တစ္လ စြဲစြဲၿမဲၿမဲ ေသာက္လိုက္တာ ၂ ႏွစ္ေက်ာ္ မေပ်ာက္ပဲ ျဖစ္ေနတဲ့ ဆီးခ်ိဳ ေသြးခ်ိဳကို ေပ်ာက္ကင္းခဲ့တဲ့ ကိုယ္ေတြ႔ ေဆးနည္း

အထူးကု ဆရာ၀န္ၾကီးေတြျပၿပီး ေဆးေတြ စားလာတာ ၂ ႏွစ္ေက်ာ္ မေပ်ာက္တဲ့ ဆီးခ်ိဳ ေသြးခ်ိဳ တစ္လစြဲစြဲၿမဲၿမဲ ေသာက္တာ ေပ်ာက္ကင္းခဲ့တဲ့ ကိုယ္ေတြ႔ ေဆးနည္း

“ဆီးခ်ိဳ ေသြးခ်ိဳ ကာကြယ္ဖို႔ အစြမ္းထက္ သေဘၤာသီးစိမ္းေရေႏြး ေန႔စဥ္ေသာက္ၾကစို႔”

ယခုရက္ပိုင္းအတြင္း ေခတ္စားလာေသာ ေဆးမီးတို( ေဆးနည္းတို ) တစ္ခုအေၾကာင္း တင္ျပလိုက္ပါသည္။

ပုပၸားေတာင္သို႔ ဘုရားဖူးသြားရင္း ဆီးခ်ိဳတက္၍ ေမ့လဲက်သြားေသာ အေမသိန္း (နန္းေရွ႕ကန္ေကာက္သစ္႐ြာ) မွ ဤနည္းကို ေျပာပါသည္။ အေမသိန္းသည္ ဆီးခ်ိဳေသြးခ်ိဳေရာဂါႏွင့္ အထူးကုဆရာဝန္ႀကီးမ်ားျပၿပီး ေဆးစားေနသည္မွာ ၂ ႏွစ္ေက်ာ္ရွိၿပီ ျဖစ္ပါသည္။ ခါတိုင္းလည္း ဆီးခ်ိဳတက္လွ်င္ မူးလဲေနၾက ျဖစ္ပါသည္။

ပုပၸားေတာင္ေစာင္းတန္းမွ အေမႀကီးတစ္ဦးမွ သူ႔ကိုေပြ႕ခ်ီထားခိုင္းၿပီး သေဘၤာသီးစိမ္း အဆင္သင့္ကို ေခါင္းပိုင္းမွျဖတ္ အတြင္းမွ အေစ့ႏုမ်ားကို ဇြန္းျဖင့္ၿခစ္ထုတ္ၿပီးေနာက္ ဆူေနေသာ ေရေႏြးအျဖဴ ေလာင္းထည့္ၿပီး ပိတ္ထားပါသည္။

၁၅ မိနစ္ခန္႔ထားၿပီးေနာက္ သြန္ငွဲ႔ၿပီး အနည္းငယ္ အေအးခံ၍ တိုက္ပါသည္။ သေဘၤာသီးကို လႊင့္မပစ္ရပါ။ ေရေႏြးျပန္ျပန္ျဖည့္ၿပီး တစ္ေနကုန္ ၄ ႀကိမ္ ၅ ႀကိမ္အထိ ေသာက္နိုင္ပါသည္။

ဤနည္းျဖင့္ အမူးေရာဂါ အမ်ိဳးမ်ိဳး သက္သာသည့္အျပင္ ေသြးယားေရာဂါ။ အိပ္မေပ်ာ္ေသာ ေရာဂါႏွင့္ အစာအိမ္ ေရာဂါအခ်ိဳ႕တို႔ပါ ေပ်ာက္ကင္းသူမ်ား ရွိသည္ ဟုဆိုပါသည္။

အေမသိန္းသည္ ဤနည္းကို ယံုယံုၾကည္ၾကည္ျဖင့္ တစ္လစြဲစြဲၿမဲၿမဲ ေသာက္ၿပီးေနာက္ ေန႔စဥ္စစ္ေဆးေနေသာ ဆီခ်ိဳ မွာ လံုးဝမတက္ေတာ့ဟု ဆိုပါသည္။

ဤနည္းအတိုင္း လုပ္ေဆာင္ပံုကို တင္ျပေပးသူ ဆရာမေဒၚၾကည္ၾကည္သန္းႏွင့္ အေမသိန္းတို႔ ပံုကိုတင္ျပထားပါသည္။ ေဘးထြက္ဆိုးက်ိဳး မရွိေသာ နည္းဟု ယူဆ၍ တင္ျပပါသည္။

Credit : ျမန္မာ့ေဆးစြမ္းနွင့္အိမ္တြင္းေဆးျမီးတိုမ်ား

(Unicode Version)

အထူးကု ဆရာဝန်ကြီးတွေပြပြီး ဆေးတွေ စားလာတာ ၂ နှစ်ကျော် မပျောက်တဲ့ ဆီးချို သွေးချို တစ်လစွဲစွဲမြဲမြဲ သောက်တာ ပျောက်ကင်းခဲ့တဲ့ ကိုယ်တွေ့ ဆေးနည်း

“ဆီးချို သွေးချို ကာကွယ်ဖို့ အစွမ်းထက် သင်္ဘောသီးစိမ်းရေနွေး နေ့စဉ်သောက်ကြစို့”

ယခုရက်ပိုင်းအတွင်း ခေတ်စားလာသော ဆေးမီးတို( ဆေးနည်းတို ) တစ်ခုအကြောင်း တင်ပြလိုက်ပါသည်။

ပုပ္ပားတောင်သို့ ဘုရားဖူးသွားရင်း ဆီးချိုတက်၍ မေ့လဲကျသွားသော အမေသိန်း (နန်းရှေ့ကန်ကောက်သစ်ရွာ) မှ ဤနည်းကို ပြောပါသည်။ အမေသိန်းသည် ဆီးချိုသွေးချိုရောဂါနှင့် အထူးကုဆရာဝန်ကြီးများပြပြီး ဆေးစားနေသည်မှာ ၂ နှစ်ကျော်ရှိပြီ ဖြစ်ပါသည်။ ခါတိုင်းလည်း ဆီးချိုတက်လျှင် မူးလဲနေကြ ဖြစ်ပါသည်။

ပုပ္ပားတောင်စောင်းတန်းမှ အမေကြီးတစ်ဦးမှ သူ့ကိုပွေ့ချီထားခိုင်းပြီး သင်္ဘောသီးစိမ်း အဆင်သင့်ကို ခေါင်းပိုင်းမှဖြတ် အတွင်းမှ အစေ့နုများကို ဇွန်းဖြင့်ခြစ်ထုတ်ပြီးနောက် ဆူနေသော ရေနွေးအဖြူ လောင်းထည့်ပြီး ပိတ်ထားပါသည်။

၁၅ မိနစ်ခန့်ထားပြီးနောက် သွန်ငှဲ့ပြီး အနည်းငယ် အအေးခံ၍ တိုက်ပါသည်။ သင်္ဘောသီးကို လွှင့်မပစ်ရပါ။ ရေနွေးပြန်ပြန်ဖြည့်ပြီး တစ်နေကုန် ၄ ကြိမ် ၅ ကြိမ်အထိ သောက်နိုင်ပါသည်။

ဤနည်းဖြင့် အမူးရောဂါ အမျိုးမျိုး သက်သာသည့်အပြင် သွေးယားရောဂါ။ အိပ်မပျော်သော ရောဂါနှင့် အစာအိမ် ရောဂါအချို့တို့ပါ ပျောက်ကင်းသူများ ရှိသည် ဟုဆိုပါသည်။

အမေသိန်းသည် ဤနည်းကို ယုံယုံကြည်ကြည်ဖြင့် တစ်လစွဲစွဲမြဲမြဲ သောက်ပြီးနောက် နေ့စဉ်စစ်ဆေးနေသော ဆီချို မှာ လုံးဝမတက်တော့ဟု ဆိုပါသည်။

ဤနည်းအတိုင်း လုပ်ဆောင်ပုံကို တင်ပြပေးသူ ဆရာမဒေါ်ကြည်ကြည်သန်းနှင့် အမေသိန်းတို့ ပုံကိုတင်ပြထားပါသည်။ ဘေးထွက်ဆိုးကျိုး မရှိသော နည်းဟု ယူဆ၍ တင်ပြပါသည်။

Credit : မြန်မာ့ဆေးစွမ်းနှင့်အိမ်တွင်းဆေးမြီးတိုများ