မင္းဘူးတြင္ တပ္မေတာ္ တုုိက္ ေလယာဥ္ ၂ စီး ပ်က္က်၊ ေလယဥ္မွဴး ၂ ဦး ေသဆုုံ

ရန္ကုုန္၊ ေအာက္တုုိဘာ ၁၆

မေကြးတုုိင္းေဒသႀကီး၊ မင္းဘူးၿမိဳ႕နယ္တြင္ တပ္မေတာ္တုုိက္လယာဥ္ ၂ စီးက် ပ်က္က်ေၾကာင္း မင္းဘူးၿမိဳ႕နယ္၊ တုုိင္းေဒသႀကီးလႊတ္ေတာ္အမတ္ ၁ ဦးေက်ာ္စြမ္းရည္ႏွင့္ မင္းဘူးၿမိဳ႕နယ္ ျပည္သူ႕လႊတ္ေတာ္ကိုုယ္စားလွယ္ ဦး၀င္း၀င္းက ရန္ကုုန္ေခတ္သစ္သတင္းဌာနသုုိ႔ ေျပာ ၾကားသည္။

မင္းဘူးၿမိဳ႕နယ္ ဆားဗြက္ေခ်ာင္းအနီးတြင္ တုုိက္ေလယာဥ္တစ္စီး၊ သနပ္ပင္စုုေက်းရြာအနီးတြင္ တုုိက္ေလယာဥ္ တစ္စီး စုုုုစုုေပါင္း တုုိက္ေလယာဥ္ ၂ စီးပ်က္က်ျခင္းျဖစ္ၿပီး ေလယာဥ္မွဴး ၂ ဦး ေသဆုုံးေၾကာင္း အမတ္ ၂ ဦးက အတည္ျပဳသည္။

“ပ်က္က်တာက စစ္ေလယာဥ္ ၂ စီး၊ က်ေနာ္တုုိ႔ အခုုအားလုုံးခ်ိတ္ဆက္ၿပီးသြားေနတယ္။ အခုုကအေရးႀကီး ေနလိုု႔။ အေသအေပ်ာက္လည္း ရွိတယ္” ဟုု တုုိင္းေဒသႀကီးလႊတ္ေတာ္အမတ္ ဦးေက်ာ္စြမ္းရည္က ေျပာသည္။

သနပ္ပင္စုုေက်းရြာ ဘက္တြင္ ပ်က္က်ေသာ တုုိက္ေလယာဥ္သည္ အစိတ္စိတ္အမႊာမႊာ ပ်က္စီးသြားၿပီး ေလယာဥ္မွဴး၏ အေလာင္းကိုုလည္း ေလထီးႏွင့္အတူ ေတြ႕ ရေၾကာင္း၊ က်ဥ္ဆန္ႏွင့္ လက္နက္မ်ားေတြ႕ရွိရေၾကာင္း၊ ရာသီဥတုုေကာင္းမြန္ခ်ိန္ တုုိက္ေလယာဥ္ ႏွစ္စီး ပ်က္က်ျခင္းျဖစ္၍ နားလည္ရခက္ေၾကာင္းမင္းဘူးၿမိဳ႕နယ္ ျပည္သူ႕လႊတ္ေတာ္ကိုုယ္စားလွယ္ ဦး၀င္း၀င္းက ရန္ကုုန္ေခတ္သစ္သတင္းဌာနသုုိ႔ ေျပာသည္။

“တုုိက္ေလယာဥ္ ႏွစ္စီးပါ။ တစ္စီးက မင္းဘူး ဆားဗြက္ေခ်ာင္းနားမွာ။ က်ေနာ္ေတာ့ အဲဒီဘက္ကုုိ မေရာက္ဘူး။လႊတ္ေတာ္အမတ္ ဦးေက်ာ္စြမး္ရည္သြားတယ္။ တစ္စီးက သနပ္ပင္စုုရြာရဲ႕ အေနာက္ဘက္ ငရုုတ္ခင္းေတြေတာထဲမွာ။ က်ေနာ္က သနပ္စုုရြာဘက္မွာ။ သနပ္ ပင္စုုရြာဘက္မွာ ပ်က္က်တဲ့ ငရုုတ္ခင္းေတာထဲမွာ အေလာင္းတစ္ေလာင္း ေတြ႕တယ္။ အဓိက တုုိက္ေလယာဥ္ေတြ။ က်ဥ္ဆန္ေတြလည္း ေတြ႕တယ္။ လက္နက္ေတြလည္းေတြ႕တယ္။ ရာသီဥတုုက ေကာင္းတယ္။ သူတိုု႔ခ်င္း ဘယ္လိုုျဖစ္တာလဲမသိဘူး။ စက္ခ်ဳိ႕ယြင္းတာလား။ ေမာင္းတဲ့သူေတြရဲ႕ အားနည္းခ်က္လား သူတိုု႔မွ သိတာကိုုး။ ရာသီဥတုုက ဒီဘက္မွာ ေကာင္းတယ္။ အဲဒီသနပ္ပင္စုုကြင္းျပင္မွာ ပ်က္က်တဲ့ေနရာမွာ က်ေနာ္ရွိေနတယ္။ ေလထီးပြင့္တယ္။ဒါေပမယ့္ အေလာင္းက အဲဒီနားမွာရွိေနတာ။ အေလာင္းကုုိလည္း ေသခ်ာမကိုုင္ဘူး။ တာ၀န္ရွိတဲ့သူေတြလာကာမွပဲ ကုုိင္မယ္။ ေလတပ္ကုုိလည္း အေၾကာင္းၾကားထားၿပီးသား။ သြားၿပီးေတာ့ မကုုိင္ပါနဲ႔တဲ့။ အကုုန္လုုံး အစိတ္စိတ္အမႊာမႊာ။ တျခားစီ။ ျဖစ္သြားတာ။ ၁ မုုိင္ေက်ာ္ေက်ာ္ေလာက္ ပစၥည္းေတြက ပ်ံ႕သြားတဲ့ပုုံစံေတြ႕ရတယ္။ အဲဒီဘက္မွာ ၿမိဳ႕နယ္အုုပ္ခ်ဳပ္ေရးနဲ႔ လႊတ္ေတာ္အမတ္ ဦးေက်ာ္စြမ္းရည္က ဆားဗြက္ေခ်ာင္းဘက္မွာ။ ၀န္ႀကီးခ်ဳပ္လည္း ပ်က္က်တဲ့ေနရာ ႏွစ္ခုုလုုံးကုုိ ကြင္းဆင္းလာေနၿပီ” ဟုု ဦး၀င္း၀င္းက ေျပာသည္။

Photo Credit – Aung Myo Naing

Source : KhitThitMedia

(Unicode Version)

မင်းဘူးတွင် တပ်မတော် တိုက်လေယာဉ် ၂ စီး ပျက်ကျ၊ လေယဉ်မှူး ၂ ဦး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင် တပ်မတော်တိုက်လယာဉ် ၂ စီးကျ ပျက်ကျကြောင်း မင်းဘူးမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်အမတ် ၁ ဦးကျော်စွမ်းရည်နှင့် မင်းဘူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြော ကြားသည်။

မင်းဘူးမြို့နယ် ဆားဗွက်ချောင်းအနီးတွင် တိုက်လေယာဉ်တစ်စီး၊ သနပ်ပင်စုကျေးရွာအနီးတွင် တိုက်လေယာဉ် တစ်စီး စုစုပေါင်း တိုက်လေယာဉ် ၂ စီးပျက်ကျခြင်းဖြစ်ပြီး လေယာဉ်မှူး ၂ ဦး သေဆုံးကြောင်း အမတ် ၂ ဦးက အတည်ပြုသည်။

“ပျက်ကျတာက စစ်လေယာဉ် ၂ စီး၊ ကျနော်တို့ အခုအားလုံးချိတ်ဆက်ပြီးသွားနေတယ်။ အခုကအရေးကြီး နေလို့။ အသေအပျောက်လည်း ရှိတယ်” ဟု တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးကျော်စွမ်းရည်က ပြောသည်။

သနပ်ပင်စုကျေးရွာ ဘက်တွင် ပျက်ကျသော တိုက်လေယာဉ်သည် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားပြီး လေယာဉ်မှူး၏ အလောင်းကိုလည်း လေထီးနှင့်အတူ တွေ့ ရကြောင်း၊ ကျဉ်ဆန်နှင့် လက်နက်များတွေ့ရှိရကြောင်း၊ ရာသီဥတုကောင်းမွန်ချိန် တိုက်လေယာဉ် နှစ်စီး ပျက်ကျခြင်းဖြစ်၍ နားလည်ရခက်ကြောင်းမင်းဘူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။

“တိုက်လေယာဉ် နှစ်စီးပါ။ တစ်စီးက မင်းဘူး ဆားဗွက်ချောင်းနားမှာ။ ကျနော်တော့ အဲဒီဘက်ကို မရောက်ဘူး။လွှတ်တော်အမတ် ဦးကျော်စွမ်းရည်သွားတယ်။ တစ်စီးက သနပ်ပင်စုရွာရဲ့ အနောက်ဘက် ငရုတ်ခင်းတွေတောထဲမှာ။ ကျနော်က သနပ်စုရွာဘက်မှာ။ သနပ် ပင်စုရွာဘက်မှာ ပျက်ကျတဲ့ ငရုတ်ခင်းတောထဲမှာ အလောင်းတစ်လောင်း တွေ့တယ်။ အဓိက တိုက်လေယာဉ်တွေ။ ကျဉ်ဆန်တွေလည်း တွေ့တယ်။ လက်နက်တွေလည်းတွေ့တယ်။ ရာသီဥတုက ကောင်းတယ်။ သူတို့ချင်း ဘယ်လိုဖြစ်တာလဲမသိဘူး။ စက်ချို့ယွင်းတာလား။ မောင်းတဲ့သူတွေရဲ့ အားနည်းချက်လား သူတို့မှ သိတာကိုး။ ရာသီဥတုက ဒီဘက်မှာ ကောင်းတယ်။ အဲဒီသနပ်ပင်စုကွင်းပြင်မှာ ပျက်ကျတဲ့နေရာမှာ ကျနော်ရှိနေတယ်။ လေထီးပွင့်တယ်။ဒါပေမယ့် အလောင်းက အဲဒီနားမှာရှိနေတာ။ အလောင်းကိုလည်း သေချာမကိုင်ဘူး။ တာဝန်ရှိတဲ့သူတွေလာကာမှပဲ ကိုင်မယ်။ လေတပ်ကိုလည်း အကြောင်းကြားထားပြီးသား။ သွားပြီးတော့ မကိုင်ပါနဲ့တဲ့။ အကုန်လုံး အစိတ်စိတ်အမွှာမွှာ။ တခြားစီ။ ဖြစ်သွားတာ။ ၁ မိုင်ကျော်ကျော်လောက် ပစ္စည်းတွေက ပျံ့သွားတဲ့ပုံစံတွေ့ရတယ်။ အဲဒီဘက်မှာ မြို့နယ်အုပ်ချုပ်ရေးနဲ့ လွှတ်တော်အမတ် ဦးကျော်စွမ်းရည်က ဆားဗွက်ချောင်းဘက်မှာ။ ဝန်ကြီးချုပ်လည်း ပျက်ကျတဲ့နေရာ နှစ်ခုလုံးကို ကွင်းဆင်းလာနေပြီ” ဟု ဦးဝင်းဝင်းက ပြောသည်။

Photo Credit – Aung Myo Naing

Source : KhitThitMedia