ငပလီက ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ေဒါက္တာစုနႏၵာ​ေက်ာ္ ႐ွင္းပါျပီ

ငပလီကျဖစ္စဥ္နဲ႔ပတ္သက္ျပီးအားလုံးက ၀ုိင္း၀န္းစာနာေပးၾကတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ ဒီၾကားထဲမွာ အျဖစ္မွန္ကုိ သူမ်ားတကာေျပာရင္း တျဖည္းျဖည္းနဲ႔ အမွားေတြပါလာမွာစုိးလုိ႔ ဒီပို႔စ္ကို တင္လိုက္ပါသည္။

၁.၄.၂၀၀၉မွာ က်မအစိုးရအလုပ္ကိုစတင္တင္၀င္ေရာက္ခဲ့လုိ႕ ခုခ်ိန္ထိဆိုရင္လုပ္သက္ ၁၀ နွစ္နီးပါးရွိပါျပီ။စစ္ေတြေဆးရုံၾကီးနဲ႔ ေျမပုံေဆးရုံတုိ႕မွာ ၉နွစ္ေက်ာ္တာ၀န္ထမ္းေဆာင္ခဲ့ျပီးေနာက္၊ ငပလီ ေဆးရုံကုိ တုိက္နယ္ဆရာ၀န္အျဖစ္နဲ႔ ၄.၇.၂၀၁၈ မွာ စတင္ေရာက္ရွိတာ၀န္ထမ္းပါတယ္။

ငပလီေဆးရုံကိုက်မေရာက္ရိွခ်ိန္မယ္၊ ကုတင္ ၂၅ ဆန္႔ဆုိေပမယ့္ ေဆးရုံအေနနဲ႔မဟုတ္ပဲ ဧည့္ရိပ္သာသေဘာအေနန႔ဲသာထားရိွၿပီး အလုပ္လုပ္ေနသလို အတြင္းလူနာလည္းထားရိွခဲ့ျခင္မရိွပါ။ ထို႔အတြက္ က်မေရာက္ရိွခ်ိန္မွစၿပီး၊ ရြာလူထုမွ ေဆးရုံအေနနဲ႔အသိမ်ားလာေအာင္ နယ္ခံေတြ အားကုိးနုိင္တဲ့ ေဆးရုံတစ္ခုျဖစ္လာရေအာင္ ရပ္ရြာေတြကုိကြင္းဆင္းကုသေပးျခင္း၊ က်န္းမာေရးအသိပညာေပးေဟာေျပာပြဲမ်ားက်င္းပျခင္းတို႔ကို လုပ္ေပးခဲ့ပါတယ္။

ေဆးရုံမွာ အတြင္းလူနာတင္ၿပီး ကုသမႈခံယူရရိွနိုင္ေအာင္၊ ျပင္ပလူနာေတြကုိလည္း ပိုမိုေစာင့္ေရွာက္မွႈေပးနုိင္ေအာင္ လိုအပ္ေသာေဆးဝါးမ်ားကုိ ျပည္နယ္ကေတာင္း အလွဴေငြေကာက္ခံၿပီးရတာေလးနဲ႔၀ယ္ တခါတရံကုိယ့္အိတ္စုိက္ဝယ္ စသျဖင့္ ေဆးရံုရဲ႕အဂၤါရပ္နဲ႔တူညီလာေအာင္ လုပ္ငန္းလည္ပတ္လာရေလေအာင္ အတတ္နိုင္ဆံုးေဆာင္႐ြက္ခဲ့ပါတယ္။

က်မ ငပလီေဆးရံုသို႔ေရာက္ရိွခ်ိန္မွ စၿပီး၊ ေဆးရံုတြင္းစီမံခန္႔ခြဲမႈႏွင့္ပတ္သက္၍ ကိုယ္စြမ္းညဏ္စြမ္း႐ွိသေရြ႔ႀကိဳးစားခဲ့ပါသည္။ ေရာက္ရွိျပီး ေလးလအတြင္း တုိက္နယ္ဆရာ၀န္တစ္ေယာက္သာရွိေသာေဆးရုံတစ္ခုမွ၊ ျပင္ပလူနာ ၂၆၄၅ေယာက္၊ အတြင္းလူနာ ၁၉၅ေယာက္၊ ရိုးရိုးမီးဖြားလူနာ ၄ ေယာက္၊ အေသးစားခြဲစိတ္မႈ ၁၀၀ေယာက္၊ ကုိယ္၀န္ပ်က္က်သူ ၄ ေယာက္တုိ႕ကို ကုသမႈေပးခဲ့နုိင္ပါသည္

ဒါ့အျပင္ ေအာက္တိုဘာ ၂၂/၂၃/၂၄/၂၅ ရက္ေတြမွာ အထူးကုခရီးစဥ္နဲ႔အတူ လိုက္ပါလာတဲ့ဧည့္သည္မ်ားအတြက္ ေနရာထိုင္ခင္းကိုလည္း ငပလီေဆးရံုအေပၚထပ္မွာ အဆင္ေျပေအာင္ စီစဥ္ေဆာင္ရြက္ေပးခဲ့ပါတယ္။ အထူးကု ခရီးစဥ္ကာလ ၂၃/၂၄/၂၅ရက္မ်ားတြင္ ခြဲစိပ္ခန္းအတြင္း ေမ့ေဆးအကူအျဖစ္၎ အိုဂ်ီအကူအျဖစ္၎ ခြဲစိပ္အကူအျဖစ္၎ ေတာက္တိုမယ္ရအလုပ္မ်ား ကူညီလုပ္ကိုင္ေပးရင္း မနက္ ၈နာရီမွ ညေန ၆နာရီ ေက်ာ္အထိ တာဝန္ထမ္းေဆာင္ခဲ့ပါသၫ္။

အခုရက္ပိုင္းကာလက၊ လက္ေထာက္ဆရာ၀န္ေတြ အထူးကုသင္တန္းအတြက္ စာေမးပြဲေျဖရန္ခြင့္ယူေနၾကခ်ိန္ပါ၊ ထို႔ေၾကာင့္ လုပ္ငန္းလိုအပ္ခ်က္အရ သံတြဲခ႐ိုင္ေဆးရံုႀကီးအတြက္ တိုက္နယ္ဆရာဝန္မ်ား ဂ်ဴတီဆင္းေပးၾကရသလို ကုိယ့္ေဆးရုံကအတြင္းအျပင္လူနာေတြအတြက္လည္း တာဝန္ရိွေနခဲ့ပါတယ္။

ကြၽန္မက ေအာက္တိုဘာ ၂၈ ကေန ၃၁ရက္ေန႔ထိ သံတြဲေဆးရံု ေန့ဂ်ဴတီပါ။ ယခုျဖစ္စဥ္ျဖစ္ပြားခဲ့တဲ့ေန႔ ေအာက္တိုဘာ ၂၈ရက္မွာ တနဂၤေႏြေန႔ ျဖစ္ၿပီး၊ သံတြဲေဆးရံုမွာ ဂ်ဴတီက်ဆရာဝန္ ကြၽန္မတေယာက္တည္းပဲရိွခဲ့ပါတယ္၊ သံတြဲေဆးရုံမွာ တေနကုန္ တစ္ေယာက္တည္းဒိုင္ခံ ဂ်ဴတီဆင္းေနခဲ့ရပါတယ္။

လူႀကီးလမ္းေၾကာင္းအတြက္ medical cover တာဝန္ခ်ထားခံရျခင္း မ႐ွိပါ။ ညေနသံတြဲေဆးရုံမွအျပန္ ငပလီေဆးရံု၌႐ွိေနခ်ိန္ ည၈ နာရီ ၁၀မိနစ္ခန္႔တြင္ သံတြဲခ႐ိုင္ေဆးရံုအုပ္ႀကီးမွ silver beach hotel တြင္ ျပန္ၾကားေရးမွအရာ႐ွိတဦး မူးၿပီးလဲ၍ေခါင္းေပါက္သြားေၾကာင္း ဖုန္းဆက္လာပါသည္။

ေဆးထည့္ရန္ ခ်ဳပ္ရန္ လိုအပ္ေသာပစၥည္းမ်ားနွင့္ emergency boxအဆင္သင့္လုပ္ထားၿပီး ဟိုတယ္သို႔သြားၾကည့္ရန္နွင့္၊ intracranial haemorrhage ရေသာအေျခအေနမ်ား႐ွိလ်ွင္ referလုပ္ရပါမည္ဟု ေျပာပါသည္။ က်မမွ၊ ဟုိတယ္မွာကုသရတာထက္စာလ်င္ ပိုမိုအဆင္ေျပနိုင္မည့္ လိုအပ္ေသာေဆးဝါးနွင့္ကုသေရးပစၥည္းမ်ားအစံုအလင္ရိွေနပါေသာ ေဆးရံုသို႔ေခၚလာပါက ပို၍ေကာင္းပါေၾကာင္း ေဆးရံုမွာ အကုန္အဆင္သင့္ေစာင့္ေနပါမည္ ဟိုတယ္သို့သြားရန္ အဆင္မေျပပါ ္ဟု ​ေျပာခဲ့ပါသည္။

မူးၿပီးလဲသည္ ကြဲသည္ ဟူေသာ အေျခအေနမွာ ေသးေသးေလးျဖစ္ႏိုင္သလို ႀကီးႀကီးမားမားလဲဖစ္သြားႏိုင္ေၾကာင္း ဆရာဝန္မ်ားအားလံုး သိ႐ွိၿပီးျဖစ္ပါသည္။ခ႐ိုင္ေဆး႐ုံအုပ္ႀကီးမွ ႏိုင္ငံေတာ္အဆင့္ပုဂၢိဳလ္တစ္ေယာက္ကို သြားၾကည့္ေပးရမွာ မလုပ္ေပးႏိုင္စရာဘာရွိလဲ ဒါအမိန္႔ပဲ နင့္မွာတာဝန္ရွိတယ္လို႔ ေျပာလာပါတယ္။

ကၽြန္မလည္း ဆရာဝန္တစ္ေယာက္တည္းရွိတဲ့ တိုက္နယ္ေဆး႐ုံဆရာဝန္အေနနဲ႔ ေန႔အခ်ိန္ျဖစ္ေစ ညအခ်ိန္ျဖစ္ေစ ေဆး႐ုံျပင္ပသို႔သြားၿပီး က်န္းမာေရးေစာင့္ေရွာက္မႈေပးရန္ အတြက္ေတာ့ တာဝန္ရွိတယ္လို႔ မယူဆမိတဲ့ အျပင္ ေဆးပညာအရ လက္ရွိအေျခအေနနဲ႔အသင့္ေတာ္ဆုံး လူနာအတြက္ အက်ိဳးျဖစ္နုိင္ဆုံးကုိ ကုိလုပ္ေပးရန္ ေဆးရုံတြင္အသင့္ျပင္ထားျပီးျဖစ္လုိ႔ ေဆးရုံသုိ႕သာေခၚလာရန္ေျပာခဲ့ပါတယ္

ရ​လဒ္အေနနဲ႔ကေတာ့ ျဖစ္ခဲ့တဲ့ ကိစၥနဲ႔ ပတ္သက္ျပီး ဌာနတြင္းအမႈစစ္ရန္ ဆင့္ေခၚတဲ့စာေရာက္လာတာပဲျဖစ္ပါတယ္။ေနာက္ပုိင္းကိစၥေတြျဖစ္တဲ့ အဲ့ဒီ အမႈစစ္မဲ့ ကိစၥေတြ ပ်က္ျပယ္သြားတာေတာ့ အားလုံးသိျပီးမို႕မရွင္းျပေတာ့ပါ။

ကၽြန္မအေနနဲ႔ နုိင္ငံေတာ္ရဲ႕ေဆးရုံေတြမွာ ဆက္လက္လုပ္ကုိင္ျပီး ကုိ္ယ္စြမ္းသမွ် လူထုရဲ႕ က်န္းမာေရးကုိ ေစာင့္ေရွာက္ လုိတဲ့အတြက္ေၾကာင့္ ဌာနဆုိင္ရာကလူမ်ားနဲ႔ လည္း ေရရွည္မွာ ဆက္လက္ လက္တြဲလုပ္ေဆာင္ရမွာျဖစ္ပါတယ္။ ဒီစာကုိေရးရတာလည္း ဘယ္သူ႔ကိုမွ သာေစနာေစသေဘာမ်ိဳးမဟုတ္ပဲ အျဖစ္မွန္ကုိသိရွိေစခ်င္ယုံသာျဖစ္ပါတယ္။ ေက်းဇူးတင္ပါတယ္႐ွင္​့

Drစုနႏၵာ​ေက်ာ္​ … ဆမ ၂၉၈၂၈

လက္​​ေထာက္​ဆရာဝန္​ တာဝန္​ခံ

ငပလီ​ေဆးရံု

Zin Moe

(Unicode Version)

ငပလီကဖြစ်စဉ်နဲ့ပတ်သက်ပြီးအားလုံးက ဝိုင်းဝန်းစာနာပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီကြားထဲမှာ အဖြစ်မှန်ကို သူများတကာပြောရင်း တဖြည်းဖြည်းနဲ့ အမှားတွေပါလာမှာစိုးလို့ ဒီပို့စ်ကို တင်လိုက်ပါသည်…..

၁.၄.၂၀ဝ၉မှာ ကျမအစိုးရအလုပ်ကိုစတင်တင်ဝင်ရောက်ခဲ့လို့ ခုချိန်ထိဆိုရင်လုပ်သက် ၁၀ နှစ်နီးပါးရှိပါပြီ။စစ်တွေဆေးရုံကြီးနဲ့ မြေပုံဆေးရုံတို့မှာ ၉နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်၊ ငပလီ ဆေးရုံကို တိုက်နယ်ဆရာဝန်အဖြစ်နဲ့ ၄.၇.၂၀၁၈ မှာ စတင်ရောက်ရှိတာဝန်ထမ်းပါတယ်။

ငပလီဆေးရုံကိုကျမရောက်ရှိချိန်မယ်၊ ကုတင် ၂၅ ဆန့်ဆိုပေမယ့် ဆေးရုံအနေနဲ့မဟုတ်ပဲ ဧည့်ရိပ်သာသဘောအနေနဲ့သာထားရှိပြီး အလုပ်လုပ်နေသလို အတွင်းလူနာလည်းထားရှိခဲ့ခြင်မရှိပါ။ ထို့အတွက် ကျမရောက်ရှိချိန်မှစပြီး၊ ရွာလူထုမှ ဆေးရုံအနေနဲ့အသိများလာအောင် နယ်ခံတွေ အားကိုးနိုင်တဲ့ ဆေးရုံတစ်ခုဖြစ်လာရအောင် ရပ်ရွာတွေကိုကွင်းဆင်းကုသပေးခြင်း၊ ကျန်းမာရေးအသိပညာပေးဟောပြောပွဲများကျင်းပခြင်းတို့ကို လုပ်ပေးခဲ့ပါတယ်။

ဆေးရုံမှာ အတွင်းလူနာတင်ပြီး ကုသမှုခံယူရရှိနိုင်အောင်၊ ပြင်ပလူနာတွေကိုလည်း ပိုမိုစောင့်ရှောက်မှုပေးနိုင်အောင် လိုအပ်သောဆေးဝါးများကို ပြည်နယ်ကတောင်း အလှူငွေကောက်ခံပြီးရတာလေးနဲ့ဝယ် တခါတရံကိုယ့်အိတ်စိုက်ဝယ် စသဖြင့် ဆေးရုံရဲ့အင်္ဂါရပ်နဲ့တူညီလာအောင် လုပ်ငန်းလည်ပတ်လာရလေအောင် အတတ်နိုင်ဆုံးဆောင်ရွက်ခဲ့ပါတယ်။

ကျမ ငပလီဆေးရုံသို့ရောက်ရှိချိန်မှ စပြီး၊ ဆေးရုံတွင်းစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ကိုယ်စွမ်းညဏ်စွမ်းရှိသရွေ့ကြိုးစားခဲ့ပါသည်။ ရောက်ရှိပြီး လေးလအတွင်း တိုက်နယ်ဆရာဝန်တစ်ယောက်သာရှိသောဆေးရုံတစ်ခုမှ၊ ပြင်ပလူနာ ၂၆၄၅ယောက်၊ အတွင်းလူနာ ၁၉၅ယောက်၊ ရိုးရိုးမီးဖွားလူနာ ၄ ယောက်၊ အသေးစားခွဲစိတ်မှု ၁၀ဝယောက်၊ ကိုယ်ဝန်ပျက်ကျသူ ၄ ယောက်တို့ကို ကုသမှုပေးခဲ့နိုင်ပါသည်

ဒါ့အပြင် အောက်တိုဘာ ၂၂/၂၃/၂၄/၂၅ ရက်တွေမှာ အထူးကုခရီးစဉ်နဲ့အတူ လိုက်ပါလာတဲ့ဧည့်သည်များအတွက် နေရာထိုင်ခင်းကိုလည်း ငပလီဆေးရုံအပေါ်ထပ်မှာ အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးခဲ့ပါတယ်။ အထူးကု ခရီးစဉ်ကာလ ၂၃/၂၄/၂၅ရက်များတွင် ခွဲစိပ်ခန်းအတွင်း မေ့ဆေးအကူအဖြစ်၎င်း အိုဂျီအကူအဖြစ်၎င်း ခွဲစိပ်အကူအဖြစ်၎င်း တောက်တိုမယ်ရအလုပ်များ ကူညီလုပ်ကိုင်ပေးရင်း မနက် ၈နာရီမှ ညနေ ၆နာရီ ကျော်အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။

အခုရက်ပိုင်းကာလက၊ လက်ထောက်ဆရာဝန်တွေ အထူးကုသင်တန်းအတွက် စာမေးပွဲဖြေရန်ခွင့်ယူနေကြချိန်ပါ၊ ထို့ကြောင့် လုပ်ငန်းလိုအပ်ချက်အရ သံတွဲခရိုင်ဆေးရုံကြီးအတွက် တိုက်နယ်ဆရာဝန်များ ဂျူတီဆင်းပေးကြရသလို ကိုယ့်ဆေးရုံကအတွင်းအပြင်လူနာတွေအတွက်လည်း တာဝန်ရှိနေခဲ့ပါတယ်။

ကျွန်မက အောက်တိုဘာ ၂၈ ကနေ ၃၁ရက်နေ့ထိ သံတွဲဆေးရုံ နေ့ဂျူတီပါ။ ယခုဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့နေ့ အောက်တိုဘာ ၂၈ရက်မှာ တနင်္ဂနွေနေ့ ဖြစ်ပြီး၊ သံတွဲဆေးရုံမှာ ဂျူတီကျဆရာဝန် ကျွန်မတယောက်တည်းပဲရှိခဲ့ပါတယ်၊ သံတွဲဆေးရုံမှာ တနေကုန် တစ်ယောက်တည်းဒိုင်ခံ ဂျူတီဆင်းနေခဲ့ရပါတယ်။

လူကြီးလမ်းကြောင်းအတွက် medical cover တာဝန်ချထားခံရခြင်း မရှိပါ။ ညနေသံတွဲဆေးရုံမှအပြန် ငပလီဆေးရုံ၌ရှိနေချိန် ည၈ နာရီ ၁၀မိနစ်ခန့်တွင် သံတွဲခရိုင်ဆေးရုံအုပ်ကြီးမှ silver beach hotel တွင် ပြန်ကြားရေးမှအရာရှိတဦး မူးပြီးလဲ၍ခေါင်းပေါက်သွားကြောင်း ဖုန်းဆက်လာပါသည်။

ဆေးထည့်ရန် ချုပ်ရန် လိုအပ်သောပစ္စည်းများနှင့် emergency boxအဆင်သင့်လုပ်ထားပြီး ဟိုတယ်သို့သွားကြည့်ရန်နှင့်၊ intracranial haemorrhageရသောအခြေအနေများရှိလျှင် referလုပ်ရပါမည်ဟု ပြောပါသည်။ ကျမမှ၊ ဟိုတယ်မှာကုသရတာထက်စာလျင် ပိုမိုအဆင်ပြေနိုင်မည့် လိုအပ်သောဆေးဝါးနှင့်ကုသရေးပစ္စည်းများအစုံအလင်ရှိနေပါသော ဆေးရုံသို့ခေါ်လာပါက ပို၍ကောင်းပါကြောင်း ဆေးရုံမှာ အကုန်အဆင်သင့်စောင့်နေပါမည် ဟိုတယ်သို့သွားရန် အဆင်မပြေပါ ်ဟု ​ပြောခဲ့ပါသည်။

မူးပြီးလဲသည် ကွဲသည် ဟူသော အခြေအနေမှာ သေးသေးလေးဖြစ်နိုင်သလို ကြီးကြီးမားမားလဲဖစ်သွားနိုင်ကြောင်း ဆရာဝန်များအားလုံး သိရှိပြီးဖြစ်ပါသည်။ခရိုင်ဆေးရုံအုပ်ကြီးမှ နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်တစ်ယောက်ကို သွားကြည့်ပေးရမှာ မလုပ်ပေးနိုင်စရာဘာရှိလဲ ဒါအမိန့်ပဲ နင့်မှာတာဝန်ရှိတယ်လို့ ပြောလာပါတယ်။

ကျွန်မလည်း ဆရာဝန်တစ်ယောက်တည်းရှိတဲ့ တိုက်နယ်ဆေးရုံဆရာဝန်အနေနဲ့ နေ့အချိန်ဖြစ်စေ ညအချိန်ဖြစ်စေ ဆေးရုံပြင်ပသို့သွားပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးရန် အတွက်တော့ တာဝန်ရှိတယ်လို့ မယူဆမိတဲ့ အပြင် ဆေးပညာအရ လက်ရှိအခြေအနေနဲ့အသင့်တော်ဆုံး လူနာအတွက် အကျိုးဖြစ်နိုင်ဆုံးကို ကိုလုပ်ပေးရန် ဆေးရုံတွင်အသင့်ပြင်ထားပြီးဖြစ်လို့ ဆေးရုံသို့သာခေါ်လာရန်ပြောခဲ့ပါတယ်

ရ​လဒ်အနေနဲ့ကတော့ ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဌာနတွင်းအမှုစစ်ရန် ဆင့်ခေါ်တဲ့စာရောက်လာတာပဲဖြစ်ပါတယ်။နောက်ပိုင်းကိစ္စတွေဖြစ်တဲ့ အဲ့ဒီ အမှုစစ်မဲ့ ကိစ္စတွေ ပျက်ပြယ်သွားတာတော့ အားလုံးသိပြီးမို့မရှင်းပြတော့ပါ။

ကျွန်မအနေနဲ့ နိုင်ငံတော်ရဲ့ဆေးရုံတွေမှာ ဆက်လက်လုပ်ကိုင်ပြီး ကိ်ုယ်စွမ်းသမျှ လူထုရဲ့ ကျန်းမာရေးကို စောင့်ရှောက် လိုတဲ့အတွက်ကြောင့် ဌာနဆိုင်ရာကလူများနဲ့ လည်း ရေရှည်မှာ ဆက်လက် လက်တွဲလုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီစာကိုရေးရတာလည်း ဘယ်သူ့ကိုမှ သာစေနာစေသဘောမျိုးမဟုတ်ပဲ အဖြစ်မှန်ကိုသိရှိစေချင်ယုံသာဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်​့

Drစုနန္ဒာ​ကျော်​ … ဆမ ၂၉၈၂၈

လက်​​ထောက်​ဆရာဝန်​ တာဝန်​ခံ

ငပလီ​ဆေးရုံ