၂၀၁၈ ခုႏွစ္၊ ႏို၀င္ဘာလ (၇) ရက္ေန႔ အတြက္ မိုးေလ၀သ ခန္႔မွန္းခ်က္

က်န္းမာေတာ္မူႀကပါစခင္ဗ်ာ။ ၆-၁၁-၂၀၁၈/ ည(၈း၄၅)နာရီ။

၂၀၁၈ ခုႏွစ္၊ႏို၀င္ဘာလ (၇) ရက္ေန႔ အတြက္ မိုးေလ၀သခန္႔မွန္းခ်က္။

ဘဂၤလားပင္လယ္ေအာ္တြင္မုန္တိုင္းျဖစ္ေပၚႏိုင္မႈအေျခအေန။ ကပၸလီပင္လယ္ျပင္အတြင္းသို႕ အေရွ႕ဖက္မွေရြ႕လွ်ားလာေသာ အေရွ႕ေလေပြလိႈင္းတစ္ခု၀င္ေရာက္လာျပီးေနာက္ အေနာက္ေျမာက္ဖက္သို႕ ဆက္လက္ေရြ႕လွ်ားလာရာ ပိုမိုအားေကာင္းလာျပီး၊ ဘဂၤလားပင္လယ္ေအာ္အလယ္ပိုင္းအေရာက္တြင္ မုန္တိုင္းတစ္လံုးျဖစ္လာႏိုင္ပါတယ္။

ဘဂၤလားပင္လယ္ေအာ္နဲ႔ေတာင္တရုတ္ပင္လယ္ျပင္အေျခအေန။ (၅-၁၁-၂၀၁၈)ရက္ နံနက္ (၀၉ း ၀၀) နာရီအခ်ိန္KALPANA_1ျဂိဳဟ္တုမွတိုင္းတာေပးခ်က္အ ရ၊ဘဂၤလားပင္လယ္ေအာ္ ေျမာက္ပိုင္း မွာ တိမ္အနည္းငယ္ ျဖစ္ထြန္း ေနၿပီး၊ ကပၸလီပင္လယ္ျပင္ ႏွင့္ က်န္ဘဂၤလားပင္လယ္ေအာ္ တို႔မွာ တိမ္ အသင့္အတင့္ ျဖစ္ထြန္း ေနပါတယ္။ ျမန္မာႏုိင္ငံ ေျမာက္ပိုင္း ႏွင့္ ေတာင္ပိုင္း တို႔မွာ တိမ္အသင့္အ တင့္ ျဖစ္ထြန္း ေနၿပီး၊က်န္ေဒသေတြမွာ တိမ္အနည္းငယ္ ျဖစ္ထြန္း ေနပါတယ္။

ျမန္မာ့ပင္လယ္ျပင္အေျခအေန။ ျမန္မာ႔ကမ္းရိုးတန္း ႏွင့္ ကမ္းလြန္ ပင္လယ္ျပင္ ေတြမွာ လိႈင္းအနည္း ငယ္ မွ လိႈင္းအသင့္ အတင့္ ရွိပါမယ္။ျမန္မာ႔ကမ္းရိုးတန္း ႏွင့္ ကမ္းလြန္ ပင္လယ္ျပင္ ေတြမွာ လိႈင္း အျမင့္ (၁) ေပခန္႔ မွ (၄)ေပ ခန္႔ ရွိႏိုင္ပါတယ္။

ညအပူခ်ိန္မ်ားအေျခအေန။ ခ်င္းျပည္နယ္၊ရွမ္းျပည္နယ္္ ႏွင့္ ကယားျပည္နယ္ တို႔မွာ 10°C မွ 16°C ခန္႔၊က်န္ေဒသေတြမွာ 17°C မွ 22°C အထိရွိႏိုင္ပါတယ္။

ခရမ္းလြန္ေရာင္ျခည္အညႊန္းကိန္းမ်ားအေျခအေန။၊ တစ္ျပည္လံုး မွာ ခရမ္းလြန္ေရာင္ျခည္ အညႊန္း ကိန္း အလြန္ျမင့္မားအဆင့္ တြင္ရွိႏိုင္ပါတယ္။

မိုးတိမ္ေတာင္ျဖစ္ေပၚႏိုင္မႈအေျခအေန။ မြန္ျပည္နယ္ နဲ႕ တနသၤာရီတိုင္းတြင္ မိုးတိမ္ေတာင္အနည္းငယ္ျဖစ္ထြန္းႏိုင္သည္မွအပ၊ တျပည္လံုးတြင္ မိုးတိမ္ေတာင္မ်ားကင္းစင္ ႏိုင္ပါတယ္။

မိုးရြာသြန္းမႈအေျခအေနခန္႔မွန္းခ်က္။ ကခ်င္ျပည္နယ္ တြင္ေနရာက်ဲက်ဲ ႏွင့္ စစ္ကိုင္းတိုင္းတြင္ ေနရာကြက္က်ား မိုးအနည္းငယ္ ထစ္ခ်ဳန္းရြာႏုိင္ၿပီး၊ က်န္ေဒသေတြ မွာ တိမ္အနည္းငယ္ ျဖစ္ထြန္း ပါတယ္။

ေနာက္ႏွစ္ရက္အတြက္ခန္႔မွန္းခ်က္။ ျမန္မာႏုိင္ငံ ေျမာက္ပိုင္း ေဒသေတြမွာ ေနရာကြက္က်ား မိုးထစ္ ခ်ဳန္း႐ြာ ႏိုင္ပါတယ္။

ေဒါက္တာထြန္းလြင္္

(Unicode Version)

ကျန်းမာတော်မူကြပါစခင်ဗျာ။ ၆-၁၁-၂၀၁၈/ ည(၈း၄၅)နာရီ။

၂၀၁၈ ခုနှစ်၊နိုဝင်ဘာလ (၇) ရက်နေ့ အတွက် မိုးလေဝသခန့်မှန်းချက်။

ဘင်္ဂလားပင်လယ်အော်တွင်မုန်တိုင်းဖြစ်ပေါ်နိုင်မှုအခြေအနေ။ ကပ္ပလီပင်လယ်ပြင်အတွင်းသို့ အရှေ့ဖက်မှရွေ့လျှားလာသော အရှေ့လေပွေလှိုင်းတစ်ခုဝင်ရောက်လာပြီးနောက် အနောက်မြောက်ဖက်သို့ ဆက်လက်ရွေ့လျှားလာရာ ပိုမိုအားကောင်းလာပြီး၊ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းအရောက်တွင် မုန်တိုင်းတစ်လုံးဖြစ်လာနိုင်ပါတယ်။

ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။ (၅-၁၁-၂၀၁၈)ရက် နံနက် (၀၉ း ၀၀) နာရီအချိန်KALPANA_1ဂြိုဟ်တုမှတိုင်းတာပေးချက်အ ရ၊ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း မှာ တိမ်အနည်းငယ် ဖြစ်ထွန်း နေပြီး၊ ကပ္ပလီပင်လယ်ပြင် နှင့် ကျန်ဘင်္ဂလားပင်လယ်အော် တို့မှာ တိမ် အသင့်အတင့် ဖြစ်ထွန်း နေပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်း နှင့် တောင်ပိုင်း တို့မှာ တိမ်အသင့်အ တင့် ဖြစ်ထွန်း နေပြီး၊ကျန်ဒေသတွေမှာ တိမ်အနည်းငယ် ဖြစ်ထွန်း နေပါတယ်။

မြန်မာ့ပင်လယ်ပြင်အခြေအနေ။ မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန် ပင်လယ်ပြင် တွေမှာ လှိုင်းအနည်း ငယ် မှ လှိုင်းအသင့် အတင့် ရှိပါမယ်။မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန် ပင်လယ်ပြင် တွေမှာ လှိုင်း အမြင့် (၁) ပေခန့် မှ (၄)ပေ ခန့် ရှိနိုင်ပါတယ်။

ညအပူချိန်များအခြေအနေ။ ချင်းပြည်နယ်၊ရှမ်းပြည်နယ် နှင့် ကယားပြည်နယ် တို့မှာ 10°C မှ 16°C ခန့်၊ကျန်ဒေသတွေမှာ 17°C မှ 22°C အထိရှိနိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများအခြေအနေ။၊ တစ်ပြည်လုံး မှာ ခရမ်းလွန်ရောင်ခြည် အညွှန်း ကိန်း အလွန်မြင့်မားအဆင့် တွင်ရှိနိုင်ပါတယ်။

မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှုအခြေအနေ။ မွန်ပြည်နယ် နဲ့ တနင်္သာရီတိုင်းတွင် မိုးတိမ်တောင်အနည်းငယ်ဖြစ်ထွန်းနိုင်သည်မှအပ၊ တပြည်လုံးတွင် မိုးတိမ်တောင်များကင်းစင် နိုင်ပါတယ်။

မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်။ ကချင်ပြည်နယ် တွင်နေရာကျဲကျဲ နှင့် စစ်ကိုင်းတိုင်းတွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပြီး၊ ကျန်ဒေသတွေ မှာ တိမ်အနည်းငယ် ဖြစ်ထွန်း ပါတယ်။

နောက်နှစ်ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသတွေမှာ နေရာကွက်ကျား မိုးထစ် ချုန်းရွာ နိုင်ပါတယ်။

ဒေါက်တာထွန်းလွင်