သင့္ရဲ႕ နားထဲ ေရဝင္လွ်င္ ဒါေတြလုပ္ပါ

မဂၤလာပါ မိတ္ေဆြတို့ေရ နားထဲ ေရမ၀င္ေအာင္ သတိထားၾကဖို့ ၾကိဳတင္သတိေပးလိုက္ပါရေစ။ အကယ္၍ မေတာ္တဆ နားထဲေရ၀င္သြားခဲ့ရင္ ခုန္ျခင္း၊ နားကို ေစာင္းျပီးခုန္ျခင္း စသျဖင့္ ေရျပန္ထြက္ေအာင္ လုပ္ႏိုင္ၾကပါတယ္။ ေရျပန္မထြက္ပဲ ၾကာေနရင္ နားအုံျခင္း၊ နားအူျခင္း၊ ျပည္တည္ျခင္းမ်ားျဖစ္သြားျပီး အခန့္မသင့္လွ်င္ နားကန္းသြားသည္အထိ ျဖစ္သြားၾကတဲ့ သာဓကေပါင္းမ်ားစြာ ရွိေနပါတယ္။

အပ္နဲ့ထြင္းရမွာကို ေပါက္ဆိန္နဲ့ မေပါက္ရေလေအာင္ သတိေဆာင္ထားၾကေစလိုပါတယ္။ နားအတြက္ ေဆးနည္းမ်ားကို ေလ့လာၾကည့္လိုက္တဲ့အခါ မ်က္စိမွာေရ၊ နားမွာဆီ၊ ဒႏၱီမွာဆား၊ ၀မ္းမွာခါး ဆိုသည့္အတိုင္း နားအတြက္ အေကာင္းဆံုးေဆးဟာ ဆီျဖစ္ေနတာကို ေတြ့ရပါတယ္။ နားအတြက္ ဆီျဖင့္ကုသသည့္ နည္းေပါင္းမ်ားစြာထဲက အေကာင္းဆံုးနည္းကို ေရးသားမွ်ေ၀ေပးလိုက္ပါတယ္။

နားထဲေရ၀င္လွ်င္ ကုသရန္ေဆးနည္း

(၁) မုန္ညင္းဆီ သို့မဟုတ္ နမ္းဆီစစ္စစ္ကို ေၾကးဇြန္းထဲ ထည့္ပါ။

(၂) ဇြန္းေအာက္က ဖေယာင္းတိုင္မီးနဲ့ အပူေပးပါ။ တစ္မိနစ္ခန့္ၾကာလွ်င္ ဆီမ်ား ဆူပြတ္လာမည္။

(၃) ေအာက္ခ်ျပီး ခဏအေအးခံပါ။

(၄) ခပ္ေႏြးေႏြးေလးျဖစ္ရင္ ၄င္းဆီက်က္ကို နားထဲ ထည့္ပါ။

(၅) ခဏေလးထားျပီးရင္ ဆီျပန္ထြက္လာေအာင္ နားကို ေစာင္းေပးပါ။

(၆) ဆီနဲ့အတူ ေရ၊ နားေခ်း စသည္တို့ အတူေရာထြက္လာမည္။

(၇) နားကိုက္မေပ်ာက္မခ်င္း တစ္ေန့ႏွစ္ၾကိမ္နဲ့ ၃ရက္ဆက္တိုက္ ျပဳလုပ္ေပးႏိုင္ပါတယ္။

သတိျပဳရန္ နားထဲကို နားၾကပ္သည့္ ဂြမ္းတံမ်ား၊ နားဖာကေလာ္မ်ား၊ ၾကက္ေတာင္မ်ားျဖင့္ ထိုးထည့္၍ ကလိျခင္းမ်ား မျပဳလုပ္သင့္ပါ။ အေမြးႏုမ်ားျဖင့္ ၀န္းရံထားေသာ အလြန္ႏူးည့ံသည့္ နားအတြင္းပိုင္းသို့ ျပင္ပမွ ဖုံမွဳန့္၊ နားေခ်းေခ်ာက္မ်ား ၀င္သြားလွ်င္ ရာသက္ပန္ နားကန္းသြားႏိုင္သည့္အထိ အႏၱရာယ္ရွိပါတယ္။  သင့္မိတ္ေဆြမ်ားအတြက္လည္း Share ေပးလိုက္ၾကပါဦး။ လူသားအားလံုး က်န္းမာခ်မ္းသာႏိုင္ၾကပါေစ။

ေစာႏြဲ ့ေနဆိုင္ (ပူတာအို)

(Unicode Version)

မင်္ဂလာပါ မိတ်ဆွေတို့ရေ နားထဲ ရေမဝင်အောင် သတိထားကြဖို့ ကြိုတင်သတိပေးလိုက်ပါရစေ။ အကယ်၍ မတော်တဆ နားထဲရေဝင်သွားခဲ့ရင် ခုန်ခြင်း၊ နားကို စောင်းပြီးခုန်ခြင်း စသဖြင့် ရေပြန်ထွက်အောင် လုပ်နိုင်ကြပါတယ်။ ရေပြန်မထွက်ပဲ ကြာနေရင် နားအုံခြင်း၊ နားအူခြင်း၊ ပြည်တည်ခြင်းများဖြစ်သွားပြီး အခန့်မသင့်လျှင် နားကန်းသွားသည်အထိ ဖြစ်သွားကြတဲ့ သာဓကပေါင်းများစွာ ရှိနေပါတယ်။

အပ်နဲ့ထွင်းရမှာကို ပေါက်ဆိန်နဲ့ မပေါက်ရလေအောင် သတိဆောင်ထားကြစေလိုပါတယ်။ နားအတွက် ဆေးနည်းများကို လေ့လာကြည့်လိုက်တဲ့အခါ မျက်စိမှာရေ၊ နားမှာဆီ၊ ဒန္တီမှာဆား၊ ဝမ်းမှာခါး ဆိုသည့်အတိုင်း နားအတွက် အကောင်းဆုံးဆေးဟာ ဆီဖြစ်နေတာကို တွေ့ရပါတယ်။ နားအတွက် ဆီဖြင့်ကုသသည့် နည်းပေါင်းများစွာထဲက အကောင်းဆုံးနည်းကို ရေးသားမျှဝေပေးလိုက်ပါတယ်။

နားထဲရေဝင်လျှင် ကုသရန်ဆေးနည်း

(၁) မုန်ညင်းဆီ သို့မဟုတ် နမ်းဆီစစ်စစ်ကို ကြေးဇွန်းထဲ ထည့်ပါ။

(၂) ဇွန်းအောက်က ဖယောင်းတိုင်မီးနဲ့ အပူပေးပါ။ တစ်မိနစ်ခန့်ကြာလျှင် ဆီများ ဆူပွတ်လာမည်။

(၃) အောက်ချပြီး ခဏအအေးခံပါ။

(၄) ခပ်နွေးနွေးလေးဖြစ်ရင် ၎င်းဆီကျက်ကို နားထဲ ထည့်ပါ။

(၅) ခဏလေးထားပြီးရင် ဆီပြန်ထွက်လာအောင် နားကို စောင်းပေးပါ။

(၆) ဆီနဲ့အတူ ရေ၊ နားချေး စသည်တို့ အတူရောထွက်လာမည်။

(၇) နားကိုက်မပျောက်မချင်း တစ်နေ့နှစ်ကြိမ်နဲ့ ၃ရက်ဆက်တိုက် ပြုလုပ်ပေးနိုင်ပါတယ်။

သတိပြုရန် နားထဲကို နားကြပ်သည့် ဂွမ်းတံများ၊ နားဖာကလော်များ၊ ကြက်တောင်များဖြင့် ထိုးထည့်၍ ကလိခြင်းများ မပြုလုပ်သင့်ပါ။ အမွေးနုများဖြင့် ဝန်းရံထားသော အလွန်နူးညံ့သည့် နားအတွင်းပိုင်းသို့ ပြင်ပမှ ဖုံမှုန့်၊ နားချေးချောက်များ ဝင်သွားလျှင် ရာသက်ပန် နားကန်းသွားနိုင်သည့်အထိ အန္တရာယ်ရှိပါတယ်။  သင့်မိတ်ဆွေများအတွက်လည်း Share ပေးလိုက်ကြပါဦး။ လူသားအားလုံး ကျန်းမာချမ်းသာနိုင်ကြပါစေ။

စောနွဲ့နေဆိုင် (ပူတာအို)