ခုႏွစ္ရက္ သားသမီးမ်ားအတြက္ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလ ၈ ရက္ေန႔မွ ၁၄ ရက္ေန႔အထိ ေဟာစာတမ္း

တနဂၤေႏြ သားသမီးမ်ား

ဒီကာလဟာ မိမိရဲ့အရင္ကာလေတြက အပင္ပန္းခံၿပီး လုပ္ထားတဲ့ကိစၥေတြကေနအက်ိဳးအျမတ္မ်ားစြာရရွိ နိုုင္တဲ့ ကာလပါပဲ။ ႀကိဳးစားထားသမွ်အရာထင္ရုပ္လံုးေပၚလာပါလိမ့္မယ္။ ၀န္ထမ္းမ်ား ဒီထက္ေကာင္းတဲ့ေနရာ၊ ဒီထက္ျမင့္တဲ့ရာထူးမ်ိဳးေတြရလြယ္ပါတယ္။ မိမိျဖစ္ခ်င္တာေတြကို အေကာင္အထည္ေဖာ္ႏုိင္မွာပါ။ အိမ္အသစ္ ပႏၷက္ရိုက္ျခင္းမ်ား ၊ဆိုင္အသစ္ေဆာက္ျခင္း၊ လုပ္ငန္းတစ္ခုစတင္ဆိုင္းဘုတ္တင္ျခင္းမ်ား ဒီကာလမွာအထူးျပဳ လုပ္ေစခ်င္ပါတယ္။ အင္တာဗ်ဴးေျဖဆိုျခင္းမ်ား ၊ စာေမးပြဲေျဖဆိုျခင္းမ်ားလဲ ရလဒ္ေကာင္းေတြရလာတတ္ပါတယ္။ က်န္းမာေရးကေတာ့ ဒီအပတ္ထဲ အရမ္းႀကီး ဆိုးေနတာမ်ိဳးမေတြ႔ပါဘူး။ ေနပူမိသိပ္မခံပါနဲ႔။ ေခါင္းကိုက္ေခါင္းမူး ျဖစ္လြယ္တဲ့ အခ်ိန္ေတြပါပဲ။ အခ်စ္ေရးမွာေတာ့ ႏွစ္ကိုယ္တူအနာဂတ္အတြက္ မိဘေတြကို တိုင္ပင္ေဆြးေႏြးသင့္ တဲ့ေန႔ရက္ေတြပါပဲ။ အိမ္ေထာင္ေရးမွာ အိမ္ေထာင္ဘက္က အလုပ္မ်ားေနၿပီး မိမိကိုယ္ဂရုစိုက္ႏိုင္မယ္ေတာ့ မထင္ပါဘူး။ ပညာေရးမွာေတာ့ မိမိကလဲႀကိဳးစား ကံကလဲေကာင္းဆိုေတာ့ အတိုင္းထက္အလြန္ပါပဲ။

အက်ိဳးေပးဂဏန္း – 1/5/4, အထူးေဟာ – ကံျမင့္ေနမည္။ ယၾတာ – မိဘဘိုးဘြားေတြကို ေဆး၀ါးဓာတ္စာ လွဴဒါန္းလိုက္ပါ။

တနလၤာသားသမီးမ်ား

ဒီကာလဟာ မိမိအတြက္ေတာ့ ဆႏၵေတြျပည့္၀လာမဲ့ေန႔ပါပဲ။ လုပ္ခ်င္တာေတြလုပ္ခြင့္ရလာလိမ့္မယ္။ အဓိ ကေတာ့ အေပ်ာ္ခရီးေတြသြားရတတ္ပါတယ္။ မိသားစုနဲ႔ေပ်ာ္စရာအခ်ိန္ေတြကိုျဖတ္သန္းႏိုင္ပါလိမ့္မယ္။ အလုပ္ စီးပြားအဆင္ေျပေနေတာ့ ကၽြဲကူးေရပါဆိုသလိုမ်ိဳးေငြေၾကးလဲ ေပါမ်ားေနတဲ့ကာလပါပဲ။ အလွဴမဂၤလာကိစၥမ်ားစီစဥ္ လို႔ေကာင္းသလို ပါ၀င္ပက္သက္ခြင့္လဲႀကံဳလာရတတ္ပါတယ္။ လူႀကီးအေတြးမ်ိဳးနဲ႔မလုပ္ဘဲနဲ႔ လူငယ္ဆန္ဆန္ေတြး ေတာလုပ္ကိုင္ျခင္းက ပိုမိုအဆင္ေျပေအာင္ျမင္ႏိုင္ပါလိမ့္မယ္။ က်န္းမာေရးကေတာ့ ဒီကာလမွာအညံ့အဆိုး အေတာ့ကိုနည္းပါတယ္။ ေရာဂါကင္းၿပီးက်န္းမာေနမဲ့အခ်ိန္ကာလတစ္ခုပါ။ မိမိအနားက အခက္အခဲျဖစ္ေနတဲ့သူ ေတြကိုလဲကူညီခြင့္ရလာမဲ့ေန႔ရက္ေတြပါပဲ။ အခ်စ္ေရးမွာေတာ့ ငယ္ရြယ္ၿပီးေခတ္ဆန္တဲ့ ခ်စ္သူမ်ိဳးေတြ႔ရႀကံဳရ တတ္ပါတယ္။ အိမ္ေထာင္ေရးကေတာ့ အိမ္ေထာင္ဘက္နဲ႔နားလည္မႈရွိရွိနဲ႔ ေရွ႕ဆက္သြားႏိုင္ပါလိမ့္မယ္။ ပညာေရး ကေတာ့ သူငယ္ခ်င္းနဲ႔၀ိုင္းဖြဲ႔ၿပီးစာက်က္တာ စာေဆြးေႏြးတာမ်ိဳးက ပိုမိုတိုးတတ္ပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း – 9/2/6, အထူးေဟာ – စိတ္ခ်မ္းသာမဲ့ကာလပါ။, ယၾတာ – ကထိန္အတြက္ ေငြလွဴဒါန္းပါ။

အဂၤါသားသမီးမ်ား

တကယ့္ကိုအလုပ္မ်ားေနတဲ့ ေန႔ရက္မ်ားပါပဲ။ ဒီတစ္ပတ္လံုးလုပ္စရာကိစၥေတြ တန္းစီေနတတ္ပါတယ္။ အနားယူခ်ိန္ေတာင္မရွိႏိုင္တဲ့ အေျခအေနမ်ိဳးႀကံဳရတတ္ပါတယ္။ ခရီးတုိေလးေတြႀကံဳရတတ္သလို ပင္ပန္းခံၿပီးလုပ္ ကိုင္ရတဲ့အလုပ္ေတြလဲရွိေနတတ္ပါတယ္။ လုပ္ေဖာ္ကိုင္ဖက္ေတြရဲ့ အကူအညီမရဘဲ မိမိဘာသာလုပ္ကိုင္ ေဆာင္ရြက္ေနရတတ္ပါတယ္။ စက္ပစၥည္း၀ယ္မယ္ဆို စဥ္းစားပါအံုးဗ်ာ၊ ၀ယ္ၿပီးမွေနာင္တရေနတာမ်ိဳးလဲ ျဖစ္ရပ်က္ရ တတ္ပါတယ္။ လွ်ပ္စစ္ကိုင္တြယ္ျခင္းမ်ား ဒီကာလမွာ သတိထားၿပီးကိုင္တြယ္ျပဳျပင္ပါ။ စိတ္ထဲလုပ္ခ်င္တာေလး ေတြမ်ားေနတတ္ပါတယ္။ တစ္ခုၿပီးမွတစ္ခုလုပ္ေစခ်င္ပါတယ္။ က်န္းမာေရးမွာေတာ့ ကိုယ္လက္ကိုက္ခဲျခင္း လူႏုန္းျခင္းမ်ိဳးႀကံဳရတတ္ပါတယ္။အခ်စ္ေရးမွာေတာ့မိမိကိုယ္တိုင္ကလဲ အခ်စ္ေရးအေပၚစိတ္ပါ၀င္စားမႈ အားေလ်ာ့ေနတတ္ပါတယ္။ အိမ္ေထာင္ေရးကေတာ့ အလုပ္မ်ားေနတာေၾကာင့္ မိသားစုကို အခ်ိန္မေပးႏိုင္ျဖစ္ရ ပါလိမ့္မယ္။ ပညာေရးကေတာ့ ႀကိဳးစားႏိုင္မွ အဆင္ေျပမွာပါ။ ပညာေရးအားနည္းေနပါတယ္။

အက်ိဳးေပးဂဏန္း – 2/1/5, အထူးေဟာ – ကံအားနည္းေနခ်ိန္ပါပဲ။, ယၾတာ – မီးေခ်ာင္းအကၽြမ္းမ်ား စြန္႔ပစ္လို္က္ပါ။

ဗုဒၶဟူးသားသမီးမ်ား

အရာရာတိုင္း မိမိဆံုးျဖတ္ခ်က္ကိုပဲ ဦးစားေပးထားေစခ်င္ပါတယ္။ ဘယ္သူ႔စကားကိုမွနားမေယာင္မိပါ ေစနဲ႔။ စပ္တူအလုပ္ရွယ္ယာအလုပ္မ်ားလံုး၀မေကာင္းေသးပါဘူး။ မည္သူ႔ဆီမွအႀကံမေတာင္းတာအေကာင္းဆံုး ပါပဲ။ ဥပေဒနဲ႔ျငိစြန္းတဲ့လုပ္ငန္းမ်ား ဒီကာလမွာအျပစ္ေပးအေရးယူျခင္းခံရတတ္ပါတယ္။ အလုပ္သစ္ စီးပြားသစ္ စလိုက္မိပါက ဒီကာလမွာေသခ်င္တဲ့က်ားေတာေျပာင္းဆိုတာမ်ိဳးလို ျဖစ္ရပါလိမ့္မယ္။ မိခင္ရဲ့က်န္းမာေရးအားနည္း ေနတတ္တဲ့အတြက္ ဂရုစိုက္ေပးလိုက္ပါ။ မိမိက်န္းမာေရးကေတာ့ ၀မ္းဗိုက္အစာအိမ္န႔ဲ ပက္သက္ၿပီး သတိထား ရပါလိမ့္မယ္။ အလုပ္ထဲမွာ ေငြအရမ္းျမဳပ္ေနရင္ျပန္ေဖာ္ရတတ္ပါတယ္။ အိမ္ေထာင္ေရးကေတာ့ အေကာင္းဆံုး ကာလထဲေရာက္ေနတာပါ။အခ်စ္ေရးမွာေတာ့ မလြန္က်ဴးမိပါေစနဲ႔။ မဖံုႏိုင္မဖိႏိုင္တဲ့ ကိစၥမ်ိဳး ေတြ႔ရႀကံဳရတတ္တဲ့ ကာလထဲေရာက္ေနခ်ိန္မို႔ပါပဲ။ ပညာေရးအထူးေကာင္းေနပါလိမ့္မယ္။ ပညာရပ္တစ္ခုကိုစတင္သင္ၾကားဖို႔ အေကာင္းဆံုးကာလပါပဲ။

အက်ိဳးေပးဂဏန္း – 5/3/6, အထူးေဟာ – ကံသင့္ပါတယ္။, ယၾတာ – စံပယ္ပန္းဘုရားကပ္လွဴဆုေတာင္းပါ။

ၾကာသပေတး သားသမီးမ်ား

အဘက္ဘက္ကတိုးတတ္ေအာင္ျမင္ေနမဲ့အခ်ိန္ပါ။ အထူးသျဖင့္ စီးပြားေရးနဲ႔ပက္သက္ၿပီးအထူးေကာင္းပါ လိမ့္မယ္။ ကိုယ္ပိုင္အလုပ္မ်ား အဆင္ေျပပါလိမ့္မယ္။ ေစ်းဆိုင္မ်ား ေဖာက္သည္သစ္တိုးျခင္း ၊လူက်ျခင္းမ်ိဳးလဲ ႀကံဳရေတြ႔ရတတ္ပါတယ္။မိတ္ေဆြအေပါင္းအသင္းေတြရဲ႕ အကူအညီအေထာက္အပံ့ေတြရပါလိမ့္မယ္။ အဆက္ အသြယ္ေကာင္းေတြရတတ္ပါတယ္။ ဒီကာလမွာခရီးသြားဖို႔ကိစၥေတြလဲ ၾကံဳရပါလိမ့္မယ္။ ၀န္ထမ္းမ်ားအလုပ္နဲ႔ ပက္သက္ၿပီး နယ္ခရီးသြားရျခင္းမ်ိဳးေတြရွိတတ္ပါတယ္။ က်န္းမာေရးအေကာင္းဘက္မွာရွိေနပါတယ္။ ဒါေပမဲ့ ေနာက္က်မွေရခ်ိဳးျခင္း ေခါင္းေလွ်ာ္ျခင္းမ်ိဳးေတြ မလုပ္မိပါေစနဲ႔။ အိမ္ေထာင္ေရးသာယာေပ်ာ္ရႊင္မဲ့ကာလပါပဲ။ အတူေန ေမာင္ႏွမေတြနဲ႔ အဆင္မေျပတာမ်ိဳးေတာ့ ရွိတတ္ပါတယ္။ အခ်စ္ေရးကေတာ့ ခ်စ္သူရဲ့ဂရုဏာအၾကင္နာ ေတြကိုရရွိမဲ့ကာလပါပဲ။ ပညာေရးအထူးေကာင္းပါတယ္။ သူငယ္ခ်င္းေတြနဲ႔ အိမ္စာအတူတူလုပ္တာမ်ိဳးကစာပို ရတတ္တဲ့အခ်ိန္ပါ။

အက်ိဳးေပးဂဏန္း – 5/6/2, အထူးေဟာ – အလုပ္စီးပြားေကာင္းေနမည္။, ယၾတာ – ေမြးနံေထာင့္ ပန္းအျဖဴ ၅ပြင့္လွဴပါ။

ေသာၾကာ သားသမီးမ်ား

လႈပ္လႈပ္ရွားရွားမ်ားမဲ့ကာလပါပဲ။ သူတစ္ပါးကိစၥေတြကိုလုပ္ပါကူညီလုပ္ကိုင္ေပးေနရတတ္ပါတယ္။ အေ၀းေရာက္ေနတဲ့သူငယ္ခ်င္းေတြရဲ့အကူအညီေတာင္းခံျခင္းမ်ိဳးႀကံဳရတတ္ပါတယ္။ လက္လြန္ထားတဲ့ေငြေၾကး ေတြနဲ႔ပက္သက္ၿပီးေတာ့ အမႈအခင္းေတြျဖစ္တတ္ပါတယ္။ ရစရာရွိတဲ့ အရာမ်ားျပန္ရႏိုင္ဖို႔ မလြယ္ကူေသးတာ မ်ိဳးေတြ႔ရပါတယ္။ ၀န္ထမ္းမ်ားတာ၀န္ေတြနဲ႔ပိေနတတ္ပါတယ္။ အလုပ္မ်ားၿပီးပင္ပန္းေနရတတ္ပါတယ္။ ကိုယ္ပိုင္ အလုပ္မ်ား အနည္းငယ္ပါးေနတတ္ပါတယ္။ က်န္းမာေရးကေတာ့မိမိတို႔ျဖစ္ေနၾကေရာဂါေဟာင္း ေ၀ဒနာေဟာင္း ေတြလဲဲျပန္ေပၚလာတတ္ပါတယ္။ ေသာက္ေနက်ေဆးေလးေတြေတာ့ ေဆာင္ထားဖို႔လိုအပ္ပါလိမ့္မယ္။ အိမ္တြင္းေရးအပူေတြ႔တတ္ပါတယ္။ အိမ္ေထာင္ဘက္နဲ႔ ကေတာက္ကဆမ်ားရတတ္တယ္။ အခ်စ္ေရးကေတာ့ နားလည္မႈအျပည့္နဲ႔ ေရွ႕ဆက္ႏိုင္ပါလိမ့္မယ္။ ပညာေရးမွာမိမိကိုယ္တိုင္က ဆရာရွင္းျပတာနားမလည္တာမ်ိဳး ရွိေနပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း – 7/4/1, အထူးေဟာ – အလုပ္ရႈပ္ေနပါလိမ့္မယ္။, ယၾတာ – ႏြားႏို႔ ဘုရားကပ္လွဴပါ။

စေနသားသမီးမ်ား

ဒီကာလအတြင္း အလုပ္ကိစၥေတြမ်ားေနပါလိမ့္မယ္။ စိတ္ပင္ပန္းစရာ လူပင္ပန္းစရာေတြလဲ ႀကံဳရေတြ႔ ရတတ္ပါတယ္။ မိမိက လုပ္ငန္းခြင္တာ၀န္ႀကီးႀကီးယူထားသူဆို အေရးႀကီးတဲ့ကိစၥမ်ားကို ဆံုးျဖတ္ခ်က္ခ်ေနရပါ လိမ့္မယ္။ လိုတာထက္ပိုၿပီး အပင္ပန္းခံရမယ္ဆိုပါက အနားယူခ်ိန္ကိုလဲ သတ္သတ္မွတ္မွတ္ထားပါလို႔ ေျပာခ်င္ ပါတယ္။ ကိုယ္ပိုင္စီးပြားေရးမ်ား တိုးတတ္ႏိုင္ေပမဲ့ ေရာင္းမွား၀ယ္မွားမျဖစ္ေအာင္ သတိထားဖို႔ေတာ့ လိုအပ္ပါ တယ္။ က်န္းမာေရးလဲ အရင္ကထက္ပိုဂရုစိုက္ပါ။ ေရာဂါႀကီးႀကီးမားမားမရွိေပမဲ့ ပန္းဖ်ားဖ်ားတာမ်ိဳးေတြ ႀကံဳရ တတ္ပါတယ္။ ၀န္ထမ္းမ်ားအလုပ္နဲ႔ပက္သက္ၿပီး အေျပာင္းအလဲႀကံဳရတတ္ပါတယ္။ ကိုယ္ပိုင္ေငြသံုးစြဲမႈမ်ားလဲ စနစ္က်ဖို႔လိုပါတယ္။ အခ်စ္ေရးအဆင္ေျပႏိုင္ေပမဲ့ ကိုယ္အလုပ္နဲ႔ကိုယ္ အခ်စ္ေရးကို အာရံုမစိုက္ႏိုုင္တာမ်ိဳး ျဖစ္ေနပါလိမ့္မယ္။ အိမ္ေထာင္ေရးမွာေတာ့အည့ံအဆိုးသိပ္မေတြ႔ရပါဘူး။ ဒါေပမဲ့မိမိရဲ့အိမ္ေထာင္ဘက္အလုပ္ပါး ေနပါလိမ့္မယ္။ ပညာေရးကေတာ့ မိမိရဲ့စိုးရိမ္စိတ္ကပဲ တြန္းအားတစ္ခုျဖစ္ေစပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း – 1/5/2, အထူးေဟာ – က်န္းမာေရးထိခိုက္ေအာင္အလုပ္မလုပ္ပါနဲ႔။, ယၾတာ – ေျမပဲေလးေႀကာ္ၿပီး ဘုရားကပ္လွဴပါ။

ခုရက္ သားသမီးအေပါင္း ေကာင္းေသာ လိုအင္ဆႏၵေတြ ျပည့္၀ၾကပါေစ၊၊

ျငိမ္းေအးလူ(ေဗဒင္သုေတသီ) / Viber Only (09775555695)

(Unicode Version)

ခုနှစ်ရက် သားသမီးများအတွက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ ဟောစာတမ်း

တနင်္ဂနွေ သားသမီးများ

ဒီကာလဟာ မိမိရဲ့အရင်ကာလတွေက အပင်ပန်းခံပြီး လုပ်ထားတဲ့ကိစ္စတွေကနေအကျိုးအမြတ်များစွာရရှိ နိုင်တဲ့ ကာလပါပဲ။ ကြိုးစားထားသမျှအရာထင်ရုပ်လုံးပေါ်လာပါလိမ့်မယ်။ ဝန်ထမ်းများ ဒီထက်ကောင်းတဲ့နေရာ၊ ဒီထက်မြင့်တဲ့ရာထူးမျိုးတွေရလွယ်ပါတယ်။ မိမိဖြစ်ချင်တာတွေကို အကောင်အထည်ဖော်နိုင်မှာပါ။ အိမ်အသစ် ပန္နက်ရိုက်ခြင်းများ ၊ဆိုင်အသစ်ဆောက်ခြင်း၊ လုပ်ငန်းတစ်ခုစတင်ဆိုင်းဘုတ်တင်ခြင်းများ ဒီကာလမှာအထူးပြု လုပ်စေချင်ပါတယ်။ အင်တာဗျူးဖြေဆိုခြင်းများ ၊ စာမေးပွဲဖြေဆိုခြင်းများလဲ ရလဒ်ကောင်းတွေရလာတတ်ပါတယ်။ ကျန်းမာရေးကတော့ ဒီအပတ်ထဲ အရမ်းကြီး ဆိုးနေတာမျိုးမတွေ့ပါဘူး။ နေပူမိသိပ်မခံပါနဲ့။ ခေါင်းကိုက်ခေါင်းမူး ဖြစ်လွယ်တဲ့ အချိန်တွေပါပဲ။ အချစ်ရေးမှာတော့ နှစ်ကိုယ်တူအနာဂတ်အတွက် မိဘတွေကို တိုင်ပင်ဆွေးနွေးသင့် တဲ့နေ့ရက်တွေပါပဲ။ အိမ်ထောင်ရေးမှာ အိမ်ထောင်ဘက်က အလုပ်များနေပြီး မိမိကိုယ်ဂရုစိုက်နိုင်မယ်တော့ မထင်ပါဘူး။ ပညာရေးမှာတော့ မိမိကလဲကြိုးစား ကံကလဲကောင်းဆိုတော့ အတိုင်းထက်အလွန်ပါပဲ။

အကျိုးပေးဂဏန်း – 1/5/4, အထူးဟော – ကံမြင့်နေမည်။ ယတြာ – မိဘဘိုးဘွားတွေကို ဆေးဝါးဓာတ်စာ လှူဒါန်းလိုက်ပါ။

တနင်္လာသားသမီးများ

ဒီကာလဟာ မိမိအတွက်တော့ ဆန္ဒတွေပြည့်ဝလာမဲ့နေ့ပါပဲ။ လုပ်ချင်တာတွေလုပ်ခွင့်ရလာလိမ့်မယ်။ အဓိ ကတော့ အပျော်ခရီးတွေသွားရတတ်ပါတယ်။ မိသားစုနဲ့ပျော်စရာအချိန်တွေကိုဖြတ်သန်းနိုင်ပါလိမ့်မယ်။ အလုပ် စီးပွားအဆင်ပြေနေတော့ ကျွဲကူးရေပါဆိုသလိုမျိုးငွေကြေးလဲ ပေါများနေတဲ့ကာလပါပဲ။ အလှူမင်္ဂလာကိစ္စများစီစဉ် လို့ကောင်းသလို ပါဝင်ပက်သက်ခွင့်လဲကြုံလာရတတ်ပါတယ်။ လူကြီးအတွေးမျိုးနဲ့မလုပ်ဘဲနဲ့ လူငယ်ဆန်ဆန်တွေး တောလုပ်ကိုင်ခြင်းက ပိုမိုအဆင်ပြေအောင်မြင်နိုင်ပါလိမ့်မယ်။ ကျန်းမာရေးကတော့ ဒီကာလမှာအညံ့အဆိုး အတော့ကိုနည်းပါတယ်။ ရောဂါကင်းပြီးကျန်းမာနေမဲ့အချိန်ကာလတစ်ခုပါ။ မိမိအနားက အခက်အခဲဖြစ်နေတဲ့သူ တွေကိုလဲကူညီခွင့်ရလာမဲ့နေ့ရက်တွေပါပဲ။ အချစ်ရေးမှာတော့ ငယ်ရွယ်ပြီးခေတ်ဆန်တဲ့ ချစ်သူမျိုးတွေ့ရကြုံရ တတ်ပါတယ်။ အိမ်ထောင်ရေးကတော့ အိမ်ထောင်ဘက်နဲ့နားလည်မှုရှိရှိနဲ့ ရှေ့ဆက်သွားနိုင်ပါလိမ့်မယ်။ ပညာရေး ကတော့ သူငယ်ချင်းနဲ့ဝိုင်းဖွဲ့ပြီးစာကျက်တာ စာဆွေးနွေးတာမျိုးက ပိုမိုတိုးတတ်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း – 9/2/6, အထူးဟော – စိတ်ချမ်းသာမဲ့ကာလပါ။, ယတြာ – ကထိန်အတွက် ငွေလှူဒါန်းပါ။

အင်္ဂါသားသမီးများ

တကယ့်ကိုအလုပ်များနေတဲ့ နေ့ရက်များပါပဲ။ ဒီတစ်ပတ်လုံးလုပ်စရာကိစ္စတွေ တန်းစီနေတတ်ပါတယ်။ အနားယူချိန်တောင်မရှိနိုင်တဲ့ အခြေအနေမျိုးကြုံရတတ်ပါတယ်။ ခရီးတိုလေးတွေကြုံရတတ်သလို ပင်ပန်းခံပြီးလုပ် ကိုင်ရတဲ့အလုပ်တွေလဲရှိနေတတ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အကူအညီမရဘဲ မိမိဘာသာလုပ်ကိုင် ဆောင်ရွက်နေရတတ်ပါတယ်။ စက်ပစ္စည်းဝယ်မယ်ဆို စဉ်းစားပါအုံးဗျာ၊ ဝယ်ပြီးမှနောင်တရနေတာမျိုးလဲ ဖြစ်ရပျက်ရ တတ်ပါတယ်။ လျှပ်စစ်ကိုင်တွယ်ခြင်းများ ဒီကာလမှာ သတိထားပြီးကိုင်တွယ်ပြုပြင်ပါ။ စိတ်ထဲလုပ်ချင်တာလေး တွေများနေတတ်ပါတယ်။ တစ်ခုပြီးမှတစ်ခုလုပ်စေချင်ပါတယ်။ ကျန်းမာရေးမှာတော့ ကိုယ်လက်ကိုက်ခဲခြင်း လူနုန်းခြင်းမျိုးကြုံရတတ်ပါတယ်။အချစ်ရေးမှာတော့မိမိကိုယ်တိုင်ကလဲ အချစ်ရေးအပေါ်စိတ်ပါဝင်စားမှု အားလျော့နေတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ အလုပ်များနေတာကြောင့် မိသားစုကို အချိန်မပေးနိုင်ဖြစ်ရ ပါလိမ့်မယ်။ ပညာရေးကတော့ ကြိုးစားနိုင်မှ အဆင်ပြေမှာပါ။ ပညာရေးအားနည်းနေပါတယ်။

အကျိုးပေးဂဏန်း – 2/1/5, အထူးဟော – ကံအားနည်းနေချိန်ပါပဲ။, ယတြာ – မီးချောင်းအကျွမ်းများ စွန့်ပစ်လိုက်ပါ။

ဗုဒ္ဓဟူးသားသမီးများ

အရာရာတိုင်း မိမိဆုံးဖြတ်ချက်ကိုပဲ ဦးစားပေးထားစေချင်ပါတယ်။ ဘယ်သူ့စကားကိုမှနားမယောင်မိပါ စေနဲ့။ စပ်တူအလုပ်ရှယ်ယာအလုပ်များလုံးဝမကောင်းသေးပါဘူး။ မည်သူ့ဆီမှအကြံမတောင်းတာအကောင်းဆုံး ပါပဲ။ ဥပဒေနဲ့ငြိစွန်းတဲ့လုပ်ငန်းများ ဒီကာလမှာအပြစ်ပေးအရေးယူခြင်းခံရတတ်ပါတယ်။ အလုပ်သစ် စီးပွားသစ် စလိုက်မိပါက ဒီကာလမှာသေချင်တဲ့ကျားတောပြောင်းဆိုတာမျိုးလို ဖြစ်ရပါလိမ့်မယ်။ မိခင်ရဲ့ကျန်းမာရေးအားနည်း နေတတ်တဲ့အတွက် ဂရုစိုက်ပေးလိုက်ပါ။ မိမိကျန်းမာရေးကတော့ ဝမ်းဗိုက်အစာအိမ်နဲ့ ပက်သက်ပြီး သတိထား ရပါလိမ့်မယ်။ အလုပ်ထဲမှာ ငွေအရမ်းမြုပ်နေရင်ပြန်ဖော်ရတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ အကောင်းဆုံး ကာလထဲရောက်နေတာပါ။အချစ်ရေးမှာတော့ မလွန်ကျူးမိပါစေနဲ့။ မဖုံနိုင်မဖိနိုင်တဲ့ ကိစ္စမျိုး တွေ့ရကြုံရတတ်တဲ့ ကာလထဲရောက်နေချိန်မို့ပါပဲ။ ပညာရေးအထူးကောင်းနေပါလိမ့်မယ်။ ပညာရပ်တစ်ခုကိုစတင်သင်ကြားဖို့ အကောင်းဆုံးကာလပါပဲ။

အကျိုးပေးဂဏန်း – 5/3/6, အထူးဟော – ကံသင့်ပါတယ်။, ယတြာ – စံပယ်ပန်းဘုရားကပ်လှူဆုတောင်းပါ။

ကြာသပတေး သားသမီးများ

အဘက်ဘက်ကတိုးတတ်အောင်မြင်နေမဲ့အချိန်ပါ။ အထူးသဖြင့် စီးပွားရေးနဲ့ပက်သက်ပြီးအထူးကောင်းပါ လိမ့်မယ်။ ကိုယ်ပိုင်အလုပ်များ အဆင်ပြေပါလိမ့်မယ်။ ဈေးဆိုင်များ ဖောက်သည်သစ်တိုးခြင်း ၊လူကျခြင်းမျိုးလဲ ကြုံရတွေ့ရတတ်ပါတယ်။မိတ်ဆွေအပေါင်းအသင်းတွေရဲ့ အကူအညီအထောက်အပံ့တွေရပါလိမ့်မယ်။ အဆက် အသွယ်ကောင်းတွေရတတ်ပါတယ်။ ဒီကာလမှာခရီးသွားဖို့ကိစ္စတွေလဲ ကြုံရပါလိမ့်မယ်။ ဝန်ထမ်းများအလုပ်နဲ့ ပက်သက်ပြီး နယ်ခရီးသွားရခြင်းမျိုးတွေရှိတတ်ပါတယ်။ ကျန်းမာရေးအကောင်းဘက်မှာရှိနေပါတယ်။ ဒါပေမဲ့ နောက်ကျမှရေချိုးခြင်း ခေါင်းလျှော်ခြင်းမျိုးတွေ မလုပ်မိပါစေနဲ့။ အိမ်ထောင်ရေးသာယာပျော်ရွှင်မဲ့ကာလပါပဲ။ အတူနေ မောင်နှမတွေနဲ့ အဆင်မပြေတာမျိုးတော့ ရှိတတ်ပါတယ်။ အချစ်ရေးကတော့ ချစ်သူရဲ့ဂရုဏာအကြင်နာ တွေကိုရရှိမဲ့ကာလပါပဲ။ ပညာရေးအထူးကောင်းပါတယ်။ သူငယ်ချင်းတွေနဲ့ အိမ်စာအတူတူလုပ်တာမျိုးကစာပို ရတတ်တဲ့အချိန်ပါ။

အကျိုးပေးဂဏန်း – 5/6/2, အထူးဟော – အလုပ်စီးပွားကောင်းနေမည်။, ယတြာ – မွေးနံထောင့် ပန်းအဖြူ ၅ပွင့်လှူပါ။

သောကြာ သားသမီးများ

လှုပ်လှုပ်ရှားရှားများမဲ့ကာလပါပဲ။ သူတစ်ပါးကိစ္စတွေကိုလုပ်ပါကူညီလုပ်ကိုင်ပေးနေရတတ်ပါတယ်။ အဝေးရောက်နေတဲ့သူငယ်ချင်းတွေရဲ့အကူအညီတောင်းခံခြင်းမျိုးကြုံရတတ်ပါတယ်။ လက်လွန်ထားတဲ့ငွေကြေး တွေနဲ့ပက်သက်ပြီးတော့ အမှုအခင်းတွေဖြစ်တတ်ပါတယ်။ ရစရာရှိတဲ့ အရာများပြန်ရနိုင်ဖို့ မလွယ်ကူသေးတာ မျိုးတွေ့ရပါတယ်။ ဝန်ထမ်းများတာဝန်တွေနဲ့ပိနေတတ်ပါတယ်။ အလုပ်များပြီးပင်ပန်းနေရတတ်ပါတယ်။ ကိုယ်ပိုင် အလုပ်များ အနည်းငယ်ပါးနေတတ်ပါတယ်။ ကျန်းမာရေးကတော့မိမိတို့ဖြစ်နေကြရောဂါဟောင်း ဝေဒနာဟောင်း တွေလဲပြန်ပေါ်လာတတ်ပါတယ်။ သောက်နေကျဆေးလေးတွေတော့ ဆောင်ထားဖို့လိုအပ်ပါလိမ့်မယ်။ အိမ်တွင်းရေးအပူတွေ့တတ်ပါတယ်။ အိမ်ထောင်ဘက်နဲ့ ကတောက်ကဆများရတတ်တယ်။ အချစ်ရေးကတော့ နားလည်မှုအပြည့်နဲ့ ရှေ့ဆက်နိုင်ပါလိမ့်မယ်။ ပညာရေးမှာမိမိကိုယ်တိုင်က ဆရာရှင်းပြတာနားမလည်တာမျိုး ရှိနေပါလိမ့်မယ်။

အကျိုးပေးဂဏန်း – 7/4/1, အထူးဟော – အလုပ်ရှုပ်နေပါလိမ့်မယ်။, ယတြာ – နွားနို့ ဘုရားကပ်လှူပါ။

စနေသားသမီးများ

ဒီကာလအတွင်း အလုပ်ကိစ္စတွေများနေပါလိမ့်မယ်။ စိတ်ပင်ပန်းစရာ လူပင်ပန်းစရာတွေလဲ ကြုံရတွေ့ ရတတ်ပါတယ်။ မိမိက လုပ်ငန်းခွင်တာဝန်ကြီးကြီးယူထားသူဆို အရေးကြီးတဲ့ကိစ္စများကို ဆုံးဖြတ်ချက်ချနေရပါ လိမ့်မယ်။ လိုတာထက်ပိုပြီး အပင်ပန်းခံရမယ်ဆိုပါက အနားယူချိန်ကိုလဲ သတ်သတ်မှတ်မှတ်ထားပါလို့ ပြောချင် ပါတယ်။ ကိုယ်ပိုင်စီးပွားရေးများ တိုးတတ်နိုင်ပေမဲ့ ရောင်းမှားဝယ်မှားမဖြစ်အောင် သတိထားဖို့တော့ လိုအပ်ပါ တယ်။ ကျန်းမာရေးလဲ အရင်ကထက်ပိုဂရုစိုက်ပါ။ ရောဂါကြီးကြီးမားမားမရှိပေမဲ့ ပန်းဖျားဖျားတာမျိုးတွေ ကြုံရ တတ်ပါတယ်။ ဝန်ထမ်းများအလုပ်နဲ့ပက်သက်ပြီး အပြောင်းအလဲကြုံရတတ်ပါတယ်။ ကိုယ်ပိုင်ငွေသုံးစွဲမှုများလဲ စနစ်ကျဖို့လိုပါတယ်။ အချစ်ရေးအဆင်ပြေနိုင်ပေမဲ့ ကိုယ်အလုပ်နဲ့ကိုယ် အချစ်ရေးကို အာရုံမစိုက်နိုင်တာမျိုး ဖြစ်နေပါလိမ့်မယ်။ အိမ်ထောင်ရေးမှာတော့အညံ့အဆိုးသိပ်မတွေ့ရပါဘူး။ ဒါပေမဲ့မိမိရဲ့အိမ်ထောင်ဘက်အလုပ်ပါး နေပါလိမ့်မယ်။ ပညာရေးကတော့ မိမိရဲ့စိုးရိမ်စိတ်ကပဲ တွန်းအားတစ်ခုဖြစ်စေပါလိမ့်မယ်။

အကျိုးပေးဂဏန်း – 1/5/2, အထူးဟော – ကျန်းမာရေးထိခိုက်အောင်အလုပ်မလုပ်ပါနဲ့။, ယတြာ – မြေပဲလေးကြော်ပြီး ဘုရားကပ်လှူပါ။

ခုရက် သားသမီးအပေါင်း ကောင်းသော လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ၊၊

ငြိမ်းအေးလူ(ဗေဒင်သုတေသီ) / Viber Only (09775555695)