ေသနတ္က်ည္ ေပါက္ထြက္ သြားရာမွ တဆင့္ ရဲတပ္ၾကပ္ၾကီး တစ္ဦး အေရးေပၚ ေဆး႐ံု တင္ထားရ

ေသနတ္က်ည္ ေပါက္ထြက္ သြားရာမွ တဆင့္ ရဲတပ္ၾကပ္ၾကီး တစ္ဦး အေရးေပၚ ေဆး႐ံု တင္ထားရ

မႏၱေလး၊ႏို၀င္ဘာ ၁

မႏၱေလးျမိဳ႕တြင္ ယေန႔ မနက္ ၈ နာရီ ၄၀မိနစ္အခ်ိန္က ေသနတ္က်ည္ ေပါက္ထြက္သြားရာမွတဆင့္ ရဲတပ္ၾကပ္ၾကီး တစ္ဦး ၏ ၀မ္းဗိုက္ က်ည္ မွန္သြား၍ အေရးေပၚ ေဆးရံု တင္လိုက္ရေၾကာင္း သိရသည္။

ခ်မ္းျမသာစည္ျမိဳ႕နယ္ အမွတ္ ၁၁နယ္ေျမရဲစခန္း မွ ရဲတပ္သားတစ္ဦးသည္ တရားရံုးထုတ္ လံုျခံဳေရးေဆာင္ရြက္ရန္အတြက္ ထုတ္ေပးထားသည့္ က်ည္ေထာင္၄၀ပါ B – 12315 ေသနတ္အား အိမ္သာတက္ရန္အတြက္ အျခား ရဲတပ္သား တစ္ဦးကို ေခတၱေပးအပ္ထားစဥ္ ရုတ္တရက္ ေသနတ္က်ည္ထြက္သြားျခင္းျဖစ္သည္။

ေပါက္ထြက္သြားသည့္ က်ည္မွာ အနီးနားတြင္ ရွိေနသည့္ ရဲတပ္ၾကပ္ၾကီး တစ္ဦး၏ ညာဘက္ဗိုက္ကို ေဖာက္၀င္သြားသည္ဟု တာ၀န္က် ရဲက ရွင္းျပသည္။

ျဖစ္စဥ္အေပၚ အဲဒီရဲစခန္းဆီ ေပၚျပဴလာနယူးစ္က သြားေရာက္ေမးျမန္းၾကည့္ရာမွာေတာ့ တိုင္းေဒသႀကီးရဲတပ္ဖဲြ႕ဆီျဖစ္စဥ္တင္ျပထားၿပီး အမႈဖြင့္ဖို႔ေဆာင္ရြက္ေနေၾကာင္း ရဲစခန္းတာ၀န္က်ရဲအရာရိွတစ္ဦးက ေျဖၾကားေပးပါတယ္။

ေစာေထြး

Source : Popular News

(Unicode Version)

သေနတ်ကျည် ပေါက်ထွက် သွားရာမှ တဆင့် ရဲတပ်ကြပ်ကြီး တစ်ဦး အရေးပေါ် ဆေးရုံ တင်ထားရ

မန္တလေး၊နိုဝင်ဘာ ၁

မန္တလေးမြို့တွင် ယနေ့ မနက် ၈ နာရီ ၄၀မိနစ်အချိန်က သေနတ်ကျည် ပေါက်ထွက်သွားရာမှတဆင့် ရဲတပ်ကြပ်ကြီး တစ်ဦး ၏ ဝမ်းဗိုက် ကျည် မှန်သွား၍ အရေးပေါ် ဆေးရုံ တင်လိုက်ရကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ် အမှတ် ၁၁နယ်မြေရဲစခန်း မှ ရဲတပ်သားတစ်ဦးသည် တရားရုံးထုတ် လုံခြုံရေးဆောင်ရွက်ရန်အတွက် ထုတ်ပေးထားသည့် ကျည်ထောင်၄၀ပါ B – 12315 သေနတ်အား အိမ်သာတက်ရန်အတွက် အခြား ရဲတပ်သား တစ်ဦးကို ခေတ္တပေးအပ်ထားစဉ် ရုတ်တရက် သေနတ်ကျည်ထွက်သွားခြင်းဖြစ်သည်။

ပေါက်ထွက်သွားသည့် ကျည်မှာ အနီးနားတွင် ရှိနေသည့် ရဲတပ်ကြပ်ကြီး တစ်ဦး၏ ညာဘက်ဗိုက်ကို ဖောက်ဝင်သွားသည်ဟု တာဝန်ကျ ရဲက ရှင်းပြသည်။

ဖြစ်စဉ်အပေါ် အဲဒီရဲစခန်းဆီ ပေါ်ပြူလာနယူးစ်က သွားရောက်မေးမြန်းကြည့်ရာမှာတော့ တိုင်းဒေသကြီးရဲတပ်ဖွဲ့ဆီဖြစ်စဉ်တင်ပြထားပြီး အမှုဖွင့်ဖို့ဆောင်ရွက်နေကြောင်း ရဲစခန်းတာဝန်ကျရဲအရာရှိတစ်ဦးက ဖြေကြားပေးပါတယ်။

စောထွေး

Source : Popular News