ပါခ်ဳပ္​ဆရာ​ေတာ္​ ျပန္​ေျဖတာေလးကို ႀကိဳက္​တယ္

ပါခ်ဳပ္​ဆရာ​ေတာ္​ ျပန္​ေျဖတာေလးကို ႀကိဳက္​တယ္

(​ဂ်ာမနီသူ)

ဗမာျပည္ကို လွည့္ၾကည့္တ့ဲအခါ ဘုရားအေဟာင္းေတြလည္း အမ်ားႀကီး ေတြ႔တယ္။ အသစ္ေတြလည္း တည္ေနၾကတယ္။ဘုရားေတြ ေနာက္ထပ္တည္မယ့္အစား စာသင္ေက်ာင္း မ႐ွိတ့ဲေနရာ စာသင္ေက်ာင္း ေဆာက္ဖို႔ ဆရာေတာ္တို႔ တရားေဟာလို႔ မရဘူးလား။

(ပါခ်ဳပ္ဆရာေတာ္)

မရဘူး။ လူဆိုတာ သူႀကိဳက္တာ သူလုပ္တာ။ တစ္ခ်ဳိ့က စာသင္ေက်ာင္းမွ မေဆာက္ခ်င္တာ။ ဘုရားပဲ တည္ခ်င္တာ။ သူ႔ဆႏၵသူ ျဖည့္ဆည္းတာ။ မင္းလည္း အခု ကမၻာလွည့္ေနတာ မဟုတ္လား။ ကုန္​က်စရိတ္​ အမ်ားႀကီးပဲ။ ဒီေငြေတြကို စာသင္ေက်ာင္း ေဆာက္လိုက္လို႔ ေျပာရင္ ဘယ္လို ေနမလဲ။ လူဆိုတာ သူ႔ဆႏၵသူ ျဖည့္ဆည္းခ်င္ၾကတာ။ ဘုန္းႀကီးတို႔ တရားေဟာလို႔ မရတာေတြ ႐ွိတယ္။

(အဂၤလန္သူ)

ဟိုမွာလည္း ဘုရားေတြ အမ်ားႀကီးပဲ။ ဒီမွာလည္း အသစ္တည္ေနျပန္ၿပီ။ လိုလို႔လား။

(ပါ​ေမာကၡခ်ဳပ္​ ဆရာေတာ္)

မင္းအတြက္ေတာ့ မလိုဘူး၊ သူ႔အတြက္ လိုလို႔ သူလုပ္တာေပါ့။ ဘုရားတည္ခ်င္တ့ဲလူက ဘုရားေလး တည္လိုက္ရမွ ေသေပ်ာ္သြားတာမ်ဳိး ႐ွိတယ္။ ကုသိုလ္​ရၿပီဆိုၿပီး သူ႔အတြက္ သူလုံျခံဳ စိတ္ခ်သြားတယ္။ အ့ဲဒါကို မင္း ဘုရားမတည္နဲ႔၊ စာသင္ေက်ာင္း ေဆာက္ပါဆိုသူ ဘယ္လုပ္မလဲ။ လူဆိုတာ သူ႔ဆႏၵသူ ျဖည့္ဆည္းခ်င္ၾကတာ။ ဧဝရတ္ေတာင္ေပၚ တက္ေနသူေတြလည္း အမ်ားႀကီး။ အာဖရိက ေတာနက္ထဲ အေပ်ာ္ဓာတ္ပုံ ထြက္႐ိုက္သူေတြလည္း အမ်ားႀကီး။ ေလာကမွာ ေငြေတြ သုံးျဖဳန္းေနၾကတာပဲ။ ကိုယ္ႀကိဳက္တာ ကိုယ္လုပ္ေနၾကတာကို ဘုန္းႀကီးတို႔က ဘယ္လိုလုပ္ သြားတရားေဟာမလဲ။

ပါ​ေမာကၡခ်ဳပ္​ဆရာေတာ္

သုတၱႏၱ အပိုင္း-၂၊ သဗၺာသဝ သံဝရသုတ္ သင္တန္း

Credit : Nanda Ariya ,Post by Young Buddhist Association

(Unicode Version)

ပါချုပ်ဆရာတော် ပြန်ဖြေတာလေးကို ကြိုက်တယ်

(ဂျာမနီသူ)

ဗမာပြည်ကို လှည့်ကြည့်တဲ့အခါ ဘုရားအဟောင်းတွေလည်း အများကြီး တွေ့တယ်။ အသစ်တွေလည်း တည်နေကြတယ်။ဘုရားတွေ နောက်ထပ်တည်မယ့်အစား စာသင်ကျောင်း မရှိတဲ့နေရာ စာသင်ကျောင်း ဆောက်ဖို့ ဆရာတော်တို့ တရားဟောလို့ မရဘူးလား။

(ပါချုပ်ဆရာတော်)

မရဘူး။ လူဆိုတာ သူကြိုက်တာ သူလုပ်တာ။ တစ်ချို့က စာသင်ကျောင်းမှ မဆောက်ချင်တာ။ ဘုရားပဲ တည်ချင်တာ။ သူ့ဆန္ဒသူ ဖြည့်ဆည်းတာ။ မင်းလည်း အခု ကမ္ဘာလှည့်နေတာ မဟုတ်လား။ ကုန်ကျစရိတ် အများကြီးပဲ။ ဒီငွေတွေကို စာသင်ကျောင်း ဆောက်လိုက်လို့ ပြောရင် ဘယ်လို နေမလဲ။ လူဆိုတာ သူ့ဆန္ဒသူ ဖြည့်ဆည်းချင်ကြတာ။ ဘုန်းကြီးတို့ တရားဟောလို့ မရတာတွေ ရှိတယ်။

(အင်္ဂလန်သူ)

ဟိုမှာလည်း ဘုရားတွေ အများကြီးပဲ။ ဒီမှာလည်း အသစ်တည်နေပြန်ပြီ။ လိုလို့လား။

(ပါမောက္ခချုပ် ဆရာတော်)

မင်းအတွက်တော့ မလိုဘူး၊ သူ့အတွက် လိုလို့ သူလုပ်တာပေါ့။ ဘုရားတည်ချင်တဲ့လူက ဘုရားလေး တည်လိုက်ရမှ သေပျော်သွားတာမျိုး ရှိတယ်။ ကုသိုလ်ရပြီဆိုပြီး သူ့အတွက် သူလုံခြုံ စိတ်ချသွားတယ်။ အဲ့ဒါကို မင်း ဘုရားမတည်နဲ့၊ စာသင်ကျောင်း ဆောက်ပါဆိုသူ ဘယ်လုပ်မလဲ။ လူဆိုတာ သူ့ဆန္ဒသူ ဖြည့်ဆည်းချင်ကြတာ။ ဧဝရတ်တောင်ပေါ် တက်နေသူတွေလည်း အများကြီး။ အာဖရိက တောနက်ထဲ အပျော်ဓာတ်ပုံ ထွက်ရိုက်သူတွေလည်း အများကြီး။ လောကမှာ ငွေတွေ သုံးဖြုန်းနေကြတာပဲ။ ကိုယ်ကြိုက်တာ ကိုယ်လုပ်နေကြတာကို ဘုန်းကြီးတို့က ဘယ်လိုလုပ် သွားတရားဟောမလဲ။

ပါမောက္ခချုပ်ဆရာတော်

သုတ္တန္တ အပိုင်း-၂၊ သဗ္ဗာသဝ သံဝရသုတ် သင်တန်း

Credit : Nanda Ariya ,Post by Young Buddhist Association