မိမိအေပၚ စိတ္ဆိုး စိတ္ေကာက္ေနတဲ့ သူေတြကို စိတ္ဆိုး စိတ္ေကာက္ ေျပေစမည့္ ယၾတာ အစီအရင္

မိမိတို႔ရဲ႕ ခ်စ္သူခင္သူ၊ မိတ္ေဆြ အေပါင္းအသင္း၊ အခ်စ္ေရး၊ အိမ္ေထာင္ေရး၊ လူမႈဆက္ဆံေရး နယ္ပယ္တြင္ မိမိအေပၚ စိတ္ေကာက္ေနသူမ်ား႐ွိရင္ ဒီအစီအရင္ကို ယံုယံုၾကည္ၾကည္ လုပ္ၾကည့္ပါ။

စီးကရက္ တစ္လိပ္ကို ဝယ္ပါ။ ၿပီးရင္ စိတ္ေကာက္ေနသူရဲ႕ နာမည္ကို စီးကရက္ တံဆိပ္နားမွ အေပၚထိပ္ဆံုးထိ ေရးၿပီး စိတ္ေကာက္ ေျပေစလို႔ တဆက္တည္း ေရးပါ။ ဥပမာ ေမာင္ျဖဴ စိတ္ေကာက္ေနပါက စီးကရက္ တံဆိပ္နားမွ ေမာင္ျဖဴ စိတ္ေကာက္ ေျပေစလို႔ ေရးၿပီး မီးညႇိလိုက္ပါ။

၎ ေဆးလိပ္ကို ေသာက္ပါ။ ေသာက္ေနတဲ့ အခ်ိန္မွာ စိတ္ထဲမွ ေမာင္ျဖဴ ငါ့အေပၚ စိတ္ေကာက္ေျပေစလို႔ ေျပာၿပီး ေသာက္ပါ။ ေဆးလိပ္ျပာ မေခြၽရပါ။ အစီအရင္ လုပ္ေနခ်ိန္မွာ ေဘးဘီဝဲယာ မၾကည့္ရ။ စကားမေျပာရ။ ထိုင္ရာမွ မထရပါ။ စိတ္ေကာက္ေနသူကို ၿပံဳးရႊင္ေသာ မ်က္ႏွာ ျမင္ေအာင္ၾကည့္ႏိုင္လ်ွင္ ပိုေကာင္းပါသည္။

ေဆးလိပ္ မေသာက္တတ္သူမ်ားက ေႂကြပန္းကန္ျပားတြင္ စီးကရက္ကို ေထာင္၍ ကုန္သည္အထိ ထိုင္၍ အထက္ပါအတိုင္း စိတ္ထဲမွ ဆုေတာင္းပါ။

Credit : မူရင္းေရးသားသူ

(Unicode Version)

မိမိအပေါ် စိတ်ဆိုး စိတ်ကောက်နေတဲ့ သူတွေကို စိတ်ဆိုး စိတ်ကောက် ပြေစေမည့် ယတြာ အစီအရင်

မိမိတို့ရဲ့ ချစ်သူခင်သူ၊ မိတ်ဆွေ အပေါင်းအသင်း၊ အချစ်ရေး၊ အိမ်ထောင်ရေး၊ လူမှုဆက်ဆံရေး နယ်ပယ်တွင် မိမိအပေါ် စိတ်ကောက်နေသူများရှိရင် ဒီအစီအရင်ကို ယုံယုံကြည်ကြည် လုပ်ကြည့်ပါ။

စီးကရက် တစ်လိပ်ကို ဝယ်ပါ။ ပြီးရင် စိတ်ကောက်နေသူရဲ့ နာမည်ကို စီးကရက် တံဆိပ်နားမှ အပေါ်ထိပ်ဆုံးထိ ရေးပြီး စိတ်ကောက် ပြေစေလို့ တဆက်တည်း ရေးပါ။ ဥပမာ မောင်ဖြူ စိတ်ကောက်နေပါက စီးကရက် တံဆိပ်နားမှ မောင်ဖြူ စိတ်ကောက် ပြေစေလို့ ရေးပြီး မီးညှိလိုက်ပါ။

၎င်း ဆေးလိပ်ကို သောက်ပါ။ သောက်နေတဲ့ အချိန်မှာ စိတ်ထဲမှ မောင်ဖြူ ငါ့အပေါ် စိတ်ကောက်ပြေစေလို့ ပြောပြီး သောက်ပါ။ ဆေးလိပ်ပြာ မချွေရပါ။ အစီအရင် လုပ်နေချိန်မှာ ဘေးဘီဝဲယာ မကြည့်ရ။ စကားမပြောရ။ ထိုင်ရာမှ မထရပါ။ စိတ်ကောက်နေသူကို ပြုံးရွှင်သော မျက်နှာ မြင်အောင်ကြည့်နိုင်လျှင် ပိုကောင်းပါသည်။

ဆေးလိပ် မသောက်တတ်သူများက ကြွေပန်းကန်ပြားတွင် စီးကရက်ကို ထောင်၍ ကုန်သည်အထိ ထိုင်၍ အထက်ပါအတိုင်း စိတ်ထဲမှ ဆုတောင်းပါ။

Credit : မူရင်းရေးသားသူ