












(Unicode Version)

သင် မသိသေးတဲ့ ကွမ်းရွက်ရဲ့ ကျန်းမာရေး အစွမ်း သတ္တိ ၉ မျိုး

အသွင်ရိုးသလောက် ကွမ်းရွက်ရဲ့အစွမ်းအာနိသင် ကတော့ မရိုးပါဘူး။ ရှေးယခင်ကတည်းက နားခေါင်းသွေးလျှံခြင်း၊ ရေပူလောင်ခြင်း အစရှိတဲ့ ကျန်းမာရေးပြဿနာတွေကုသရာတွင် ကွမ်းရွက်ကို အသုံးပြုခဲ့ကြပါတယ်။ သမိုင်းပညာရှင်များ ပြောဆိုပုံအရ ကွမ်း ရွက် ကို အာရှတိုက်ရှိ သိရိလင်္ကာနိုင်ငံမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ လောက်ကတည်းက စတင်သုံးစွဲ ခဲ့တယ်လို့ သိရပါတယ်။ စာဖတ်သူအား ကွမ်းရွက်ရဲ့အစွမ်းသတ္တိ ၉ ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

အန်တီအောက်ဆီဒန့်ဓါတ် ပြည့်ဝခြင်း

ကွမ်းရွက်မှာပါရှိတဲ့ အန္တရာယ်ရှိသော မော်လီကျုတွေကို သုတ်သင်ပေးတဲ့ antioxidant ဓါတ်တွေက ခန္ဓာကိုယ်အတွင်းရှိ free radicals (အီလက်ထရွန်ဓါတ်မဲ့မော်လီကျု)တွေကို တိုက်ခိုက်ဖယ်ရှားပေးပါတယ်။ ကွမ်းရွက်စားသုံးပါက အဲဒီအာနိသင်တွေကို စာရှုသူရရှိမှာ ဖြစ်ပါတယ်။

ဝမ်းချုပ်ခြင်း – ကွမ်းရွက်စားသုံးခြင်းကြောင်း အူမကြီးမှကျင်ကြီးစွန့်ထုတ်မှုကို လွယ်ကူစေပါတယ်။

သွားဖုံးသွေးထွက်ခြင်း – ကွမ်းရွက်ပြုတ်ရည်သောက်သုံးခြင်းဖြင့် သွားဖုံးသွေးထွက်ခြင်းကို ပျောက်ကင်းအောင်ကုသနိုင်ပါတယ်။

ရောင်ရမ်းနာကျင်ခြင်း – ခန္ဓာကိုယ်ရောင်ရမ်းနာကျင်ပါက ကွမ်းရွက်စားသုံးခြင်း ဒါမှမဟုတ် ကွမ်းရွက်ပြုတ်ရည်သောက်သုံးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။

ချောင်းဆိုးခြင်း – ကွမ်းရွက်ပြုတ်ရည်ဟာ ချောင်းဆိုးခြင်းနှင့် အခြားအသက်ရှူလမ်းကြောင်းရောဂါများ ကုသရာတွင် အစွမ်းထက်တဲ့ဆေးတစ်လက်ဖြစ်ပါတယ်။

ဆီးချိုရောဂါ – ဆီးချိုရောဂါကို ကွမ်းရွက်ရည်နှင့် ကုသပေးနိုင်ပါတယ်။ ကွမ်းရွက်တွင် ဆီးချိုရောဂါသက်သာပျောက်ကင်းတဲ့ ဂုဏ်သတ္တိတွေပါဝင်တာကြောင်း အစွမ်းထက်တဲ့ဆေးတစ်လက်ဖြစ်ပါတယ်။

ဒါဏ်ရာ – ကွမ်းရွက်မှာ ပိုးသတ်ဆေးအာနိသင်ပါတဲ့အတွက် ရေပူလောင်ဒါဏ်ရာများ၊ ကုတ်ရာခြစ်ရာများအပြင် အခြားဒါဏ်ရာများကိုလည်း ကွမ်းရွက်နှင့် ပျောက်ကင်းအောင်ကုသနိုင်ပါတယ်။

ဆေးလိပ်ဖြတ်ခြင်း – ဆေးလိပ်သောက်တဲ့သူတွေအတွက် ကွမ်းရွက်ကိုဝါးစားခြင်းဖြင့် အဲဒီအကျင့်ဆိုးကို ဖျောက်ဖျက်နိုင်ပါတယ်။

ဝက်ခြံ – မျက်နှာပေါ်ရှိဝက်ခြံကိုလည်း ကွမ်းရွက်ရည်နှင့် မျက်နှာကို ပုံမှန်ဆေးကြောသန့်စင်ခြင်းဖြင့် ကုသပေးနိုင်ပါတယ်။

Credit : မူရင်းရေးသားသူ