သားအရင္းက သူ႔မိခင္ မဟုတ္ဘူးျငင္းၿပီး ပစ္ခ်ခံရတဲ့ အေမအိုရဲ႕ ဘဝ

ဒီမနက္အေစာ ျမဝတီေဆးရံုႀကီးက က်မထံဆက္သြယ္လာတယ္..

ဒီအေမအိုႀကီးဟာ သူ႔ဘဝေနာက္ဆံူးေနဝင္ခ်ိန္ကို သူ႔ဇာတိဖာပြန္မွာ အမွီျပန္ေခါင္းခ်ခ်င္လို႔ ငိုယိုေနရွာတယ္ သူ႔မွာလူနာေစာင့္မရွိ စားရိတ္ရယ္ တျပားမွမရွိဘူး သူ႔သားတစ္ေယာက္က ဒီျမဝတီထဲတင္ရွိတယ္တဲ့

သူ႔သားရဲ႕လိပ္စာအတိုင္း ေဆးရံုကစံုစမ္းၿပီး သြားခဲ့တဲ့အခါ သူ႔သားက ဒီေနဝင္ခ်ိန္ ေရာက္ေနတဲ့ ေရာဂါသည္ မိခင္ႀကီးကို တာဝန္ယူရမွာ စိုးလို႔ ျငင္းပါတယ္ သူ႔မိခင္ မဟုတ္ဘူးလို႔ ရက္ရက္စက္စက္ကို ျငင္းလႊတ္ပါတယ္.. မိခင္အိုခမ်ာ ကူကယ္ရာမဲ့ဘဝနဲ႔ ျမဝတီေဆးရံုမွာ တက္ ေရာက္ေနရပါတယ္..

အခု ေရာဂါသည္းလာေတာ့ သူ႔ကို ေနာက္ဆံုး ဆႏၵကိုျဖည့္ေပးဖို႔ သူ႔ဇာတိ ဖာပြန္ကိုျပန္ပို႔ဖို႔ ျမင္သမွ် ဆရာမ ေတြကို ငိုကာ ေတာင္းဆိုေနပါတယ္.. က်မလည္း ဒီအေမအိုႀကီးကို လမ္းစားရိတ္ ၁၇၀၀၀၀ က်ပ္ လႉခဲ့ပါၿပီး အားေပးခဲ့ပါတယ္..

အခုက်မတင္တာ သူ႔သားကို ဒီမေအအိုႀကီးရဲ႕အျဖစ္ျမင္ေတြ႕ပါေစ ဆႏၵနဲ႔တင္ပါတယ္ ..မိခင္အိုကို အသိကၽြမ္းမရွိေဆြမ်ိဴးမဲ့ ေနရာမွာဒီလိုပစ္ခ်တဲ့ သား ျမင္ပါေစ …သိပါေစ ..ေမြးမိခင္ေက်းဇူးကို ဒီလို ရက္ရက္စက္စက္နဲ႔ဆပ္တဲ့သား ျမင္ပါေစ..

ေဆးရံုကဆရာမေတြက ဖာပြန္ကို ပို႔လို႔ ဟိုမွာ ထပ္ၿပီးကယ္သူမဲ့ရင္ ဒီေဆးရံုကို ျပန္သယ္လာေပးဖို႔ ျပဳလုပ္မွာ ၾကားေနပါတယ္..

အဖြားရဲ႕ဝဋ္တြရွိခဲ့ရင္ဒီဘဝဒီမွ်သာေၾကပါေစေတာ့😥

Daw Nway Nway (ျမဝတီ)

(Unicode Version)

သားအရင်းက သူ့မိခင် မဟုတ်ဘူးငြင်းပြီး ပစ်ချခံရတဲ့ အမေအိုရဲ့ ဘဝ

ဒီမနက်အစော မြဝတီဆေးရုံကြီးက ကျမထံဆက်သွယ်လာတယ်..

ဒီအမေအိုကြီးဟာ သူ့ဘဝနောက်ဆူံးနေဝင်ချိန်ကို သူ့ဇာတိဖာပွန်မှာ အမှီပြန်ခေါင်းချချင်လို့ ငိုယိုနေရှာတယ် သူ့မှာလူနာစောင့်မရှိ စားရိတ်ရယ် တပြားမှမရှိဘူး သူ့သားတစ်ယောက်က ဒီမြဝတီထဲတင်ရှိတယ်တဲ့

သူ့သားရဲ့လိပ်စာအတိုင်း ဆေးရုံကစုံစမ်းပြီး သွားခဲ့တဲ့အခါ သူ့သားက ဒီနေဝင်ချိန် ရောက်နေတဲ့ ရောဂါသည် မိခင်ကြီးကို တာဝန်ယူရမှာ စိုးလို့ ငြင်းပါတယ် သူ့မိခင် မဟုတ်ဘူးလို့ ရက်ရက်စက်စက်ကို ငြင်းလွှတ်ပါတယ်.. မိခင်အိုခမျာ ကူကယ်ရာမဲ့ဘဝနဲ့ မြဝတီဆေးရုံမှာ တက် ရောက်နေရပါတယ်..

အခု ရောဂါသည်းလာတော့ သူ့ကို နောက်ဆုံး ဆန္ဒကိုဖြည့်ပေးဖို့ သူ့ဇာတိ ဖာပွန်ကိုပြန်ပို့ဖို့ မြင်သမျှ ဆရာမ တွေကို ငိုကာ တောင်းဆိုနေပါတယ်.. ကျမလည်း ဒီအမေအိုကြီးကို လမ်းစားရိတ် ၁၇၀၀၀၀ ကျပ် လှူခဲ့ပါပြီး အားပေးခဲ့ပါတယ်..

အခုကျမတင်တာ သူ့သားကို ဒီမအေအိုကြီးရဲ့အဖြစ်မြင်တွေ့ပါစေ ဆန္ဒနဲ့တင်ပါတယ် ..မိခင်အိုကို အသိကျွမ်းမရှိဆွေမျိူးမဲ့ နေရာမှာဒီလိုပစ်ချတဲ့ သား မြင်ပါစေ …သိပါစေ ..မွေးမိခင်ကျေးဇူးကို ဒီလို ရက်ရက်စက်စက်နဲ့ဆပ်တဲ့သား မြင်ပါစေ..

ဆေးရုံကဆရာမတွေက ဖာပွန်ကို ပို့လို့ ဟိုမှာ ထပ်ပြီးကယ်သူမဲ့ရင် ဒီဆေးရုံကို ပြန်သယ်လာပေးဖို့ ပြုလုပ်မှာ ကြားနေပါတယ်..

အဖွားရဲ့ဝဋ်တွရှိခဲ့ရင်ဒီဘဝဒီမျှသာကြေပါစေတော့😥

Daw Nway Nway (မြဝတီ)