ယောက်ျားလေးအများစုဟာ ဘယ်ဘက်လက်မောင်း ကိုက်ခဲပြီး မိန်းကလေးများက လက်မောင်းနှစ်ဖက်လုံး ကိုက်ခဲလာပါက သင် နှလုံးရောဂါ စတင်ဖြစ်နေပြီဟု သတ်မှတ်လို့ ရပါတယ်။
၆။ သတိလစ်မေ့လဲခြင်း
(Unicode Version)
သင့်မှာ ဒါတွေဖြစ်နေရင် သင့်ရဲ့ နှလုံးဟာ ပုံမှန် အလုပ် မလုပ်တော့ဘူး ဖြစ်လို့ သတိထားပါ
သင့်နှလုံးက ပုံမှန် အလုပ်မလုပ်တော့ဘူး ဆိုသည့် အချက်များ
၁။ လက်မောင်းကိုက်ခဲခြင်း
ယောကျ်ားလေးအများစုဟာ ဘယ်ဘက်လက်မောင်း ကိုက်ခဲပြီး မိန်းကလေးများက လက်မောင်းနှစ်ဖက်လုံး ကိုက်ခဲလာပါက သင် နှလုံးရောဂါ စတင်ဖြစ်နေပြီဟု သတ်မှတ်လို့ ရပါတယ်။
၂။ ချောင်းအဆက်မပြတ်ဆိုးခြင်း
ချောင်းဆိုးရသည့် အကြောင်းပြချက်များစွာ ရှိသော်လည်း ချွဲထဲတွင် ပန်းရောင်ပျစ်ပျစ် အရည် (သွေးကဲ့သို့) များပါလာပါက နှလုံးရောဂါ လက္ခဏာ ပြနေခြင်း ဖြစ်ပါတယ်။
၃။ ခြေထောက်၊ ခြေဖဝါးနှင့် ခြေကျင်းဝတ် ကိုက်ခဲခြင်း
နှလုံးကသွေးများကို ကောင်းမွန်စွာ မလည်ပတ်ပေးနိုင်ချိန်တွင် သွေးကြောများက တစ်ရှူးများထဲ စိမ့်ဝင်ပြီး ခြေထောက် ကိုက်ခဲတတ်ပါတယ်။ ဒါပေမယ့် ခြေထောက် ကိုက်ခဲတိုင်း နှလုံးရောဂါ ရှိတယ်လို့ ယူဆလို့ မရပါဘူး။
၄။ အစာပြေ မစားမိခြင်းနှင့် အော့အန်ခြင်း
နှလုံးရောဂါခံစားနေသူ အများစုက အစာပြေမစားမိရုံနှင့် အော့အန်ချင်စိတ် ပေါက်လာတတ်ပါတယ်။ ဤသို့ ဖြစ်ရခြင်းက သင့်ကျောက်ကပ်နှင့် အူလမ်းကြောင်းများက အစာကောင်းစွာ မချေနိုင်ခြင်းကြောင့် ဖြစ်ပြီး ဗိုက်အောင့်ခြင်းပါ ခံစားလာရပါက ဆရာဝန်ကို သွားပြသင့်ပါတယ်။
၅။ အလွန်အမင်း စိုးရိမ်စိတ်ဖြစ်ခြင်း
အလွန်အမင်း စိတ်ဆင်းရဲ၍ စိုးရိမ်စိတ်ဖြစ်သူများက သင့်နှလုံးတွင် သွေးဖိအားမြင့်တက်ခြင်း၊ နှလုံးခုန်နှုန်း ကျဆင်းခြင်းများ ဖြစ်ပါတယ်။
၆။ သတိလစ်မေ့လဲခြင်း
နှလုံးက သွေးလည်ပတ်မှု လုပ်ငန်းစဉ်ကို ကောင်းစွာ မလုပ်တော့သော အချိန်တွင် သွေးများက သွေးလွှတ်ကြောကို ပိတ်မိစေပြီး ခဏခဏ သတိလစ် မေ့လဲစေတတ်ပါတယ်။
၇။ မျက်နှာအရောင် ဖျော့တော့လာခြင်း
မျက်နှာ ဖြူဖတ်ဖြူရော်ဖြစ်ခြင်းသည် သွေးလည်ပတ်မှု လျော့နည်းခြင်း၊ သွေးနီဥဆဲလ်များ လျော့နည်းခြင်းတို့ကြောင့် ဖြစ်ပါတယ်။ တစ်ခါတစ်ရံတွင် နှလုံးရောဂါနှင့်လည်း သက်ဆိုင်နေတတ်ပါတယ်။
၈။ အရေပြားပေါ်တွင် အဖုအပိန့်များ ဖြစ်ခြင်း
အရေပြားပေါ်တွင် အဖုအပိန့်များ ဖြစ်ပေါ်ခြင်းဟာ သွေးတိုးခြင်းက ၄၈%၊ ကိုလက်စတော မြင့်မားခြင်းက ၂၉% နှင့် နှလုံးရောဂါဖြစ်ခြင်းက ၅၉% သက်ဆိုင်နေလေ့ ရှိပါတယ်။
ထပ်ဆောင်း အကြံပြုချက်
ကျန်းမာချမ်းသာသော ဘဝကို လိုချင်သူများသည် ဆေးလိပ်နှင့် အရက် ယမကာ မသောက်သင့်ပါ။
Credit : Min Thu (Daily Hot News )
ကမ္ဘာပေါ်က အကြီးဆုံး ကြာပင်