ေအာက္တိုဘာလ ၁၃ ရက္ေန႔ကို No Bra Day အျဖစ္ သတ္မွတ္ရတဲ့ အေၾကာင္းအရင္

ေအာက္တိုဘာလ ၁၃ ရက္ေန႔ကို No Bra Day အျဖစ္ သတ္မွတ္ရတဲ့ အေၾကာင္းအရင္း

(ကန္ေတာ့ပါ)

ေအာက္တိုဘာ (၁၃) ရက္ေန႔ကို No Bra Day (ႏိုးဘရာေဒး) ဆိုျပီးသတ္မွတ္ထားပါတယ္။ အမ်ိဳးသမီးေတြကို (၂၄) နာရီၾကာ (ဘရာစီယာ) မဝတ္ၾကဘို႔ လံႈ႔ေဆာ္ထားပါတယ္။ Bra Day ကို ၂ဝ၁၁ တုန္းက ကေနဒါႏိုင္ငံ တိုရြန္တိုျမိဳ႕က ပလပ္စတစ္ဆာဂ်င္ ေဒါက္တာ (မစ္ခ်ယ္ ဘေရာင္း) ကေနစလုပ္ခဲ့ပါတယ္။ ႏိုင္ငံေပါင္း (၃ဝ) ေက်ာ္ ပါဝင္ဆင္ႏြဲခဲ့ပါတယ္။

လြန္ခဲ့တဲ့ (၄) ႏွစ္အတြင္း ဆိုရွယ္မီဒီယာကေန ေဆာ္ၾသမႈေတြလုပ္ေနခဲ့ပါတယ္။ (ယူေက) ႏိုင္ငံမွာလဲ ေအာက္တိုဘာကို Breast Cancer Awareness Month ရင္သားကင္ဆာ အသိပညာျဖန္႔ျဖဴးေရးလအျဖစ္ သတ္မွတ္ထားပါတယ္။ အေမရိကမွာေတာ့ လူေတြစိတ္ဝင္စားမဲ့ နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ဆင္ယင္က်င္းပပါတယ္။ ရင္သားကင္ဆာျဖစ္ျပီး အသက္ရွင္သူေတြကေန ဘရာဒီဇိုင္းဆြဲျပိဳင္ပြဲလုပ္တာ၊ ဒီဇိုင္းေတြကိ္ု ေလလံပစ္တာ၊ ပညာေပးေဟာေျပာတာ၊ လူစုလူေဝးနဲ႔ သီခ်င္းသီဆိုၾကတာ၊ ကခုန္တာ၊ စုေဝးခ်ီတက္တာ၊ ဆင္တူ ဝတ္ဆင္ၾကတာ၊ ရံပံုေငြရွာပြဲလုပ္တာ၊ အေမး-အေျဖပြဲလုပ္တာ၊ ျပဇာတ္စတာေတြနဲ႔ ဧည့္ခံတာစတဲ့ နည္းလမ္းေတြကို အၾကံျပဳထားပါတယ္။

မႏွစ္ကေတာ့ အဲဒီေန႔မွာ အမ်ိဳးသမီးေတြကို တီရွပ္အျဖဴသာဝတ္ဆင္ဘို႔အၾကံေပးထားပါတယ္။ တကယ္လို႔ ဘရာမဝတ္မျဖစ္ ဝတ္ရမယ္ဆိုရင္ေတာ့ မရမ္းေရာင္အေပၚဝတ္ကိုပါ ဝတ္ဆင္ဘို႔အၾကံျပဳပါတယ္။

အမွန္က Breast Reconstruction Awareness Day ရင္သားျပန္လည္တည္ေဆာက္ေပးျခင္းကို အသိေပး လံႈေဆာ္တာျဖစ္ပါတယ္။ ရင္သားကင္ဆာျဖစ္လို႔ ရင္သားတခုလံုးကို ခြဲထုတ္လိုက္ရသူေတြမွာ အျပင္အျမင္ တင့္တယ္ေအာင္ ရင္သားအတုခြဲစိတ္တပ္ဆင္ေပးရပါတယ္။ ကြ်န္ေတာ့္ဆီကို သမီးမွာရင္သားကင္ဆာျဖစ္လို႔ ရင္သားတဖက္လံုးထုတ္လိုက္ရတာမို႔ သမီးအတြက္ သူ႔ဖခင္ျဖစ္သူကေန ရင္သားအတုခြဲစိတ္နည္းအေၾကာင္း ေမးလာတာကို ကြ်န္ေတာ္ ဘယ္ေတာ့မွမေမ့ႏိုင္ပါ။ အဲတာနဲ႔ ၇-၁-၂ဝ၁၂ ေန႔က Breast Reconstruction ရင္သားအသစ္တပ္ေပးျခင္းစာကို ေရးျဖစ္ခဲ့ပါတယ္။

ေအာက္တိုဘာတလလံုးက ရင္သားကင္ဆာအသိေပးလျဖစ္ပါတယ္။ ေအာက္တိုဘာ (၁၄) ရက္ေန႔ကိုေတာ့ Big Pink ေန႔လို႔သတ္မွတ္တယ္။

Credit : ေဒါက္တာတင့္ေဆြ

(Unicode Version)

အောက်တိုဘာလ ၁၃ ရက်နေ့ကို No Bra Day (နိုးဘရာဒေး) ဆိုပြီး သတ်မှတ်ထားပါတယ်

(ကန်တော့ပါ)

အောက်တိုဘာ (၁၃) ရက်နေ့ကို No Bra Day (နိုးဘရာဒေး) ဆိုပြီးသတ်မှတ်ထားပါတယ်။ အမျိုးသမီးတွေကို (၂၄) နာရီကြာ (ဘရာစီယာ) မဝတ်ကြဘို့ လှုံ့ဆော်ထားပါတယ်။ Bra Day ကို ၂ဝ၁၁ တုန်းက ကနေဒါနိုင်ငံ တိုရွန်တိုမြို့က ပလပ်စတစ်ဆာဂျင် ဒေါက်တာ (မစ်ချယ် ဘရောင်း) ကနေစလုပ်ခဲ့ပါတယ်။ နိုင်ငံပေါင်း (၃ဝ) ကျော် ပါဝင်ဆင်နွဲခဲ့ပါတယ်။

လွန်ခဲ့တဲ့ (၄) နှစ်အတွင်း ဆိုရှယ်မီဒီယာကနေ ဆော်သြမှုတွေလုပ်နေခဲ့ပါတယ်။ (ယူကေ) နိုင်ငံမှာလဲ အောက်တိုဘာကို Breast Cancer Awareness Month ရင်သားကင်ဆာ အသိပညာဖြန့်ဖြူးရေးလအဖြစ် သတ်မှတ်ထားပါတယ်။ အမေရိကမှာတော့ လူတွေစိတ်ဝင်စားမဲ့ နည်းလမ်းအမျိုးမျိုးနဲ့ဆင်ယင်ကျင်းပပါတယ်။ ရင်သားကင်ဆာဖြစ်ပြီး အသက်ရှင်သူတွေကနေ ဘရာဒီဇိုင်းဆွဲပြိုင်ပွဲလုပ်တာ၊ ဒီဇိုင်းတွေကို လေလံပစ်တာ၊ ပညာပေးဟောပြောတာ၊ လူစုလူဝေးနဲ့ သီချင်းသီဆိုကြတာ၊ ကခုန်တာ၊ စုဝေးချီတက်တာ၊ ဆင်တူ ဝတ်ဆင်ကြတာ၊ ရံပုံငွေရှာပွဲလုပ်တာ၊ အမေး-အဖြေပွဲလုပ်တာ၊ ပြဇာတ်စတာတွေနဲ့ ဧည့်ခံတာစတဲ့ နည်းလမ်းတွေကို အကြံပြုထားပါတယ်။

မနှစ်ကတော့ အဲဒီနေ့မှာ အမျိုးသမီးတွေကို တီရှပ်အဖြူသာဝတ်ဆင်ဘို့အကြံပေးထားပါတယ်။ တကယ်လို့ ဘရာမဝတ်မဖြစ် ဝတ်ရမယ်ဆိုရင်တော့ မရမ်းရောင်အပေါ်ဝတ်ကိုပါ ဝတ်ဆင်ဘို့အကြံပြုပါတယ်။

အမှန်က Breast Reconstruction Awareness Day ရင်သားပြန်လည်တည်ဆောက်ပေးခြင်းကို အသိပေး လှုံဆော်တာဖြစ်ပါတယ်။ ရင်သားကင်ဆာဖြစ်လို့ ရင်သားတခုလုံးကို ခွဲထုတ်လိုက်ရသူတွေမှာ အပြင်အမြင် တင့်တယ်အောင် ရင်သားအတုခွဲစိတ်တပ်ဆင်ပေးရပါတယ်။ ကျွန်တော့်ဆီကို သမီးမှာရင်သားကင်ဆာဖြစ်လို့ ရင်သားတဖက်လုံးထုတ်လိုက်ရတာမို့ သမီးအတွက် သူ့ဖခင်ဖြစ်သူကနေ ရင်သားအတုခွဲစိတ်နည်းအကြောင်း မေးလာတာကို ကျွန်တော် ဘယ်တော့မှမမေ့နိုင်ပါ။ အဲတာနဲ့ ၇-၁-၂ဝ၁၂ နေ့က Breast Reconstruction ရင်သားအသစ်တပ်ပေးခြင်းစာကို ရေးဖြစ်ခဲ့ပါတယ်။

အောက်တိုဘာတလလုံးက ရင်သားကင်ဆာအသိပေးလဖြစ်ပါတယ်။ အောက်တိုဘာ (၁၄) ရက်နေ့ကိုတော့ Big Pink နေ့လို့သတ်မှတ်တယ်။

Credit : ဒေါက်တာတင့်ဆွေ

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္