ေလယာဥ္ပ်က္က်မႈ ျဖစ္စဥ္ေၾကာင္႔ ျပဳတ္က်လာေသာ အစထိမွန္၍ ၅ တန္း ေက်ာင္းသူေလးတစ္ဦး ေသဆုံး

မသြယ္ဇင္ျငိမ္း ပဥၥမတန္း မင္းဘူး ေဆးရုံတြင္ ေသဆုံး ဟုသိရပါသည္။

ယေန႔နံနက္ ၇ နာရီဝန္းက်င္ခန္႔ မင္းဘူးၿမိဳ႕တြင္ ဆက္သြယ္ေရး တာဝါတိုင္ကို စစ္ဘက္ေလယာဥ္ တိုက္မိၿပီး ဆားပြက္ေခ်ာင္းတံတား အနီးတြင္ တစ္စီး၊ သနပ္ပင္စုေက်းရြာအနီးတြင္ တစ္စီး။ စုစုေပါင္း ၂ စီး ပ်က္က်၍ ယာဥ္ေမာင္းသူမ်ား ေသဆံုးသြားေၾကာင္း သိ႐ွိရသည္။

ထို႔အျပင္ တိုက္မိေသာ တာဝါတိုင္မွ အစိတ္အပိုင္း တစ္ခ်ိဳ႕ ျပဳတ္က်၍ ၅ တန္းေက်ာင္းသူ ကေလးငယ္တစ္ဦး ထိခိုက္မိၿပီး ေဆးရံုသို႔ ပို႔ေဆာင္ထားခဲ့ရၿပီး ေဆးရံုမွာပင္ ေဆးဆံုးသြားေၾကာင္း သိရသည္။

ဓာတ္ပံု – ေအာင္မ်ဳိးႏုိင္

Via : ဇင္မုိး

(Unicode Version)

လေယာဉ်ပျက်ကျမှု ဖြစ်စဉ်ကြောင့် ပြုတ်ကျလာသော အစထိမှန်၍ ၅ တန်း ကျောင်းသူလေးတစ်ဦး သေဆုံး

မသွယ်ဇင်ငြိမ်း ပဉ္စမတန်း မင်းဘူး ဆေးရုံတွင် သေဆုံး ဟုသိရပါသည်။

ယနေ့နံနက် ၇ နာရီဝန်းကျင်ခန့် မင်းဘူးမြို့တွင် ဆက်သွယ်ရေး တာဝါတိုင်ကို စစ်ဘက်လေယာဉ် တိုက်မိပြီး ဆားပွက်ချောင်းတံတား အနီးတွင် တစ်စီး၊ သနပ်ပင်စုကျေးရွာအနီးတွင် တစ်စီး။ စုစုပေါင်း ၂ စီး ပျက်ကျ၍ ယာဉ်မောင်းသူများ သေဆုံးသွားကြောင်း သိရှိရသည်။

ထို့အပြင် တိုက်မိသော တာဝါတိုင်မှ အစိတ်အပိုင်း တစ်ချို့ ပြုတ်ကျ၍ ၅ တန်းကျောင်းသူ ကလေးငယ်တစ်ဦး ထိခိုက်မိပြီး ဆေးရုံသို့ ပို့ဆောင်ထားခဲ့ရပြီး ဆေးရုံမှာပင် ဆေးဆုံးသွားကြောင်း သိရသည်။

ဓာတ်ပုံ – အောင်မျိုးနိုင်

Via : ဇင်မိုး