ဘဏ္မွာ ေငြထုတ္ ေငြအပ္တဲ့အခါ ေသခ်ာ စစ္ၾကဖို႔ ဒီေန႔ အေတြ႔အႀကံဳနဲ႔ သတိ ေပးလိုက္တဲ့ မယ္လိုဒီ

မယ္လိုဒီလို႔ဆိုလိုက္တာနဲ႔ ကေလးတစ္ေယာက္အေမလို႔မထင္ရက္ေလာက္ေအာင္ အရမ္းလွတဲ့မိန္းမပ်ိဳတစ္ဦးလို႔ ပရိသတ္ေတြက ေျပးျမင္မိၾကမွာပါ။ လတ္တေလာမွာ အႏုပညာလႈပ္ရွားမႈေတြ ဆက္တို္က္ျပဳလုပ္ျဖစ္ေနတဲ့မယ္လိုဒီကေတာ့ ပရိသတ္ေတြနဲ႔ အျမဲအဆက္အသြယ္မျပတ္ ရွိေနတာပဲ ျဖစ္ပါတယ္။ ဒီေန႔ေလးမွာေတာ့ မယ္လိုဒီက ဘဏ္မွာေငြအပ္ရင္း ေငြမျပည့္တာေၾကာင့္ ဂြမ္းခဲ့ရတဲ့ သူမရဲ႕အျဖစ္အပ်က္ေလးကို ပရိသတ္ေတြအတြက္ ေဝမွ်ေပးထားတာပါ။ မိုမိုေလးခ်စ္ပရိသတ္ေတြလည္း မယ္လိုဒီလိုအျဖစ္မ်ိဳးနဲ႔ မၾကံဳေတြ႔ရေစဖို႔ သူမရဲ႕အေတြ႔အၾကံုကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

မယ္လိုဒီရဲ႕အျဖစ္အပ်က္ေလးကေတာ့ ရယ္ရခက္ ငိုရခက္ပါပဲေနာ္…

မယ္လိုဒီကေတာ့ ” တစ္ေသာင္းတန္အုပ္မွာ တစ္အုပ္ကို ၈၉ရြက္ဘဲပါတယ္ အုပ္ေရမ်ားရင္ ခိုးတဲ့လူသူေဠးျဖစ္ၿပီ ဒါေပမယ့္ သူမ်ားေတြမွာေငြျပည့္ၿပီး ကိုယ္အႏုပညာေၾကးအုပ္ထဲက ေလ်ာ့ေနေတာ့ ဒီဘဏ္က အႏုပညာရွင္နဲ႔စီးပြားေရးလုပ္ငန္းရွင္ၾကား ဘာလားေပါ့ေနာ္(ဘဏ္နာမည္ေတာ့ မေျပာေတာ့ပါ) ကဲ ေငြေလ်ာ့ေနတာ မေျပာဘဲ ၿငိမ္ၿငိမ္ေလးေနမလား အမွန္အတိုင္းေျပာမလားေလာေလာဆယ္ ဧရာဝတီဘဏ္မွာ ေငြအပ္ရင္း ဂြမ္းသြားသူေပါ့ ေငြမျပည့္ဘဲ ခပ္တည္တည္နဲ႔လာအပ္ပါတယ္ေပါ့ ႏွစ္ခါဂြမ္းေသာ အေျခအေနမ်ား ၾကဳံဖူးပါသလား” ဆိုျပီး ဘဏ္တစ္ခုမွာ ေငြထုတ္တာ ေငြအျပည့္မပါလာတာေၾကာင့္ တျခားဘဏ္မွာ ေငြအပ္ရင္း ဂြမ္းခဲ့ရတဲ့ သူမရဲ႕အျဖစ္ကို ေဝမွ်ေပးထားတာပါ။

မယ္လိုဒီကေတာ့ လတ္တေလာမွာ Photo Shooting ေတြ ေၾကာ္ျငာေတြ ဆက္တိုက္ရိုက္ကူးျဖစ္ေနတာ ေတြ႔ရပါတယ္။ အိမ္ေထာင္ရွင္မတစ္ဦးအေနနဲ႔လည္း တာဝန္ေက်တဲ့ မယ္လိုဒီကေတာ့ မိသားစုကို အျပည့္အဝဂရုစိုက္တဲ့အျပင္ စီးပြားေရးေတြကိုလည္း ကိုယ္တိုင္လုပ္ကိုင္ေနသူတစ္ဦးပါ။ မိုမိုေလးခ်စ္ပရိသတ္ေတြလည္း ဘဏ္ေတြမွာ ေငြထုတ္ရင္ ေသခ်ာစစ္ယူခဲ့ၾကဖို႔ သတိေပးလိုက္တဲ့ မယ္လိုဒီရဲ႕အေတြ႔အၾကံုေလးကို Share သြားၾကပါဦးေနာ္။

Source : Melody Myo’s Facebook

Credit : momolay

(Unicode Version)

ဘဏ်မှာ ငွေထုတ်၊ ငွေအပ်ရင် သေချာစစ်ကြဖို့ ဒီနေ့ အတွေ့အကြုံနဲ့ သတိပေးလိုက်တဲ့ မယ်လိုဒီ

မယ်လိုဒီလို့ဆိုလိုက်တာနဲ့ ကလေးတစ်ယောက်အမေလို့မထင်ရက်လောက်အောင် အရမ်းလှတဲ့မိန်းမပျိုတစ်ဦးလို့ ပရိသတ်တွေက ပြေးမြင်မိကြမှာပါ။ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတဲ့မယ်လိုဒီကတော့ ပရိသတ်တွေနဲ့ အမြဲအဆက်အသွယ်မပြတ် ရှိနေတာပဲ ဖြစ်ပါတယ်။ ဒီနေ့လေးမှာတော့ မယ်လိုဒီက ဘဏ်မှာငွေအပ်ရင်း ငွေမပြည့်တာကြောင့် ဂွမ်းခဲ့ရတဲ့ သူမရဲ့အဖြစ်အပျက်လေးကို ပရိသတ်တွေအတွက် ဝေမျှပေးထားတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း မယ်လိုဒီလိုအဖြစ်မျိုးနဲ့ မကြုံတွေ့ရစေဖို့ သူမရဲ့အတွေ့အကြုံကို ဖော်ပြပေးလိုက်ပါတယ်နော်။

မယ်လိုဒီရဲ့အဖြစ်အပျက်လေးကတော့ ရယ်ရခက် ငိုရခက်ပါပဲနော်…

မယ်လိုဒီကတော့ ” တစ်သောင်းတန်အုပ်မှာ တစ်အုပ်ကို ၈၉ရွက်ဘဲပါတယ် အုပ်ရေများရင် ခိုးတဲ့လူသူဠေးဖြစ်ပြီ ဒါပေမယ့် သူများတွေမှာငွေပြည့်ပြီး ကိုယ်အနုပညာကြေးအုပ်ထဲက လျော့နေတော့ ဒီဘဏ်က အနုပညာရှင်နဲ့စီးပွားရေးလုပ်ငန်းရှင်ကြား ဘာလားပေါ့နော်(ဘဏ်နာမည်တော့ မပြောတော့ပါ) ကဲ ငွေလျော့နေတာ မပြောဘဲ ငြိမ်ငြိမ်လေးနေမလား အမှန်အတိုင်းပြောမလားလောလောဆယ် ဧရာဝတီဘဏ်မှာ ငွေအပ်ရင်း ဂွမ်းသွားသူပေါ့ ငွေမပြည့်ဘဲ ခပ်တည်တည်နဲ့လာအပ်ပါတယ်ပေါ့ နှစ်ခါဂွမ်းသော အခြေအနေများ ကြုံဖူးပါသလား” ဆိုပြီး ဘဏ်တစ်ခုမှာ ငွေထုတ်တာ ငွေအပြည့်မပါလာတာကြောင့် တခြားဘဏ်မှာ ငွေအပ်ရင်း ဂွမ်းခဲ့ရတဲ့ သူမရဲ့အဖြစ်ကို ဝေမျှပေးထားတာပါ။

မယ်လိုဒီကတော့ လတ်တလောမှာ Photo Shooting တွေ ကြော်ငြာတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေတာ တွေ့ရပါတယ်။ အိမ်ထောင်ရှင်မတစ်ဦးအနေနဲ့လည်း တာဝန်ကျေတဲ့ မယ်လိုဒီကတော့ မိသားစုကို အပြည့်အဝဂရုစိုက်တဲ့အပြင် စီးပွားရေးတွေကိုလည်း ကိုယ်တိုင်လုပ်ကိုင်နေသူတစ်ဦးပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဘဏ်တွေမှာ ငွေထုတ်ရင် သေချာစစ်ယူခဲ့ကြဖို့ သတိပေးလိုက်တဲ့ မယ်လိုဒီရဲ့အတွေ့အကြုံလေးကို Share သွားကြပါဦးနော်။

Source : Melody Myo’s Facebook

Credit : momolay