လင္မယားခ်င္း စကားမ်ား ရန္ျဖစ္ရာမွ ဓားထိုးမႈ ျဖစ္ပြား၍ မိန္းမျဖစ္သူ ေသဆုံး

ေနျပည္ေတာ္၊ ေအာက္တိုဘာ ၁၅

ယေန႔ နံနက္ ၂ နာရီ ၃၀ မိနစ္အခ်ိန္ ေနျပည္ေတာ္၊ လယ္ေဝးၿမိဳ႕နယ္၊ ကန္သာေက်းရြာေန ထက္ေနလင္း(ခ)ကိုထက္ (၂၈) ႏွစ္၏ ေနအိမ္သို႔ အလည္ေရာက္ရွိသည့္ သူငယ္ခ်င္းျဖစ္သူ စစ္ကိုင္း တိုင္းေဒသႀကီး၊ မုံရြာၿမိဳ႕၊ အမွတ္ (၆) ရပ္ကြက္ေန နိုင္ဝင္း (၃၀) ႏွစ္ႏွင့္ ၎၏ ဇနီးျဖစ္သူ ရန္ကုန္ တိုင္းေဒသႀကီး၊ သာေကတၿမိဳ႕နယ္၊ မေအးျမတ္သူ (၂၂) ႏွစ္တို႔ ေငြေၾကး ကိစၥျဖင့္ လင္မယားခ်င္း စကားမ်ားရန္ျဖစ္စဥ္

ကိုနိုင္ဝင္းက အရိုးအသြား (၁၂) လက္မခြဲခန႔္ရွိ ဓားဦးခၽြန္ႏွင့္ ထိုးခဲ့ေသာေၾကာင့္ မေအးျမတ္သူ တြင္ ထိုးသြင္း ဒဏ္ရာမ်ား ရရွိကာ ေသဆုံး သြားသျဖင့္ အေရးယူေပးရန္ တိုင္တန္း ခ်က္အရ နိုင္ဝင္း အား ေအလာနယ္ေျမရဲစခန္း (ပ)၁၅၄/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အေရး ယူထားေၾကာင္း သတင္းရရွိသည္။

Source : ရဲဇာနည္

(Unicode Version)

လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ ဓားထိုးမှု ဖြစ်ပွား၍ မိန်းမဖြစ်သူ သေဆုံး

နေပြည်တော်၊ အောက်တိုဘာ ၁၅

ယနေ့ နံနက် ၂ နာရီ ၃၀ မိနစ်အချိန် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ကန်သာကျေးရွာနေ ထက်နေလင်း(ခ)ကိုထက် (၂၈) နှစ်၏ နေအိမ်သို့ အလည်ရောက်ရှိသည့် သူငယ်ချင်းဖြစ်သူ စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့၊ အမှတ် (၆) ရပ်ကွက်နေ နိုင်ဝင်း (၃၀) နှစ်နှင့် ၎င်း၏ ဇနီးဖြစ်သူ ရန်ကုန် တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ မအေးမြတ်သူ (၂၂) နှစ်တို့ ငွေကြေး ကိစ္စဖြင့် လင်မယားချင်း စကားများရန်ဖြစ်စဉ်

ကိုနိုင်ဝင်းက အရိုးအသွား (၁၂) လက်မခွဲခန့်ရှိ ဓားဦးချွန်နှင့် ထိုးခဲ့သောကြောင့် မအေးမြတ်သူ တွင် ထိုးသွင်း ဒဏ်ရာများ ရရှိကာ သေဆုံး သွားသဖြင့် အရေးယူပေးရန် တိုင်တန်း ချက်အရ နိုင်ဝင်း အား အေလာနယ်မြေရဲစခန်း (ပ)၁၅၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေး ယူထားကြောင်း သတင်းရရှိသည်။

Source : ရဲဇာနည်