ဝက္ၿခံညစ္ၿပီး ေနာက္ထပ္ မထြက္လာေအာင္ ဘယ္လိုလုပ္မလဲ

အသက္ ၁၁ – ၃၀ အတြင္းလူ ၅ ေယာက္မွာ ၄ ေယာက္ဟာ ဝက္ျခံေပါက္လို႔ စိတ္ညစ္ဖူးၾကမွာပါ။ ဘဝမွာ အနည္းဆံုး တစ္ခါေလာက္ေတာ့ ဝက္ျခံေပါက္ဖူး ၾကမွာပါ။ ဝက္ျခံဟာ ရုပ္ဆိုးေစရံုသာမက ကိုယ့္ကိုကိုယ္ ယံုၾကည္မႈကိုလည္း ေလ်ာ့နည္းေစပါတယ္။ လူေတြဟာ ဝက္ျခံေပါက္ရင္ ဘယ္လိုညစ္ရမလဲ အရင္မေလ့လာပဲ တန္းညစ္ၾကတာမ်ားပါတယ္။ အဲ႔လိုဆိုရင္ အမာရြတ္က်န္တတ္ပါတယ္။ ဝက္ျခံကို ထပ္မထြက္ေအာင္ ဘယ္လိုညစ္ရမလဲဆိုတာ ၾကည့္ၾကရေအာင္

ဘယ္လိုညစ္ရမလဲ

အရက္ျပန္ အပ္ နဲ႔ တစ္ရွဴ း ႏွစ္ရြက္ စတာေတြ လိုအပ္ပါတယ္။ အရက္ျပန္နဲ႔ အပ္ကို ပိုးအရင္သတ္ပါ။ ျပီးရင္အပ္နဲ႔ ဝက္ျခံကို ေဖာက္ပါ။ တစ္ရွဴ းကို လက္ညိုုး ၂ ေခ်ာင္းထိပ္မွာ ပတ္ျပီး ေျဖးေျဖးညစ္ပါ။ တအားမညစ္ပါနဲ႔။

ေနာက္ထပ္ ထပ္မထြက္ေအာင္ ဘယ္လိုကာကြယ္ရမလဲ

ပြဲတစ္ခုခုသြားစရာရွိရင္ ဝက္ျခံဟာ အရမ္းစိတ္အေႏွာက္အယွက္ျဖစ္ေစပါတယ္။ ညစ္လိုက္တာကေတာ့ အျမန္ဆံုး ဖယ္ရွားနည္းပါပဲ။ ဒါေပမဲ႔ ကံမေကာင္းရင္ ပိုဆိုးသြားႏိုင္ပါတယ္။

အဆီျပန္တဲ႔မ်က္ႏွာက ဝက္ျခံထြက္ႏိုင္ေျခ ပိုမ်ားတဲ႔အတြက္ အဆီတအားမျပန္ေအာင္ ၾကိဳတင္ကာကြယ္ပါ။ ကိုယ့္မ်က္ႏွာကို ဂရုစိုက္ပါ။ အဓိက ကေတာ့ မ်က္ႏွာကို သန္႔သန္႔ရွင္းရွင္းထားပါ။ သင့္အသားအေရနဲ႔ ကိုက္ညီတဲ႔ မ်က္ႏွာသစ္ေဆးနဲ႔ မနက္တစ္ခါ ညတစ္ခါ မ်က္ႏွာသစ္ပါ။

ျပီးရင္ Moisturizer လိမ္းပါ။ Moisturizer ကို သင့္အသားေရနဲ႔ သင့္ေတာ္တာကိုသံုးဟာ။ အဆီျပန္တဲ႔သူဟာ အသားေျခာက္တဲ႔သူသံုးတဲ႔ moisturizer မသံုးသင့္ပါဘူး။ ဝက္ျခံရွင္းထုတ္ဖို႔ အဓိကနည္းလမ္းကေတာ့ သင့္ေတာ္ျပီး အရည္အေသြးျမင့္ ပစၥည္းေတြသံုးေပးျခင္းပါပဲ။

ဘဝေနထိုင္မႈပံုစံ ေျပာင္းလဲေပးတာဟာလည္း ဝက္ျခံထြက္တာကို တားဆီးေပးပါတယ္။ ဘာနည္းလမ္းေတြလဲဆိုတာ ၾကည့္ၾကရေအာင္ေနာ္

အစားအစာ

အစားအစာဟာ အသားအေရအတြက္ အလြန္အေရးၾကီးပါတယ္။ ခ်ိဳတဲ့ အစာတို႔ ဟန္ဘာကာတို႔ အေၾကာ္အေလွာ္တို႔ဟာ ဝက္ျခံပိုထြက္ေစျပီး သီဟိုဠ္ေစ႔ ငါး green tea ေတြဟာ ဝက္ျခံမထြက္ေအာင္ ကာကြယ္ေပးပါတယ္။ အျခားအစားအစာေပါင္းမ်ားစြာ ရွိပါေသးတယ္။

ေရ

ေရမ်ားမ်ားေသာက္ျခင္းဟာ ခႏၶာကိုယ္နဲ႔ အသားေရကို ေရဓာတ္ျပည့္ဝေစျပီး ဝက္ျခံထြက္ျခင္းကို ေလ်ာ့နည္းေစပါလိမ့္မယ္။

မ်က္ႏွာကို လိုအပ္တာထက္ ပိုမကိုင္ပါနဲ႔

လူေတြဟာ မလိုအပ္ပဲ မ်က္ႏွာ ခဏခဏ ကိုင္ၾကပါတယ္။ ဤသို႔ ကိုင္ျခင္းဟာ မ်က္ႏွာေပၚမွာ အညစ္အေၾကးေတြ စုပံု လာေစျပီး ဝက္ျခံပိုထြက္ေစပါတယ္။ ကိုင္ခ်င္ရင္ေတာင္ လက္ကို ဆပ္ျပာနဲ႔ ေသခ်ာေဆးျပီးမွ ကိုင္သင့္ပါတယ္။ ဒါမွ ဘတ္တီးရီးယားေတြ သင့္အေရျပားေပၚမွာ မေပၚက္ဖြားပဲ ဝက္ျခံထြက္လည္း နည္းသြားမွာပါ။

ေခါင္းအံုးဖံုးကို ခဏခဏ ေလ်ွာ္ပါ

ေန႔တိုင္း ေခါင္းအံုးေပၚအိပ္တဲ႔ အတြက္ မ်က္ႏွာေပၚက အညစ္အေၾကးေတြနဲ႔ ဘတ္တီးရီးယားေတြ ေခါင္းအံုးေပၚမွာ တင္က်န္ေနႏိုင္ျပီး ဘတ္တီးရီးယား ေပါက္ဖြားမႈကိုအားေပးတဲ႔အတြက္ ဝက္ျခံကို ပိုဆိုးေစပါတယ္။

Credit : ယြန္းမွီ (သေကၤတ)

(Unicode Version)

ဝက်ခြံညစ်ပြီး နောက်ထပ် မထွက်လာအောင် ဘယ်လိုလုပ်မလဲ

အသက် ၁၁ – ၃၀ အတွင်းလူ ၅ ယောက်မှာ ၄ ယောက်ဟာ ဝက်ခြံပေါက်လို့ စိတ်ညစ်ဖူးကြမှာပါ။ ဘဝမှာ အနည်းဆုံး တစ်ခါလောက်တော့ ဝက်ခြံပေါက်ဖူး ကြမှာပါ။ ဝက်ခြံဟာ ရုပ်ဆိုးစေရုံသာမက ကိုယ့်ကိုကိုယ် ယုံကြည်မှုကိုလည်း လျော့နည်းစေပါတယ်။ လူတွေဟာ ဝက်ခြံပေါက်ရင် ဘယ်လိုညစ်ရမလဲ အရင်မလေ့လာပဲ တန်းညစ်ကြတာများပါတယ်။ အဲ့လိုဆိုရင် အမာရွတ်ကျန်တတ်ပါတယ်။ ဝက်ခြံကို ထပ်မထွက်အောင် ဘယ်လိုညစ်ရမလဲဆိုတာ ကြည့်ကြရအောင်

ဘယ်လိုညစ်ရမလဲ

အရက်ပြန် အပ် နဲ့ တစ်ရှူ း နှစ်ရွက် စတာတွေ လိုအပ်ပါတယ်။ အရက်ပြန်နဲ့ အပ်ကို ပိုးအရင်သတ်ပါ။ ပြီးရင်အပ်နဲ့ ဝက်ခြံကို ဖောက်ပါ။ တစ်ရှူ းကို လက်ညိုး ၂ ချောင်းထိပ်မှာ ပတ်ပြီး ဖြေးဖြေးညစ်ပါ။ တအားမညစ်ပါနဲ့။

နောက်ထပ် ထပ်မထွက်အောင် ဘယ်လိုကာကွယ်ရမလဲ

ပွဲတစ်ခုခုသွားစရာရှိရင် ဝက်ခြံဟာ အရမ်းစိတ်အနှောက်အယှက်ဖြစ်စေပါတယ်။ ညစ်လိုက်တာကတော့ အမြန်ဆုံး ဖယ်ရှားနည်းပါပဲ။ ဒါပေမဲ့ ကံမကောင်းရင် ပိုဆိုးသွားနိုင်ပါတယ်။

အဆီပြန်တဲ့မျက်နှာက ဝက်ခြံထွက်နိုင်ခြေ ပိုများတဲ့အတွက် အဆီတအားမပြန်အောင် ကြိုတင်ကာကွယ်ပါ။ ကိုယ့်မျက်နှာကို ဂရုစိုက်ပါ။ အဓိက ကတော့ မျက်နှာကို သန့်သန့်ရှင်းရှင်းထားပါ။ သင့်အသားအရေနဲ့ ကိုက်ညီတဲ့ မျက်နှာသစ်ဆေးနဲ့ မနက်တစ်ခါ ညတစ်ခါ မျက်နှာသစ်ပါ။

ပြီးရင် Moisturizer လိမ်းပါ။ Moisturizer ကို သင့်အသားရေနဲ့ သင့်တော်တာကိုသုံးဟာ။ အဆီပြန်တဲ့သူဟာ အသားခြောက်တဲ့သူသုံးတဲ့ moisturizer မသုံးသင့်ပါဘူး။ ဝက်ခြံရှင်းထုတ်ဖို့ အဓိကနည်းလမ်းကတော့ သင့်တော်ပြီး အရည်အသွေးမြင့် ပစ္စည်းတွေသုံးပေးခြင်းပါပဲ။

ဘဝနေထိုင်မှုပုံစံ ပြောင်းလဲပေးတာဟာလည်း ဝက်ခြံထွက်တာကို တားဆီးပေးပါတယ်။ ဘာနည်းလမ်းတွေလဲဆိုတာ ကြည့်ကြရအောင်နော်

အစားအစာ

အစားအစာဟာ အသားအရေအတွက် အလွန်အရေးကြီးပါတယ်။ ချိုတဲ့ အစာတို့ ဟန်ဘာကာတို့ အကြော်အလှော်တို့ဟာ ဝက်ခြံပိုထွက်စေပြီး သီဟိုဠ်စေ့ ငါး green tea တွေဟာ ဝက်ခြံမထွက်အောင် ကာကွယ်ပေးပါတယ်။ အခြားအစားအစာပေါင်းများစွာ ရှိပါသေးတယ်။

ရေ

ရေများများသောက်ခြင်းဟာ ခန္ဓာကိုယ်နဲ့ အသားရေကို ရေဓာတ်ပြည့်ဝစေပြီး ဝက်ခြံထွက်ခြင်းကို လျော့နည်းစေပါလိမ့်မယ်။

မျက်နှာကို လိုအပ်တာထက် ပိုမကိုင်ပါနဲ့

လူတွေဟာ မလိုအပ်ပဲ မျက်နှာ ခဏခဏ ကိုင်ကြပါတယ်။ ဤသို့ ကိုင်ခြင်းဟာ မျက်နှာပေါ်မှာ အညစ်အကြေးတွေ စုပုံ လာစေပြီး ဝက်ခြံပိုထွက်စေပါတယ်။ ကိုင်ချင်ရင်တောင် လက်ကို ဆပ်ပြာနဲ့ သေချာဆေးပြီးမှ ကိုင်သင့်ပါတယ်။ ဒါမှ ဘတ်တီးရီးယားတွေ သင့်အရေပြားပေါ်မှာ မပေါ်က်ဖွားပဲ ဝက်ခြံထွက်လည်း နည်းသွားမှာပါ။

ခေါင်းအုံးဖုံးကို ခဏခဏ လျှော်ပါ

နေ့တိုင်း ခေါင်းအုံးပေါ်အိပ်တဲ့ အတွက် မျက်နှာပေါ်က အညစ်အကြေးတွေနဲ့ ဘတ်တီးရီးယားတွေ ခေါင်းအုံးပေါ်မှာ တင်ကျန်နေနိုင်ပြီး ဘတ်တီးရီးယား ပေါက်ဖွားမှုကိုအားပေးတဲ့အတွက် ဝက်ခြံကို ပိုဆိုးစေပါတယ်။

Credit : ယွန်းမှီ (သင်္ကေတ)