iPhone အလံုး ၈၀၀ ေက်ာ္ အပါအ၀င္ တရားမ၀င္ တင္သြင္းလာသည့္ လွ်ပ္စစ္ ပစၥည္း က်ပ္သိန္းႏွစ္ေသာင္းေက်ာ္ဖိုး ဖမ္းဆီးရမိ

iPhone အလံုး ၈၀၀ ေက်ာ္ အပါအ၀င္ တရားမ၀င္ တင္သြင္းလာသည့္ လွ်ပ္စစ္ ပစၥည္း က်ပ္သိန္းႏွစ္ေသာင္းေက်ာ္ဖိုး ဖမ္းဆီးရမိ

မြန္ျပည္နယ္ စစ္ေတာင္တံတားအနီး က်ိဳက္ထိုဘီးခြန္ဂိတ္ မိုင္တိုင္အမွတ္ ၉၁ /၂ တြင္ ယာဥ္အမွတ္ 3P/7726 အံစာတုံုးအျဖဴေရာင္အေပၚမွ ၂၀၁၈ ခုနစ္ ေအာက္တိုဘာ ၂၇ ရက္၌ အေကာက္ခြန္လႈပ္ရွားစစ္ေဆးေရးအဖြဲ႔မွ က်ပ္သိန္းေပါင္းႏွစ္ေသာင္းေက်ာ္ တန္ဖိုးရွိ Apple အမွတ္တံဆိပ္ပါ iPhone အလံုး ၈၀၀ ေက်ာ္နင့္ အျခားလွ်ပ္စစ္ပစၥည္းမ်ားကို ဖမ္းဆီရမိခဲ့ေၾကာင္း သိရသည္။

”အခုလို ပမာဏအမ်ားဆံုးမိတာက ပထမဆံုးပါ။ မိတဲအထဲမွာ Apple အမွတ္တံဆိပ္ပါ iPhone, iPad, macbook, iMac, Camera တံဆိပ္စံုနဲ႔ ဆက္စပ္ပစၥည္းေတြမိျပီးေတာ့ တန္ဖိုးက သိန္းေပါင္းနွစ္ေသာင္းေက်ာ္ ရွိပါတယ္”ဟု အေကာက္ခြန္လႈပ္ရွားစစ္ေဆးေရးအဖြဲ႔မွ တာဝန္ရွိသူတဦးက ေျပာသည္။

ဖမ္းဆီးရမိေသာ ပစၥည္းအမ်ိဳးအစားမ်ားမွာ Apple Watch Series 4 ( ၁၉ ) လံုး၊ iMac ( ၁၀ ) လံုး iPad (၄၃) လံုး ၊ Apple Pencil For iPad pro & iPad ( ၂ ) လံုး ၊ iPhone (၈၈၂)လံုး ၊

Macbook ( ၂၅) လံုး ၊ Apple magic mouse ( ၁၀)လံုး ၊ Apple iTune tele (40-boxes ) ၊ Cannon (camera with lens) ၄၈ လံုး ၊ Canon (lens) ၁၅ လံုး ၊ Canon camera ( body lens) ၃ လံုး ၊

Canon (eos accessories) ၁ လံုး ၊ Nikon camera (body only) ၃ လံုး ၊ Nikon (lens) ၅ လံုး ၊ Nikon (camera with lens) ၁၁ လံုး ၊ Nikon rechargeable camera battery ( ၂)လံုး ၊ Sony (lens) ၄ လံုး ၊ Sony/HDR-CX 405/Hendycam ( ၅ )လံုး ၊

Tokina (lens) ၁လံုး ၊ Sigma (lens) ၁ လံုး ၊ Tamron (lens) ၃ လံုး ၊ AKAI (apc 40) Ableton live perfomance controller (၁) လံုးႏွင့္ Go-pro Nero (၇)လံုး ဖမ္းဆီမီခဲ့ေၾကာင္း သိရသည္။

Source : ဇင္နိုင္ (News Watch)

(Unicode Version)

iPhone အလုံး ၈၀၀ ကျော် အပါအဝင် တရားမဝင် တင်သွင်းလာသည့် လျှပ်စစ် ပစ္စည်း ကျပ်သိန်းနှစ်သောင်းကျော်ဖိုး ဖမ်းဆီးရမိ

မွန်ပြည်နယ် စစ်တောင်တံတားအနီး ကျိုက်ထိုဘီးခွန်ဂိတ် မိုင်တိုင်အမှတ် ၉၁ /၂ တွင် ယာဉ်အမှတ် 3P/7726 အံစာတုံးအဖြူရောင်အပေါ်မှ ၂၀၁၈ ခုနစ် အောက်တိုဘာ ၂၇ ရက်၌ အကောက်ခွန်လှုပ်ရှားစစ်ဆေးရေးအဖွဲ့မှ ကျပ်သိန်းပေါင်းနှစ်သောင်းကျော် တန်ဖိုးရှိ Apple အမှတ်တံဆိပ်ပါ iPhone အလုံး ၈၀၀ ကျော်နင့် အခြားလျှပ်စစ်ပစ္စည်းများကို ဖမ်းဆီရမိခဲ့ကြောင်း သိရသည်။

”အခုလို ပမာဏအများဆုံးမိတာက ပထမဆုံးပါ။ မိတဲအထဲမှာ Apple အမှတ်တံဆိပ်ပါ iPhone, iPad, macbook, iMac, Camera တံဆိပ်စုံနဲ့ ဆက်စပ်ပစ္စည်းတွေမိပြီးတော့ တန်ဖိုးက သိန်းပေါင်းနှစ်သောင်းကျော် ရှိပါတယ်”ဟု အကောက်ခွန်လှုပ်ရှားစစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

ဖမ်းဆီးရမိသော ပစ္စည်းအမျိုးအစားများမှာ Apple Watch Series 4 ( ၁၉ ) လုံး၊ iMac ( ၁၀ ) လုံး iPad (၄၃) လုံး ၊ Apple Pencil For iPad pro & iPad ( ၂ ) လုံး ၊ iPhone (၈၈၂)လုံး ၊

Macbook ( ၂၅) လုံး ၊ Apple magic mouse ( ၁၀)လုံး ၊ Apple iTune tele (40-boxes ) ၊ Cannon (camera with lens) ၄၈ လုံး ၊ Canon (lens) ၁၅ လုံး ၊ Canon camera ( body lens) ၃ လုံး ၊

Canon (eos accessories) ၁ လုံး ၊ Nikon camera (body only) ၃ လုံး ၊ Nikon (lens) ၅ လုံး ၊ Nikon (camera with lens) ၁၁ လုံး ၊ Nikon rechargeable camera battery ( ၂)လုံး ၊ Sony (lens) ၄ လုံး ၊ Sony/HDR-CX 405/Hendycam ( ၅ )လုံး ၊

Tokina (lens) ၁လုံး ၊ Sigma (lens) ၁ လုံး ၊ Tamron (lens) ၃ လုံး ၊ AKAI (apc 40) Ableton live perfomance controller (၁) လုံးနှင့် Go-pro Nero (၇)လုံး ဖမ်းဆီမီခဲ့ကြောင်း သိရသည်။

Source : ဇင်နိုင် (News Watch)