လူတစ္ေယာက္ဟာ ေသေတာ့မယ္ ဆိုလို႔႐ွိရင္ ဘာျဖစ္လဲ

ဘဝတစ္ခုမွ တစ္ခု ကူး​ေျပာင္​းပံု ပါခ်ဳပ္​ဆရာ​ေတာ္​၏ တရား

လူတစ္ေယာက္ဟာ ေသေတာ့မယ္ဆိုလို႔႐ွိရင္ ဘာျဖစ္လဲ ေနာက္ဘဝ ဘာျဖစ္မယ္ဆိုတာ ေသခါနီးမွာ မိန္းေမာသြားတဲ့ အခ်ိန္ေလးမွာ အိပ္မက္မက္သလို ျဖစ္တယ္ ထင္ေယာင္ျမင္ေယာင္ေတြ ျဖစ္တတ္တယ္ အဟုတ္ျမင္တာလည္း ျဖစ္တတ္တယ္ ကံတရားရယ္၊ ကမၼနိမိတ္ရယ္၊ ဂတိနိမိတ္ရယ္ဆိုတဲ့ ဒီသံုးခုထဲက တစ္ခုခု သူ႔ရဲ႕စိတ္အာ႐ံုထဲမွာ ေပၚလာတယ္ လူကေတာ့ အိပ္ရာေပၚမွာပက္လက္ေပါ့ ။။။။။

ေဆြမ်ိဳးသားခ်င္းေတြဟာ ဝိုင္းၾကည့္ေနတာ အသက္ထြက္ေတာ့မွာကို ဝိုင္းၾကည့္ေနတာ အဲဒီအခ်ိန္ေလးမွာ သူက မွတ္ပံုတင္ေနၿပီ လူတိုင္း လူတိုင္း ၊ အဲဒါ ကိုယ္လည္း ဒီလိုပဲေနမွာ အဲဒီအခ်ိန္ေလးမွာ မွတ္ပံုတင္ရေတာ့တာ အဲဒီမွတ္ပံုတင္က ဘယ္ကလာတာတုန္းဆိုေတာ့ လဝက က လာတာ မဟုတ္ဘူး အဲဒီမွတ္ပံုတင္က ကိုယ္လုပ္ခဲ့တဲ့ဟာေတြ ဒီအခ်ိန္မွာ
လာၿပီးေတာ့ ေပၚေနတာ ။။။။။

ေန႔စဥ္နဲ႔အမွ် အေကာင္ပေလာင္ေတြ သတ္တဲ့ လူကလည္းပဲ အဲဒီ သတ္တုန္းက ေဒါသျဖစ္ေနတဲ့ ေဒါသေတြ လာေပၚတာ သို႔မဟုတ္ အေကာင္ပေလာင္ေတြနဲ႔ သူဟာ လံုးပန္းေနရတဲ့ပံု၊ ႏြားသတ္လို႔ ႏြားက ျပန္ေခြ႕ေနတာတို႔ ဘာတို႔ အကုန္လံုးေပၚတယ္ အဲဒါေတြဟာ ကံတို႔၊ ကမၼနိမိတ္တို႔၊ ဂတိနိမိတ္တို႔ အဲဒီတုန္းက စိတ္ခံစားခ်က္ေတြအတိုင္း လာေပၚတယ္ သို႔မဟုတ္ရင္ သူသြားရမယ့္ လမ္းေၾကာင္းႀကီးကို လာေပၚ
တယ္ ။။။။။

အဲဒီလို ေပၚေနတဲ့အခ်ိန္ေလးမွာ အဲဒီေပၚလိုက္တာ မွတ္ပံုတင္လိုက္တဲ့ သေဘာပဲ ဒီဘဝ႐ုပ္နာမ္ေတြက အဲဒါကို အာ႐ံုျပဳၿပီးေတာ့ ဒီဘဝ ႐ုပ္နာမ္ဟာ ခ်ဳပ္သြားတယ္ အဲဒီအာ႐ံုအတိုင္းပဲ ေနာက္ဘဝမွာ ဒီအာ႐ံုနဲ႔ ဆက္စပ္ၿပီးေတာ့ ေနာင္ဘဝမွာ သြားျဖစ္ျပန္တယ္ အဲဒီေတာ့ ဒီဘဝ ဒီ႐ုပ္နာမ္ ေသလိုက္တာနဲ႔ တစ္ၿပိဳင္နက္ ခ်ဳပ္သြားတယ္ ေနာက္ဘဝ ႐ုပ္နာမ္အသစ္က ျဖစ္တယ္ ။။။။။

႐ုပ္နာမ္အသစ္ျဖစ္တယ္ဆိုတာ ဒီဘဝက ႐ုပ္နာမ္ႀကီးက ဘာတစ္ခုမွ ကူးမသြားဘူး ခုနက အာ႐ံုျပဳလိုက္တာပဲ ႐ွိတယ္ လူကေတာ့ ပက္လက္ အိပ္ရာထဲမွာ၊ ကူးမသြားလို႔ ေရေဝး ပို႔ေနရတာေပါ့ ကူးသြားရင္ ႐ုပ္အေလာင္းႀကီး ေပ်ာက္သြား မွာေပါ့ ဒီဘဝ ႐ုပ္က ေပ်ာက္မသြားဘူး အဲဒီထဲက အသိစိတ္က ကူးသြားတာ မဟုတ္ဘူး ႐ုပ္ခ်ဳပ္တာနဲ႔ တစ္ၿပိဳင္နက္ နာမ္တရားေတြလည္း အဲဒီမွာ ခ်ဳပ္တယ္ တစ္ခါတည္းခ်ဳပ္သြားတယ္ ခ်ဳပ္သြားၿပီလို႔ ဒါေၾကာင့္မို႔ေျပာၾကတာ ခ်ဳပ္သြားတယ္ဆိုတာ ႐ုပ္နဲ႔နာမ္နဲ႔ လႈပ္႐ွားမႈေတြအားလံုး ရပ္သြားတာ ။။။။။

အသက္ထြက္သြားတယ္ဆိုရင္ လိုက္ဖမ္းလို႔ရမွာေပါ့ အဲဒီလို ထြက္တာမ႐ွိဘူး၊ ရပ္သြားတာပဲ ႐ွိတယ္ ႏွလံုးခုန္ေနတာ ရပ္သြားတယ္ အသက္႐ွဴတာ ရပ္သြားတယ္။ ရပ္ဆိုင္းသြားတာ အျပင္ဘက္မွာ ဂစ္ကနဲ ထြက္သြားတာ မ႐ွိဘူး ႐ွိရင္ ဖမ္းဖို႔သာ ျပင္ထား ဖမ္းလို႔႐ွိရင္ ဖမ္းၿပီး ျပန္ထည့္လို႔ရမွာေပါ့ အဲဒါေၾကာင့္ အဲ့လို ဘာမွထြက္သြားတာ မ႐ွိဘူး ခ်ဳပ္သြားတာ ။။။။။

ဒီကခ်ဳပ္သြားတာနဲ႔ တစ္ၿပိဳင္နက္ ကံရဲ႕အ႐ွိန္အဟုန္နဲ႔ သူျဖစ္မယ့္ ေနရာမွာ ေတာက္ေလွ်ာက္ တန္းျဖစ္တယ္ တန္းျဖစ္တယ္ဆိုတဲ့ အခ်ိန္ေလးမွာ ဥပမာ- လူျဖစ္ၿပီဆိုပါစို႔၊ လူမျဖစ္ခင္ကတည္းက သူက အာ႐ံုနိမိတ္ ထဲမွာ ဘာေပၚေနတုန္းဆိုလို႔႐ွိရင္ ခုနတုန္းက ေကာင္းတာ လုပ္တဲ့သူ သို႔မဟုတ္ အကုသိုလ္ နည္းၿပီးေတာ့ ေသခါနီး ေသငယ္ေဇာနဲ႔ ေမ်ာေနတဲ့အခ်ိန္မွာ သူဟာတိုက္ႀကီးနဲ႔ ဥယ်ာဥ္နဲ႔ အဲဒီအိမ္ၿခံႀကီးထဲကို ကားႀကီးေမာင္းဝင္သြားတယ္လို႔ ျမင္တယ္ေပါ့ …

အဲဒီလို အိပ္မက္မက္သလိုျဖစ္ၿပီး အဲဒီတိုက္ႀကီးထဲဝင္တဲ့အခါမွာ အိမ္ကလူေတြက သူ႔ကို ႀကိဳဆိုၾကတယ္ တိုက္ေပၚ သူတက္သြားတယ္ တိုက္ႀကီးကလည္း ခမ္းနားလိုက္တာဆိုၿပီး အဲဒီအခ်ိန္မွာ ကြိကနဲ ခ်ဳပ္သြားတယ္ ။။။။။

အဲဒီအိမ္က အိမ္႐ွင္မဆီမွာ သူက သေႏၶသြားတည္တယ္ အဲဒီနည္းနဲ႔ ဝင္စားတယ္လို႔ ေျပာၾကတယ္ ဘာမွေတာ့ ထြက္သြားတာမဟုတ္ဘူး ခုန အာ႐ံု ယူလိုက္တာပဲ အဲဒီမွာ အိမ္႐ွင္မရဲ႕ဝမ္းထဲမွာ ကလလေရၾကည္ဆိုတဲ့ အေျပာက္အစက္ကေလးထဲမွာ ကမၼဇ႐ုပ္ (၃၀)နဲ႔ ပဋိသေႏၶ ဝိညာဏ္စိတ္ရယ္၊ နာမ္ေတြ ႐ုပ္ေတြရယ္ ဒီေသးေသးေလး ထဲမွာ စျဖစ္တယ္။

သေႏၶစိတ္ေလး ေပၚလိုက္တာနဲ႔ တစ္ၿပိဳင္နက္ ထိုသေႏၶစိတ္ေလးရဲ႕ မွီရာက ကလလေရၾကည္ဆိုတဲ့ ပံုစံေလးနဲ႔ ဖြဲ႔ၿပီးေတာ့ ႐ုပ္တရားေလး အဲဒါေလး လာတာ ဒါ ဒီဘဝက ႐ုပ္ေတြ တစ္ခုမွ မဟုတ္ဘူး ဒီဘဝ ႐ုပ္လည္း မဟုတ္ဘူး ဒီဘဝ နာမ္လည္း မဟုတ္ဘူး ကံေၾကာင့္သြားၿပီး အဲဒီမွာ အသစ္ျဖစ္လိုက္တာ ။။။။။

ဒီဘဝမွာလုပ္ခဲ့တဲ့ ကံပဲျဖစ္ေစ၊ အတိတ္ဘဝကလုပ္တဲ့ ကံေတြပဲျဖစ္ေစ အဲဒီကံကေန ထုတ္လုပ္လိုက္တာ အဲဒီအစက္အေျပာက္ကေလး စလာတာပဲ အဲဒီဟာႀကီး ေနာက္တပတ္က်ေတာ့ “ပထမံ ကလလံ ေဟာတိ” အျမဳပ္ကေလးအျဖစ္ ျပထားတာနဲ႔ ျမတ္စြာဘုရားေဟာတာနဲ႔ တစ္ထပ္တည္းပဲ အဲဒါ ပံုစံေလးေတြ အဲဒီလို ေျပာင္းေျပာင္းၿပီးေတာ့ ႐ုပ္ဟာ အဲဒီလို ျဖစ္ေပၚလာတာ နာမ္တို႔ ႐ုပ္တို႔ဆိုတာ အသစ္ အဲဒီလို ျဖစ္ေပၚလာတာ ။။။။။

အဲဒီေတာ့ ဒီဘဝကလုပ္တဲ့ ကံေတြက အဲဒီကံေတြေၾကာင့္ ျဖစ္ရတာ ျဖစ္ေသာေၾကာင့္ အဲဒီကံေတြရဲ႕ စြမ္းအားေတြ ႐ွိလာတဲ့အခါ ဒီဘဝကလုပ္တဲ့ အကုသိုလ္ေတြ ဟိုဘဝက်ခံဦး ဒီလိုဆိုတယ္ သာမန္အားျဖင့္ ၾကည့္မယ္ဆိုရင္ လုပ္သူတစ္ျခား၊ ခံသူတစ္ျခားလို႔ ျဖစ္ေနတယ္ေပါ့ ။။။။။

ဆိုပါစို႔ – ဒီဘဝမွာ သူက ဦးဘဆိုတဲ့လူတစ္ေယာက္က ေသသြားၿပီ ေနာင္ဘဝ ေမာင္လွဆိုတာ ျဖစ္တယ္ ဦးဘလုပ္သမွ်ေတြ ေမာင္လွက ခံေနရတယ္၊ ဒီလိုျဖစ္ေနတယ္ သို႔ေသာ္ ဦးဘေသမွ ေမာင္လွျဖစ္လို႔ ဦးဘလုပ္ခဲ့တဲ့ လုပ္ရပ္ေတြဟာ ေမာင္လွဘဝမွာ ခံရတယ္ ေျပာမယ္ဆိုရင္ on line ေပါ့၊ ဆက္စပ္ေနတယ္ …

အဲဒီ အဓိပၸာယ္မ်ိဳးကို ဒီလို ႐ွင္းျပတာ ဒီဘဝ႐ုပ္နာမ္ ေသခါနီးအထိ ျဖစ္ေသာ္လည္း ပဋိသေႏၶအခါမွာ ေပၚလာတဲ့ ႐ုပ္နာမ္က အသစ္ အဲဒါေၾကာင့္မို႔ ဒီဘဝက ကံတရားေၾကာင့္ အဲဒီ ႐ုပ္နာမ္ဟာ ျဖစ္ရတာ ပဋိသေႏၶမွာျဖစ္ရတာ ဒါေၾကာင့္မို႔လို႔ သူဟာ မေကာင္းမႈ အကုသိုလ္ဟာ မလြတ္ပါဘူးလို႔ ဒီလိုဆိုလိုတယ္ မလြတ္ဘူး ဆက္စပ္ေနတယ္ ။။။။။

ဒီသေဘာတရားေတြဟာ အေသးစိတ္ နားလည္ႏိုင္ေအာင္ ျမတ္ဗုဒၶရဲ႕ အဆံုးအမ ျဖစ္တဲ့ အဘိဓမၼာတရားကိုေလ့လာၿပီး ေသေသခ်ာခ်ာ အေလးအနက္ စဥ္းစားမွသာလွ်င္ သိ႐ွိနားလည္းနိဳင္တာ ျဖစ္ေသာေၾကာင့္ ဘဝကူးပံု က်က်နနသိဖို႔ အဘိဓမၼာတရားကို ေလ့လာၾကပါ ။။။။။

အဲဒီအဘိဓမၼာတရားကို ေလ့လာျခင္းျဖင့္ မိမိတို႔သႏၱာန္မွာ အသိဥာဏ္ေတြ တိုးတက္ၿပီး ျမတ္ဗုဒၶရဲ႕ ႀကီးမားလွတဲ့ဥာဏ္ေတာ္ကို ယံုၾကည္ေလးစားၿပီး လိုက္နာက်င့္သံုးနိဳင္ၾကမွာ ျဖစ္တယ္။

ဒါေၾကာင့္ တရားခ်စ္ခင္သူေတာ္စင္ ပရိသတ္အေပါင္းတို႔ အသိဥာဏ္ေတြ တစ္ခုျပီးတစ္ခုရ႐ွိေအာင္ ဆည္းပူးႏိုင္ၾက၍ ျမတ္ဗုဒၶရဲ႕ အဆံုး အမအတိုင္း လိုက္နာက်င့္သံုးနိဳင္ၾကပါေစကုန္ သတည္း ။။။။။

ပါေမာကၡခ်ဳပ္ဆရာေတာ္ဘုရားႀကီး ေဟာၾကားေတာ္မူအပ္ေသာ “မိလိႏၵမင္းႀကီးႏွင္႔ ႐ွင္နာဂေသနတို႔၏ ဗုဒၶေရးရာ အေခ်အတင္ ေျပာဆိုခ်က္မ်ား” အပိုင္း(၉)မွ မွ်ေ၀ပါသည္။

Credit : မူရင္းေရးသားသူ

(Unicode Version)

ဘဝတစ်ခုမှ တစ်ခု ကူးပြောင်းပုံ ပါချုပ်ဆရာတော်၏ တရား

လူတစ်ယောက်ဟာ သေတော့မယ်ဆိုလို့ရှိရင် ဘာဖြစ်လဲ နောက်ဘဝ ဘာဖြစ်မယ်ဆိုတာ သေခါနီးမှာ မိန်းမောသွားတဲ့ အချိန်လေးမှာ အိပ်မက်မက်သလို ဖြစ်တယ် ထင်ယောင်မြင်ယောင်တွေ ဖြစ်တတ်တယ် အဟုတ်မြင်တာလည်း ဖြစ်တတ်တယ် ကံတရားရယ်၊ ကမ္မနိမိတ်ရယ်၊ ဂတိနိမိတ်ရယ်ဆိုတဲ့ ဒီသုံးခုထဲက တစ်ခုခု သူ့ရဲ့စိတ်အာရုံထဲမှာ ပေါ်လာတယ် လူကတော့ အိပ်ရာပေါ်မှာပက်လက်ပေါ့ ။။။။။

ဆွေမျိုးသားချင်းတွေဟာ ဝိုင်းကြည့်နေတာ အသက်ထွက်တော့မှာကို ဝိုင်းကြည့်နေတာ အဲဒီအချိန်လေးမှာ သူက မှတ်ပုံတင်နေပြီ လူတိုင်း လူတိုင်း ၊ အဲဒါ ကိုယ်လည်း ဒီလိုပဲနေမှာ အဲဒီအချိန်လေးမှာ မှတ်ပုံတင်ရတော့တာ အဲဒီမှတ်ပုံတင်က ဘယ်ကလာတာတုန်းဆိုတော့ လဝက က လာတာ မဟုတ်ဘူး အဲဒီမှတ်ပုံတင်က ကိုယ်လုပ်ခဲ့တဲ့ဟာတွေ ဒီအချိန်မှာ
လာပြီးတော့ ပေါ်နေတာ ။။။။။

နေ့စဉ်နဲ့အမျှ အကောင်ပလောင်တွေ သတ်တဲ့ လူကလည်းပဲ အဲဒီ သတ်တုန်းက ဒေါသဖြစ်နေတဲ့ ဒေါသတွေ လာပေါ်တာ သို့မဟုတ် အကောင်ပလောင်တွေနဲ့ သူဟာ လုံးပန်းနေရတဲ့ပုံ၊ နွားသတ်လို့ နွားက ပြန်ခွေ့နေတာတို့ ဘာတို့ အကုန်လုံးပေါ်တယ် အဲဒါတွေဟာ ကံတို့၊ ကမ္မနိမိတ်တို့၊ ဂတိနိမိတ်တို့ အဲဒီတုန်းက စိတ်ခံစားချက်တွေအတိုင်း လာပေါ်တယ် သို့မဟုတ်ရင် သူသွားရမယ့် လမ်းကြောင်းကြီးကို လာပေါ်
တယ် ။။။။။

အဲဒီလို ပေါ်နေတဲ့အချိန်လေးမှာ အဲဒီပေါ်လိုက်တာ မှတ်ပုံတင်လိုက်တဲ့ သဘောပဲ ဒီဘဝရုပ်နာမ်တွေက အဲဒါကို အာရုံပြုပြီးတော့ ဒီဘဝ ရုပ်နာမ်ဟာ ချုပ်သွားတယ် အဲဒီအာရုံအတိုင်းပဲ နောက်ဘဝမှာ ဒီအာရုံနဲ့ ဆက်စပ်ပြီးတော့ နောင်ဘဝမှာ သွားဖြစ်ပြန်တယ် အဲဒီတော့ ဒီဘဝ ဒီရုပ်နာမ် သေလိုက်တာနဲ့ တစ်ပြိုင်နက် ချုပ်သွားတယ် နောက်ဘဝ ရုပ်နာမ်အသစ်က ဖြစ်တယ် ။။။။။

ရုပ်နာမ်အသစ်ဖြစ်တယ်ဆိုတာ ဒီဘဝက ရုပ်နာမ်ကြီးက ဘာတစ်ခုမှ ကူးမသွားဘူး ခုနက အာရုံပြုလိုက်တာပဲ ရှိတယ် လူကတော့ ပက်လက် အိပ်ရာထဲမှာ၊ ကူးမသွားလို့ ရေဝေး ပို့နေရတာပေါ့ ကူးသွားရင် ရုပ်အလောင်းကြီး ပျောက်သွား မှာပေါ့ ဒီဘဝ ရုပ်က ပျောက်မသွားဘူး အဲဒီထဲက အသိစိတ်က ကူးသွားတာ မဟုတ်ဘူး ရုပ်ချုပ်တာနဲ့ တစ်ပြိုင်နက် နာမ်တရားတွေလည်း အဲဒီမှာ ချုပ်တယ် တစ်ခါတည်းချုပ်သွားတယ် ချုပ်သွားပြီလို့ ဒါကြောင့်မို့ပြောကြတာ ချုပ်သွားတယ်ဆိုတာ ရုပ်နဲ့နာမ်နဲ့ လှုပ်ရှားမှုတွေအားလုံး ရပ်သွားတာ ။။။။။

အသက်ထွက်သွားတယ်ဆိုရင် လိုက်ဖမ်းလို့ရမှာပေါ့ အဲဒီလို ထွက်တာမရှိဘူး၊ ရပ်သွားတာပဲ ရှိတယ် နှလုံးခုန်နေတာ ရပ်သွားတယ် အသက်ရှူတာ ရပ်သွားတယ်။ ရပ်ဆိုင်းသွားတာ အပြင်ဘက်မှာ ဂစ်ကနဲ ထွက်သွားတာ မရှိဘူး ရှိရင် ဖမ်းဖို့သာ ပြင်ထား ဖမ်းလို့ရှိရင် ဖမ်းပြီး ပြန်ထည့်လို့ရမှာပေါ့ အဲဒါကြောင့် အဲ့လို ဘာမှထွက်သွားတာ မရှိဘူး ချုပ်သွားတာ ။။။။။

ဒီကချုပ်သွားတာနဲ့ တစ်ပြိုင်နက် ကံရဲ့အရှိန်အဟုန်နဲ့ သူဖြစ်မယ့် နေရာမှာ တောက်လျှောက် တန်းဖြစ်တယ် တန်းဖြစ်တယ်ဆိုတဲ့ အချိန်လေးမှာ ဥပမာ- လူဖြစ်ပြီဆိုပါစို့၊ လူမဖြစ်ခင်ကတည်းက သူက အာရုံနိမိတ် ထဲမှာ ဘာပေါ်နေတုန်းဆိုလို့ရှိရင် ခုနတုန်းက ကောင်းတာ လုပ်တဲ့သူ သို့မဟုတ် အကုသိုလ် နည်းပြီးတော့ သေခါနီး သေငယ်ဇောနဲ့ မျောနေတဲ့အချိန်မှာ သူဟာတိုက်ကြီးနဲ့ ဥယျာဉ်နဲ့ အဲဒီအိမ်ခြံကြီးထဲကို ကားကြီးမောင်းဝင်သွားတယ်လို့ မြင်တယ်ပေါ့ …

အဲဒီလို အိပ်မက်မက်သလိုဖြစ်ပြီး အဲဒီတိုက်ကြီးထဲဝင်တဲ့အခါမှာ အိမ်ကလူတွေက သူ့ကို ကြိုဆိုကြတယ် တိုက်ပေါ် သူတက်သွားတယ် တိုက်ကြီးကလည်း ခမ်းနားလိုက်တာဆိုပြီး အဲဒီအချိန်မှာ ကွိကနဲ ချုပ်သွားတယ် ။။။။။

အဲဒီအိမ်က အိမ်ရှင်မဆီမှာ သူက သန္ဓေသွားတည်တယ် အဲဒီနည်းနဲ့ ဝင်စားတယ်လို့ ပြောကြတယ် ဘာမှတော့ ထွက်သွားတာမဟုတ်ဘူး ခုန အာရုံ ယူလိုက်တာပဲ အဲဒီမှာ အိမ်ရှင်မရဲ့ဝမ်းထဲမှာ ကလလရေကြည်ဆိုတဲ့ အပြောက်အစက်ကလေးထဲမှာ ကမ္မဇရုပ် (၃၀)နဲ့ ပဋိသန္ဓေ ဝိညာဏ်စိတ်ရယ်၊ နာမ်တွေ ရုပ်တွေရယ် ဒီသေးသေးလေး ထဲမှာ စဖြစ်တယ်။

သန္ဓေစိတ်လေး ပေါ်လိုက်တာနဲ့ တစ်ပြိုင်နက် ထိုသန္ဓေစိတ်လေးရဲ့ မှီရာက ကလလရေကြည်ဆိုတဲ့ ပုံစံလေးနဲ့ ဖွဲ့ပြီးတော့ ရုပ်တရားလေး အဲဒါလေး လာတာ ဒါ ဒီဘဝက ရုပ်တွေ တစ်ခုမှ မဟုတ်ဘူး ဒီဘဝ ရုပ်လည်း မဟုတ်ဘူး ဒီဘဝ နာမ်လည်း မဟုတ်ဘူး ကံကြောင့်သွားပြီး အဲဒီမှာ အသစ်ဖြစ်လိုက်တာ ။။။။။

ဒီဘဝမှာလုပ်ခဲ့တဲ့ ကံပဲဖြစ်စေ၊ အတိတ်ဘဝကလုပ်တဲ့ ကံတွေပဲဖြစ်စေ အဲဒီကံကနေ ထုတ်လုပ်လိုက်တာ အဲဒီအစက်အပြောက်ကလေး စလာတာပဲ အဲဒီဟာကြီး နောက်တပတ်ကျတော့ “ပထမံ ကလလံ ဟောတိ” အမြုပ်ကလေးအဖြစ် ပြထားတာနဲ့ မြတ်စွာဘုရားဟောတာနဲ့ တစ်ထပ်တည်းပဲ အဲဒါ ပုံစံလေးတွေ အဲဒီလို ပြောင်းပြောင်းပြီးတော့ ရုပ်ဟာ အဲဒီလို ဖြစ်ပေါ်လာတာ နာမ်တို့ ရုပ်တို့ဆိုတာ အသစ် အဲဒီလို ဖြစ်ပေါ်လာတာ ။။။။။

အဲဒီတော့ ဒီဘဝကလုပ်တဲ့ ကံတွေက အဲဒီကံတွေကြောင့် ဖြစ်ရတာ ဖြစ်သောကြောင့် အဲဒီကံတွေရဲ့ စွမ်းအားတွေ ရှိလာတဲ့အခါ ဒီဘဝကလုပ်တဲ့ အကုသိုလ်တွေ ဟိုဘဝကျခံဦး ဒီလိုဆိုတယ် သာမန်အားဖြင့် ကြည့်မယ်ဆိုရင် လုပ်သူတစ်ခြား၊ ခံသူတစ်ခြားလို့ ဖြစ်နေတယ်ပေါ့ ။။။။။

ဆိုပါစို့ – ဒီဘဝမှာ သူက ဦးဘဆိုတဲ့လူတစ်ယောက်က သေသွားပြီ နောင်ဘဝ မောင်လှဆိုတာ ဖြစ်တယ် ဦးဘလုပ်သမျှတွေ မောင်လှက ခံနေရတယ်၊ ဒီလိုဖြစ်နေတယ် သို့သော် ဦးဘသေမှ မောင်လှဖြစ်လို့ ဦးဘလုပ်ခဲ့တဲ့ လုပ်ရပ်တွေဟာ မောင်လှဘဝမှာ ခံရတယ် ပြောမယ်ဆိုရင် on line ပေါ့၊ ဆက်စပ်နေတယ် …

အဲဒီ အဓိပ္ပာယ်မျိုးကို ဒီလို ရှင်းပြတာ ဒီဘဝရုပ်နာမ် သေခါနီးအထိ ဖြစ်သော်လည်း ပဋိသန္ဓေအခါမှာ ပေါ်လာတဲ့ ရုပ်နာမ်က အသစ် အဲဒါကြောင့်မို့ ဒီဘဝက ကံတရားကြောင့် အဲဒီ ရုပ်နာမ်ဟာ ဖြစ်ရတာ ပဋိသန္ဓေမှာဖြစ်ရတာ ဒါကြောင့်မို့လို့ သူဟာ မကောင်းမှု အကုသိုလ်ဟာ မလွတ်ပါဘူးလို့ ဒီလိုဆိုလိုတယ် မလွတ်ဘူး ဆက်စပ်နေတယ် ။။။။။

ဒီသဘောတရားတွေဟာ အသေးစိတ် နားလည်နိုင်အောင် မြတ်ဗုဒ္ဓရဲ့ အဆုံးအမ ဖြစ်တဲ့ အဘိဓမ္မာတရားကိုလေ့လာပြီး သေသေချာချာ အလေးအနက် စဉ်းစားမှသာလျှင် သိရှိနားလည်းနိုင်တာ ဖြစ်သောကြောင့် ဘဝကူးပုံ ကျကျနနသိဖို့ အဘိဓမ္မာတရားကို လေ့လာကြပါ ။။။။။

အဲဒီအဘိဓမ္မာတရားကို လေ့လာခြင်းဖြင့် မိမိတို့သန္တာန်မှာ အသိဉာဏ်တွေ တိုးတက်ပြီး မြတ်ဗုဒ္ဓရဲ့ ကြီးမားလှတဲ့ဉာဏ်တော်ကို ယုံကြည်လေးစားပြီး လိုက်နာကျင့်သုံးနိုင်ကြမှာ ဖြစ်တယ်။

ဒါကြောင့် တရားချစ်ခင်သူတော်စင် ပရိသတ်အပေါင်းတို့ အသိဉာဏ်တွေ တစ်ခုပြီးတစ်ခုရရှိအောင် ဆည်းပူးနိုင်ကြ၍ မြတ်ဗုဒ္ဓရဲ့ အဆုံး အမအတိုင်း လိုက်နာကျင့်သုံးနိုင်ကြပါစေကုန် သတည်း ။။။။။

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူအပ်သော “မိလိန္ဒမင်းကြီးနှင့် ရှင်နာဂသေနတို့၏ ဗုဒ္ဓရေးရာ အချေအတင် ပြောဆိုချက်များ” အပိုင်း(၉)မှ မျှဝေပါသည်။

Credit : မူရင်းရေးသားသူ