ေမာ္ေတာ္ယာဥ္၏ ဂီယာ စနစ္ ယိုယြင္းမႈ လကၡဏာမ်ား

ေမာ္ေတာ္ယာဥ္ရဲ႕ ဂီယာစနစ္ဟာ ကားတစ္စီးလံုးရဲ႕ အေရးအပါဆံုးနဲ႔ အ႐ႈပ္ေထြးဆံုး အစိတ္အပိုင္းေတြထဲက တစ္ခုပါ။ ႐ႈပ္ေထြးတဲ့ ဟိုက္ဒေရာလစ္ စနစ္ေတြ ရာခ်ီ ပါဝင္ၿပီး ကြန္ျပဴတာနဲ႔ ထိန္းထားတဲ့ လ်ွပ္စစ္ပစၥည္းေတြကလဲ ဂီယာေျပာင္းဖို႔ အတူတကြ ပူးတြဲ လုပ္ေဆာင္ေနရပါတယ္။

ခုေခတ္ ေ႐ွ႕ယက္ ယာဥ္ေတြ၊ ေအာ္တိုဂီယာေတြ၊ ကြန္ျပဴတာစနစ္ေတြ ပါဝင္လာတဲ့ ဂီယာစနစ္ဟာ ႐ႈပ္ေထြးၿပီး ျပင္ဆင္ရ ခက္ပါတယ္။ ပံုမွန္ Service ေပးဖို႔၊ ဆီလဲေပးဖို႔လဲ လိုအပ္ပါတယ္။ ဂီယာပ်က္ျခင္းမွ ကာကြယ္ဖို႔ ဂီယာစနစ္ ပ်က္စီးစ ျပဳေနေၾကာင္း ျပတဲ့ လကၡဏာေတြကို ေဖာ္ျပ လိုက္ပါတယ္။

၁. အရည္ယိုျခင္း

ဂီယာအံုက အရည္ယိုတာဟာ ကားကို ဂ႐ုစိုက္ဖို႔ လိုၿပီျဖစ္ေၾကာင္း ျပတဲ့ လကၡဏာ တစ္ခုပါ။ သင့္ကားဂိုေထာင္ၾကမ္းျပင္က အရည္ေလး နည္းနည္းဟာ ျပသနာႀကီး အျဖစ္ ေျပာင္းလဲ သြားႏိုင္ပါတယ္။ ဂီယာဆီဟာ သင့္ကား ဂီယာ ေျပာင္းႏုိင္ဖို႔ အေရးပါၿပီး အနီေရာင္ ေတာက္ေတာက္ ခ်ိဳတဲ့ အနံ႔႐ွိတဲ့ အရည္တစ္မ်ိဳးပါ။ ကား ဂီယာဆီ အလိုလို ေလ်ာ့ေနရင္ ယိုေနလို႔ပါပဲ။ ဂီယာဆီ ယိုႏိုင္တဲ့ အေၾကာင္းေတြကေတာ့

– မၾကာေသးခင္ကမွ ကားျပင္ထားတာ

– Gasket ေတြ Seal ေတြ စားေနတာ

– Bell Housing ေတြ ျပသနာ ျဖစ္ေနတာ

– ဂီယာတံ ေခ်ာင္ေနတာ

– ဂီယာ စက္သြား ေခ်ာ္ေနတာ

– အင္ဂ်င္၊ ဂီယာ၊ Axle အထိုင္ေတြ ေခ်ာင္ေနတာ တို႔ပါ။

၂. Warning မီး လင္းလာျခင္း

ခုေခတ္ ကားေတြမွာ ကားမွာ ျပသနာ ျဖစ္ေနတဲ့ေနရာေတြကို ေျပာျပ ႏိုင္တဲ့ အစြမ္း ႐ွိပါတယ္။ ဂီယာအံုက Sensor ေတြဟာ သင္မသိႏိုင္တဲ့ တုန္ခါလာတာေတြ၊ ျပသနာ စလာတာ ေတြကို သိ႐ွိၿပီး ေျပာျပႏိုင္ပါတယ္။

အျဖစ္အမ်ားဆံုးကေတာ့ Transmission Temperature Warning မီး လင္းလာတာ ျဖစ္ၿပီး ဂီယာဆီက ပံုမွန္ထက္ ပိုပူေနၿပီး ဂီယာအံု တစ္ခုလံုး အပူလြန္လာရင္ လင္းတတ္ပါတယ္။ အဲဒီမီး လင္းတာနဲ႔ ဂီယာဆီ လယ္ဗယ္နဲ႔ Coolant လယ္ဗယ္ကို ခ်က္ျခင္း စစ္ေဆးပါ။

၃. အနံ႔ဆိုးမ်ား

ဂီယာဆီဟာ ခ်ိဳတဲ့ အနံ႔ ႐ွိပါတယ္။ မီးေလာင္ထားတဲ့ အနံ႔မ်ိဳး ရေနရင္ေတာ့ ဂီယာဆီ အျမန္ဆံုး လဲဲသင့္ပါၿပီ။ ဂီယာဆီဟာ ဂီယာစနစ္ တစ္ခုလံုးကို ေခ်ာေမြ႕ေအာင္ လုပ္ေပးတဲ့အျပင္ အပူမလြန္ေအာင္လဲ ကာကြယ္ ေပးပါတယ္။ ဂီယာဆီ ကိုယ္တိုင္က အပူလြန္ ေနရင္ေတာ့ ဂီယာအံုပါ လိုက္ပါ ပူေနၿပီး ၾကာရင္ ဂီယာအံုခ်ရတဲ့ အဆင့္ ေရာက္သြားႏိုင္ပါတယ္။

၄. Dipstick ျဖင့္ စစ္ေဆးျခင္း

ဂီယာဆီကို Dipstick ျဖင့္ စစ္ေဆးျခင္းက အလြယ္ဆံုး နည္းလမ္းပါ။ သင့္ကား ဂီယာဆီ Dipstick ႐ွိတဲ့ ေနရာကို Manual ထဲက ႐ွာၾကည့္ပါ။ ကားအင္ဂ်င္ကို Neutral ဒါမွ မဟုတ္ Pack မွာထားၿပီး အင္ဂ်င္ ေႏြးထဲထိ ေစာင့္ပါ။ ၿပီးရင္ အင္ဂ်င္မရပ္ပဲ Dipstick ထုတ္လိုက္ပါ။

အင္ဂ်င္ဆီ အေရာင္ သိဖို႔ လက္မလက္ညႇိဳးနဲ႔ ပြတ္လိုက္ပါ။ အဲဒိအရည္ဟာ ပန္းေရာင္ ႐ွိၿပီး ၾကည္လင္ေနရပါမယ္။ အညိဳေရာင္ျဖစ္ၿပီး ေလာင္ထားတဲ့ အနံ႔ရရင္ေတာ့ လဲသင့္ပါၿပီ။ အရည္ ျပည့္မျပည့္ကိုလဲ စစ္ၾကည့္ပါဦး။

၅. အသံဆိုးမ်ား

ဒီေနရာမွာေတာ့ ေအာ္တိုနဲ႔ Manual ဂီယာစနစ္အသံဆိုးေတြ မတူၾကပါဘူး။ Manual စနစ္မွာဆိုရင္ ဂီယာ ခ်ိန္းတိုင္းမွာ အရမ္း ဖိႀကိတ္ခံထား ရသလို အသံထြက္တာ မေကာင္းတဲ့ လကၡဏာပါ။ ကလပ္ နင္းလိုက္ရင္ အဲလို အသံထြက္ရင္လဲ မေကာင္းပါဘူး။ ကလပ္ ျပန္ခ်ိန္ရမွာပါ။ ဂီယာစက္သြားေတြ စားသြားတာလဲ ျဖစ္ႏိုင္ပါတယ္။

ေအာ္တိုဂီယာ ဆိုရင္ေတာ့ ဂီယာ ခ်ိန္းတိုင္းမွာ မသိမသာ ေျပာင္းသြားတာ မဟုတ္ပဲ သိသိသာသာ ခံစားသိ႐ွိ ေနရရင္ေတာ့ တစ္ခုခု မွားေနပါၿပီ။ တုန္ေနတဲ့ အသံပါၾကားရရင္ေတာ့ ပိုေသခ်ာပါတယ္။ တတ္ကြၽမ္းသူနဲ႔ သြားျပၾကည့္ပါ။

၆. ဂီယာ ခ်က္ျခင္း မေျပာင္းတာ

ဂီယာေတြဟာ လိုအပ္တဲ့ အဆင့္ကို ခ်က္ျခင္းေရာက္ဖို႔ ဒီဇိုင္း ထုတ္ထား တာပါ။ အဲဒါကို ခ်က္ျခင္း မေျပာင္း ရင္ေတာ့ တစ္ခုခု မွားေနပါၿပီ။ Manual ဂီယာေတြမွာဆို ဂီယာ ေျပာင္းလိုက္ရင္ ကားအင္ဂ်င္ပါ ပိုလည္လာေပမယ့္ ကားသြားႏႈန္း ပိုတက္မလာရင္ေတာ့ ကလပ္ စားေနတာ ျဖစ္ျဖစ္၊ ဂီယာျပသနာ ျဖစ္ျဖစ္ ျဖစ္ႏိုင္ပါတယ္။

Auto ဂီယာမွာေတာ့ Park နဲ႔ Drive ေျပာင္းတဲ့အခါမွာ ခ်က္ျခင္းမေရာက္တာ ျဖစ္တတ္ပါတယ္။ အဲဒါဟာ ကားျပသနာ တင္မဟုတ္ပဲ သင့္ လံုျခံဳေရး အတြက္လဲ ျပသနာ ျဖစ္ပါတယ္။ဒါေၾကာင္႔ အျမန္ဆံုးျပင္ဆင္ဖို႔ လိုအပ္ပါတယ္။

Credit : မူရင္းေရးသားသူ

(Unicode Version)

မော်တော်ယာဉ်၏ ဂီယာ စနစ် ယိုယွင်းမှု လက္ခဏာများ

မော်တော်ယာဉ်ရဲ့ ဂီယာစနစ်ဟာ ကားတစ်စီးလုံးရဲ့ အရေးအပါဆုံးနဲ့ အရှုပ်ထွေးဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုပါ။ ရှုပ်ထွေးတဲ့ ဟိုက်ဒရောလစ် စနစ်တွေ ရာချီ ပါဝင်ပြီး ကွန်ပြူတာနဲ့ ထိန်းထားတဲ့ လျှပ်စစ်ပစ္စည်းတွေကလဲ ဂီယာပြောင်းဖို့ အတူတကွ ပူးတွဲ လုပ်ဆောင်နေရပါတယ်။

ခုခေတ် ရှေ့ယက် ယာဉ်တွေ၊ အော်တိုဂီယာတွေ၊ ကွန်ပြူတာစနစ်တွေ ပါဝင်လာတဲ့ ဂီယာစနစ်ဟာ ရှုပ်ထွေးပြီး ပြင်ဆင်ရ ခက်ပါတယ်။ ပုံမှန် Service ပေးဖို့၊ ဆီလဲပေးဖို့လဲ လိုအပ်ပါတယ်။ ဂီယာပျက်ခြင်းမှ ကာကွယ်ဖို့ ဂီယာစနစ် ပျက်စီးစ ပြုနေကြောင်း ပြတဲ့ လက္ခဏာတွေကို ဖော်ပြ လိုက်ပါတယ်။

၁. အရည်ယိုခြင်း

ဂီယာအုံက အရည်ယိုတာဟာ ကားကို ဂရုစိုက်ဖို့ လိုပြီဖြစ်ကြောင်း ပြတဲ့ လက္ခဏာ တစ်ခုပါ။ သင့်ကားဂိုထောင်ကြမ်းပြင်က အရည်လေး နည်းနည်းဟာ ပြသနာကြီး အဖြစ် ပြောင်းလဲ သွားနိုင်ပါတယ်။ ဂီယာဆီဟာ သင့်ကား ဂီယာ ပြောင်းနိုင်ဖို့ အရေးပါပြီး အနီရောင် တောက်တောက် ချိုတဲ့ အနံ့ရှိတဲ့ အရည်တစ်မျိုးပါ။ ကား ဂီယာဆီ အလိုလို လျော့နေရင် ယိုနေလို့ပါပဲ။ ဂီယာဆီ ယိုနိုင်တဲ့ အကြောင်းတွေကတော့

– မကြာသေးခင်ကမှ ကားပြင်ထားတာ

– Gasket တွေ Seal တွေ စားနေတာ

– Bell Housing တွေ ပြသနာ ဖြစ်နေတာ

– ဂီယာတံ ချောင်နေတာ

– ဂီယာ စက်သွား ချော်နေတာ

– အင်ဂျင်၊ ဂီယာ၊ Axle အထိုင်တွေ ချောင်နေတာ တို့ပါ။

၂. Warning မီး လင်းလာခြင်း

ခုခေတ် ကားတွေမှာ ကားမှာ ပြသနာ ဖြစ်နေတဲ့နေရာတွေကို ပြောပြ နိုင်တဲ့ အစွမ်း ရှိပါတယ်။ ဂီယာအုံက Sensor တွေဟာ သင်မသိနိုင်တဲ့ တုန်ခါလာတာတွေ၊ ပြသနာ စလာတာ တွေကို သိရှိပြီး ပြောပြနိုင်ပါတယ်။

အဖြစ်အများဆုံးကတော့ Transmission Temperature Warning မီး လင်းလာတာ ဖြစ်ပြီး ဂီယာဆီက ပုံမှန်ထက် ပိုပူနေပြီး ဂီယာအုံ တစ်ခုလုံး အပူလွန်လာရင် လင်းတတ်ပါတယ်။ အဲဒီမီး လင်းတာနဲ့ ဂီယာဆီ လယ်ဗယ်နဲ့ Coolant လယ်ဗယ်ကို ချက်ခြင်း စစ်ဆေးပါ။

၃. အနံ့ဆိုးများ

ဂီယာဆီဟာ ချိုတဲ့ အနံ့ ရှိပါတယ်။ မီးလောင်ထားတဲ့ အနံ့မျိုး ရနေရင်တော့ ဂီယာဆီ အမြန်ဆုံး လဲသင့်ပါပြီ။ ဂီယာဆီဟာ ဂီယာစနစ် တစ်ခုလုံးကို ချောမွေ့အောင် လုပ်ပေးတဲ့အပြင် အပူမလွန်အောင်လဲ ကာကွယ် ပေးပါတယ်။ ဂီယာဆီ ကိုယ်တိုင်က အပူလွန် နေရင်တော့ ဂီယာအုံပါ လိုက်ပါ ပူနေပြီး ကြာရင် ဂီယာအုံချရတဲ့ အဆင့် ရောက်သွားနိုင်ပါတယ်။

၄. Dipstick ဖြင့် စစ်ဆေးခြင်း

ဂီယာဆီကို Dipstick ဖြင့် စစ်ဆေးခြင်းက အလွယ်ဆုံး နည်းလမ်းပါ။ သင့်ကား ဂီယာဆီ Dipstick ရှိတဲ့ နေရာကို Manual ထဲက ရှာကြည့်ပါ။ ကားအင်ဂျင်ကို Neutral ဒါမှ မဟုတ် Pack မှာထားပြီး အင်ဂျင် နွေးထဲထိ စောင့်ပါ။ ပြီးရင် အင်ဂျင်မရပ်ပဲ Dipstick ထုတ်လိုက်ပါ။

အင်ဂျင်ဆီ အရောင် သိဖို့ လက်မလက်ညှိုးနဲ့ ပွတ်လိုက်ပါ။ အဲဒိအရည်ဟာ ပန်းရောင် ရှိပြီး ကြည်လင်နေရပါမယ်။ အညိုရောင်ဖြစ်ပြီး လောင်ထားတဲ့ အနံ့ရရင်တော့ လဲသင့်ပါပြီ။ အရည် ပြည့်မပြည့်ကိုလဲ စစ်ကြည့်ပါဦး။

၅. အသံဆိုးများ

ဒီနေရာမှာတော့ အော်တိုနဲ့ Manual ဂီယာစနစ်အသံဆိုးတွေ မတူကြပါဘူး။ Manual စနစ်မှာဆိုရင် ဂီယာ ချိန်းတိုင်းမှာ အရမ်း ဖိကြိတ်ခံထား ရသလို အသံထွက်တာ မကောင်းတဲ့ လက္ခဏာပါ။ ကလပ် နင်းလိုက်ရင် အဲလို အသံထွက်ရင်လဲ မကောင်းပါဘူး။ ကလပ် ပြန်ချိန်ရမှာပါ။ ဂီယာစက်သွားတွေ စားသွားတာလဲ ဖြစ်နိုင်ပါတယ်။

အော်တိုဂီယာ ဆိုရင်တော့ ဂီယာ ချိန်းတိုင်းမှာ မသိမသာ ပြောင်းသွားတာ မဟုတ်ပဲ သိသိသာသာ ခံစားသိရှိ နေရရင်တော့ တစ်ခုခု မှားနေပါပြီ။ တုန်နေတဲ့ အသံပါကြားရရင်တော့ ပိုသေချာပါတယ်။ တတ်ကျွမ်းသူနဲ့ သွားပြကြည့်ပါ။

၆. ဂီယာ ချက်ခြင်း မပြောင်းတာ

ဂီယာတွေဟာ လိုအပ်တဲ့ အဆင့်ကို ချက်ခြင်းရောက်ဖို့ ဒီဇိုင်း ထုတ်ထား တာပါ။ အဲဒါကို ချက်ခြင်း မပြောင်း ရင်တော့ တစ်ခုခု မှားနေပါပြီ။ Manual ဂီယာတွေမှာဆို ဂီယာ ပြောင်းလိုက်ရင် ကားအင်ဂျင်ပါ ပိုလည်လာပေမယ့် ကားသွားနှုန်း ပိုတက်မလာရင်တော့ ကလပ် စားနေတာ ဖြစ်ဖြစ်၊ ဂီယာပြသနာ ဖြစ်ဖြစ် ဖြစ်နိုင်ပါတယ်။

Auto ဂီယာမှာတော့ Park နဲ့ Drive ပြောင်းတဲ့အခါမှာ ချက်ခြင်းမရောက်တာ ဖြစ်တတ်ပါတယ်။ အဲဒါဟာ ကားပြသနာ တင်မဟုတ်ပဲ သင့် လုံခြုံရေး အတွက်လဲ ပြသနာ ဖြစ်ပါတယ်။ဒါကြောင့် အမြန်ဆုံးပြင်ဆင်ဖို့ လိုအပ်ပါတယ်။

Credit : မူရင်းရေးသားသူ