိုးမျိုးသော ပြင်ပတခြားအကြောင်းတွေ ဖြစ် နိုင်ပေမယ့် ခါးနာခြင်း တာရှည်လာရင်တော့ ဆရာဝန်နဲ့ ပြကြည့်သင့်ပါတယ်။
မျက်လုံးအိမ်ယောင်းယန်းခြင်း
ကျောက်ကပ် မကောင်းခြင်းရဲ့ ပထမ အစအကြောင်းအရာ ကတော့ မျက်လုံး တဝိုက်မှာ ယောင်ယန်းခြင်းပါပဲ။ မျက်လုံးတဝိုက် ယောင်ယန်းခြင်းဟာ ကျောက်ကပ်တွေဟာ ဆီးထဲကို ပရိုတင်းဓာတ် များစွာကို ကိုယ်ခန္တာထဲမှာ ထိန်းသိမ်းပြီး ဖြန့်ဝေရမည့်အစား ဆီထဲကို ထုတ်ပေးခြင်းကြောင့် ဖြစ်ပါတယ်။
သွေးတိုး
သွေးလည်ပတ်မူနဲ့ ကျောက်ကပ်များဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်။ ကျောက်ကပ်ထဲမှာရှိတဲ့ သေးငယ်တဲ့ nephron တွေဟာ သွေးထဲက မလိုအပ်တဲ့ အရည်တွေကိုစစ်ထုတ် ပေးပါတယ်။ တကယ်လို့ သွေးကြောမျှင် တွေဟာ ထိခိုက်မူရှိတဲ့ အခါ သွေးကိုစစ်ထုတ်ပေးတဲ့ nephron တွေဟာအောက်စီဂျင်နဲ့ အာဟာရကောင်းကောင်း မရတော့ပါဘူး။ ဒါကြောင့် သွေးတိုးလာတယ်။ ဒုတိယအနေနဲ့ ကျောက်ကပ်မကောင်းတာကို ခာံးရစေတယ်။
Credit : From MM
(Unicode Version)
ကျောက်ကပ် မကောင်းဘူးဆိုတာ သိနိုင်တဲ့ အချက်များ
ဒါတွေ ဖြစ်နေပြီ ဆိုရင်တော့ ကျောက်ကပ် ကောင်းကောင်း အလုပ် မလုပ်နိုင်တော့ပါဘူး ကျွန်တော်တို့ရဲ့ ကိုယ်ခန္တာ ဟာ များစွာသော လူပ်ရှားမူတွေကို ထမ်းဆောင်ပါတယ်။ ဒီလို အလုပ်များလှတဲ့ နေ့စဉ် ဘဝကြီးမှာ ရှင်သန်ရတာဟာ ကိုယ့်ခန္တာကိုယ်က ပို့လွတ်တဲ့ အချက်လက်တွေကို သတိ မထားမိတတ်စေဘဲဖြစ်စေပါတယ်။ ဒါကြောင့်ကိုယ်ခန္တာ ထဲက အစိတ်ပိုင်းတစ်ခု ကောင်းကောင်းအလုပ်မလုပ်တဲ့အခါ ဘာတွေဖြစ်တတ်လဲ ဆိုတာကို ဖော်ပြပေးချင်ပါတယ်။ ကျွန်တော်တို့ကိုယ်ခန္တာ ထဲက ကျောက်ကပ် ကောင်းကောင်း အလုပ်မလုပ်တဲ့အခါ ဘာတွေ သိသာတဲ့ ဖြစ်စဉ်တွေ ဖြစ်လာမလဲ ဖတ်ကြည့်လိုက်ရအောင်နော်။
ကောင်းကောင်းအိပ်မပျော်
ကျွန်တော်တို့တွေ ကောင်းကောင်းအိပ်မပျော် တဲ့ အခါ ကိုယ်ခန္တာထဲက အဆိပ်တွေဟာ ဆီးကနေဖြတ်ပြီး ကိုယ်ခန္တာထဲမှာ မရှိနိုင်ပေမယ့် သွေးထဲမှာ ရှိနေတယ်ဆိုတဲ့ သဘောပါ။ ကိုယ်ခန္တာထဲက အဆိပ် level မြင့်လာလေ အိပ်ပျော်ဖို့ ခက်ခဲလေပါပဲ။
ခေါင်းကိုက်ခြင်း၊ မေားပန်းနွမ်းနယ်ခြင်း
ပုံမှန်ကျန်းမာနေတဲ့ ကျောက်ကပ်များဟာ ကျွန်တော်တို့ကိုယ်ခန္တာက အရိုးတွေ သန်မာစေဖို့ Erythropoietin (EOP) ဆိုတဲ့ ဟော်မုန်းတွေထုတ်ပေးပါတယ်။ အဲ့ဒီ ဟော်မုန်းတွေဟာ ကိုယ်ခန္တက သွေးနီဥ တွေထုတ်လုပ်မူမှာ အရေးပါတဲ့ နေရာက ပါဝင်ပါတယ်။ ကျောက်ကပ်မကောင်းချိန်မှာတော့ သူတို့က EOP အနည်းငယ်သာ ထုတ်ပေးပါတယ်။ သွေးနီဥဆဲ