ယာဥ္ တိမ္းေမွာက္မႈေၾကာင့္ ၁ ဦးေသ၊ ၂၁ ဦး ဒဏ္ရာ ရရွိ

၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ ၁၁ ရက္ေန႔ ညေန ၃ နာရီအခ်ိန္ မေကြးခရိုင္၊ ၿမိဳ႕သစ္ၿမိဳ႕နယ္၊ ေထာက္ရွာတန္း ေက်းရြာအနီး ေထာက္ရွာတန္း-ဇင္းဗ်ိဳး-ၾကာအင္း ေက်းရြာခ်င္းဆက္ လမ္း မိုင္တိုင္ (၁/၄) အနီး၌ ၿမိဳ႕သစ္ၿမိဳ႕ စည္ပင္သာယာ ေစ်းမွ ေထာက္ရွာတန္း ေက်းရြာသို႔ မႀကီးထူး ေက်းရြာေန လြင္မိုးသူ (၂၅) ႏွစ္ ေမာင္းႏွင္သည့္ BGO 3A/×××× DYNA (၆) ဘီးယာဥ္သည္ အရွိန္မထိန္းနိုင္ဘဲ လမ္း၏ ဝဲဘက္သို႔ တိမ္းေမွာက္ခဲ့သျဖင့္

ယာဥ္ေပၚပါ ခရီးသည္ (၃၀) ဦးအနက္ ဖုတ္ကုန္းေက်းရြာေန ေမာင္ရဲရင့္ဖုန္းျမတ္ (၂) ႏွစ္တြင္ ဒဏ္ရာမ်ား ရရွိကာ အခင္းျဖစ္ ေနရာတြင္ ေသဆုံးခဲ့ၿပီး ေထာက္ရွာတန္း ေက်းရြာေန ဦးေက်ာ္ၿငိမ္း (၆၁) ႏွစ္ ပါ(၂၁)ဦးတို႔တြင္ ဒဏ္ရာမ်ား အသီးသီးရရွိခဲ့ ေသာေၾကာင့္ လြင္မိုးသူအား ၿမိဳ႕သစ္ၿမိဳ႕မရဲစခန္းယာဥ္(ပ) ၅၉/၂၀၁၈၊ ရာဇသတ္ႀကီး ပုဒ္မ ၃၀၄-က/ ၃၃၈/၃၃၇ ျဖင့္ အေရးယူထားေၾကာင္း သတင္း ရရွိသည္။

Source : ရဲဇာနည္

(Unicode Version)

ယာဉ် တိမ်းမှောက်မှုကြောင့် ၁ ဦးသေ၊ ၂၁ ဦး ဒဏ်ရာ ရရှိ

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၃ နာရီအချိန် မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ ထောက်ရှာတန်း ကျေးရွာအနီး ထောက်ရှာတန်း-ဇင်းဗျိုး-ကြာအင်း ကျေးရွာချင်းဆက် လမ်း မိုင်တိုင် (၁/၄) အနီး၌ မြို့သစ်မြို့ စည်ပင်သာယာ ဈေးမှ ထောက်ရှာတန်း ကျေးရွာသို့ မကြီးထူး ကျေးရွာနေ လွင်မိုးသူ (၂၅) နှစ် မောင်းနှင်သည့် BGO 3A/×××× DYNA (၆) ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ဝဲဘက်သို့ တိမ်းမှောက်ခဲ့သဖြင့်

ယာဉ်ပေါ်ပါ ခရီးသည် (၃၀) ဦးအနက် ဖုတ်ကုန်းကျေးရွာနေ မောင်ရဲရင့်ဖုန်းမြတ် (၂) နှစ်တွင် ဒဏ်ရာများ ရရှိကာ အခင်းဖြစ် နေရာတွင် သေဆုံးခဲ့ပြီး ထောက်ရှာတန်း ကျေးရွာနေ ဦးကျော်ငြိမ်း (၆၁) နှစ် ပါ(၂၁)ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့ သောကြောင့် လွင်မိုးသူအား မြို့သစ်မြို့မရဲစခန်းယာဉ်(ပ) ၅၉/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/ ၃၃၈/၃၃၇ ဖြင့် အရေးယူထားကြောင်း သတင်း ရရှိသည်။

Source : ရဲဇာနည်