




(Unicode Version)

ကျိုက်ထီးရိုးး ဘုရားပေါ် မှ သံဃာတစ်ပါး ခုန်ချရန် ကြိုးစား ဆိုသည့် သတင်း ဖြစ်ရပ်မှန်

အောက်တိုဘာလ ၁၁ ရက် နေ့ ည ၁၁း၀၀ နာရီအချိန်ခန့် တွင် သံဃာတစ်ပါး ကျိုက်ထီးရိုး ဘုရား ချောက်ထဲသို့ ခုန်ချရန် ကြိုးစားနေသည် ဆိုသည့် ဗွီဒီယိုဖိုင် လူမှု့ကွန်ရက်စာမျက် နှာဖြစ်သည့် facebook တွင် ပျံ့နေမှု့ နှင့် ပါတ်သက် ၍ သတင်း အမှန်သိစေရန် Weekly Daily News သတင်းအေဂျင်စီ (ကျိုက်ထို) အဖွဲ့ မှ သတင်းရင်းမြစ်ရှိသည့် နေရာသို့ ကိုယ်တိုင်သွားရောက် သတင်းရယူခဲ့ကြရာ ဖြစ်ရပ် မှန်အား သိရှိခဲ့ရသည်။

ဖြစ်စဉ် မှာ အောက်တိုဘာလ ၁၁ ရက် နေ့လည်အချိန် မှ မွန်ပြည်နယ် လမိုင်း နတ်ရေကန်ကျောင်းတိုက် ဖာကလဲ တောရတောင်း တွင် ဝါဆိုနေသည့် အရှင်သုခ သက်တော် (၄၁) နှစ် ၊ လူအမည် ဦးသက်ဝေ ၊ ဖခမည်းတော် ဦးအောင်မြင့်သန်း မယ်တော် ဒေါ်မူ ၊ တစ်ဝါ မပြည့်သေးသည့် သံဃာတော် သည် ကျိုက်ထီးရိုး တောင်တော် ရင်ပြင်တော်ပေါ်သို့ ရောက်ရှိနေခဲ့ကြောင်း ည ၁၁း၀၀ နာရီ အချိန်ခန့် တွင် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော် အတွင်း ဝင်ရောက်ကာ စေတီတော်အား ကာရံထားသည့် သံတိုင် သံပန်း များအား ကျော်ခွ ကာ စေတီ ကျောက်လုံး ဘက်သို့ ရောက်ရှိနေကြောင်း ကို စေတီတော် လုံခြုံရေး စည်းကမ်းထိန်း အဖွဲ့ မှ တွေ့ရှိ ကာ ထိန်းသိန်း ကာကွယ်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကိစ္စ နှင့် ပါတ်သက် ၍ ကျိုက်ထီးရိုး စေတီတော် သြဝါဒါစရိယ ဆရာတော် များ စေတီတော် ဂေါပက ၊ စည်းကမ်းထိန်း ကျိုက်ထိုမြို့နယ် ကင်ပွန်းချောင်းနယ်မြေ ရဲစခန်းတို့ မှ စစ်ဆေး မှုများ ပြုခဲ့သည် ဆိုသည် အဆိုပါ သံဃာတော် မှာ စိတ်ကျန်းမာရေး အားနည်းချက်ရှိကာ ယခုကဲ့သို့ စေတီတော် သံပန်းများ အားကျော်ခွ ကာ တစ်ဖက် သို့ ကူးသွားခြင်း ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသည် ဆိုသည် အခင်းဖြစ် မှု နှင့် ပါတ်သက် ၍ အဆိုပါ သံဃာတော် မှာ ထိခိုက် မှု တစ်စုံတစ်ရာ မရှိပဲ သီတင်းသုံးရာ လမိုင်း သို့ သက်ဆိုင်ရာတို့ မှ ကောင်းမွန်စွာပြန်လည် ပင်ဆောင်ပေးခဲ့ ကြောင်း ကင်ပွန်းချောင်းနယ်မြေ စခန်း မှူး ရဲအုပ် ကျော်သီဟ မှ Weekly Daily News သတင်းအေဂျင်စီ သို့ ပြောကြားသည်။

Source : ကိုဇေ(ကျိုက်ထို) Weekly Daily News

ကမ္ဘာပေါ်က အကြီးဆုံး ကြာပင်