KTV ဆိုင္တြင္ လူမိုက္ေၾကး ေတာင္းယူသည္ဆိုကာ လူ ၆ ဦးကို အမႈဖြင့္ ဖမ္းဆီး

ပဲခူးၿမိဳ႕ရွိ ကာလာဇုန္ KTV ဆိုင္တြင္ ၿခိမ္းေျခာက္၍ လူမိုက္ေၾကး ေတာင္ယူသည္ဆိုကာ လူ ၆ ဦးကို အမႈဖြင့္ဖမ္းဆီးလိုက္ေၾကာင္း အမွတ္(၂)နယ္ေျမရဲစခန္းထံမွ သတင္းရရွိသည္။

ႏိုဝင္ဘာ ၆ ရက္ေန႔ညပိုင္းက ပဲခူးၿမိဳ႕ယာဥ္ဝင္းသစ္၊ ကြ်န္းသာယာရပ္ကြက္အတြင္း ဖြင့္လွစ္ထားေသာ ကာလာဇုန္ KTV ဆိုင္သို႔ ေဇာ္ထူးပါ လူ ၆ ဦးတို႔ေရာက္ရွိလာၿပီး လူမိုက္ေၾကး က်ပ္ႏွစ္သိန္းခြဲကို ေတာင္းယူရရာတြင္ ဆိုင္ပိုင္ရွင္ျဖစ္သူက ေငြမရွိေသး၍ မေပးႏိုင္ေသး ေၾကာင္း ေျပာဆိုခဲ့သည္တြင္ အထက္ပါလူ ၆ ဦးက မေက်မနပ္ျဖစ္ကာ ဆိုင္းအတြင္းရွိ အခန္းတစ္ခန္း၌ရွိေနစဥ္ အမွတ္(၂)ရဲစခန္းမွ တာဝန္ရွိသူမ်ားက ဖမ္းဆီးစစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း ရဲမွတ္တမ္းတြင္ေဖာ္ျပပါရွိသည္။

စစ္ေဆးရာတြင္ ၎လူ ၆ ဦးထိုင္ေနေသာ ဆိုဖာခုံ ေအာက္တြင္ ဓာႏွစ္လက္အား သိမ္းဆည္ရမိခဲ့ၿပီး ပိုက္ဆံအိတ္အတြင္းမွ ေငြက်ပ္ႏွစ္သိန္းခြဲေက်ာ္တို႔အား ရွာေဖြေတြ႔ရွိခဲ့သည္ဟု ရဲမွတ္တမ္းက ေဖာ္ျပသည္။

ကာလာဇုန္ KTV ဆိုင္ပိုင္ရွင္က ရဲစခန္း၌ ေဇာ္ထူးပါ ၆ ဦးအားအမႈဖြင့္လွစ္ရာတြင္ ၿပီးခဲ့သည့္ေအာက္တိုဘာလအတြင္းကလည္း လူမိုက္ ေၾကးဟုဆိုကာ ေငြက်ပ္ငါးသိန္းေတာင္းယူရာတြင္ ေငြက်ပ္ႏွစ္သိန္းခြဲသာေပးႏိုင္ပါမည္ဟု ညွိႏႈိင္း၍ ယင္းလူ ၆ ဦးထံေပးခဲ့ရေၾကာင္း ပူးတြဲတိုင္ၾကားခဲ့ျခင္းျဖစ္သည္။

ထို႔ျပင္ ယာဥ္ဝင္းသစ္အတြင္း ဖြင့္လွစ္ထားေသာ 99, Feel, ပိုင္အိုနီးယား စသည့္ KTV ဆိုင္မ်ားမွ စိုင္းေမာင္ေမာင္၊ ေဇာ္ထူးပါ ၆ ဦးတို႔ထံ ေငြက်ပ္ႏွစ္သိန္းခြဲစီ လူမိုက္ေၾကးေပးခဲ့ရသည္မ်ား စစ္ေဆးေပၚေပါက္ခဲ့သည္ဟု ရဲမွတ္တမ္း၌ ေဖာ္ျပထားသည္။

အထက္ပါျဖစ္စဥ္မွ စိုင္းေမာင္ေမာင္၊ ေဇာ္ထူးပါ ၆ ဦးတို႔ကို အမွတ္ (၂)နယ္ေျမရဲစခန္းက (ပ)၁၁၈၅ /၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၆ တို႔အရ ဖမ္းဆီးစစ္ေဆးလ်က္ရွိေၾကာင္း အဆိုပါစခန္းထံမွ သတင္းရရွိသည္။

သတင္းႏွင့္ဓာတ္ပုံ- သန္းဝင္းႏိုင္

Source : Bago Weekly Journal

(Unicode Version)

KTV ဆိုင်တွင် လူမိုက်ကြေး တောင်းယူသည်ဆိုကာ လူ ၆ ဦးကို အမှုဖွင့် ဖမ်းဆီး

ပဲခူးမြို့ရှိ ကာလာဇုန် KTV ဆိုင်တွင် ခြိမ်းခြောက်၍ လူမိုက်ကြေး တောင်ယူသည်ဆိုကာ လူ ၆ ဦးကို အမှုဖွင့်ဖမ်းဆီးလိုက်ကြောင်း အမှတ်(၂)နယ်မြေရဲစခန်းထံမှ သတင်းရရှိသည်။

နိုဝင်ဘာ ၆ ရက်နေ့ညပိုင်းက ပဲခူးမြို့ယာဉ်ဝင်းသစ်၊ ကျွန်းသာယာရပ်ကွက်အတွင်း ဖွင့်လှစ်ထားသော ကာလာဇုန် KTV ဆိုင်သို့ ဇော်ထူးပါ လူ ၆ ဦးတို့ရောက်ရှိလာပြီး လူမိုက်ကြေး ကျပ်နှစ်သိန်းခွဲကို တောင်းယူရရာတွင် ဆိုင်ပိုင်ရှင်ဖြစ်သူက ငွေမရှိသေး၍ မပေးနိုင်သေး ကြောင်း ပြောဆိုခဲ့သည်တွင် အထက်ပါလူ ၆ ဦးက မကျေမနပ်ဖြစ်ကာ ဆိုင်းအတွင်းရှိ အခန်းတစ်ခန်း၌ရှိနေစဉ် အမှတ်(၂)ရဲစခန်းမှ တာဝန်ရှိသူများက ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင်ဖော်ပြပါရှိသည်။

စစ်ဆေးရာတွင် ၎င်းလူ ၆ ဦးထိုင်နေသော ဆိုဖာခုံ အောက်တွင် ဓာနှစ်လက်အား သိမ်းဆည်ရမိခဲ့ပြီး ပိုက်ဆံအိတ်အတွင်းမှ ငွေကျပ်နှစ်သိန်းခွဲကျော်တို့အား ရှာဖွေတွေ့ရှိခဲ့သည်ဟု ရဲမှတ်တမ်းက ဖော်ပြသည်။

ကာလာဇုန် KTV ဆိုင်ပိုင်ရှင်က ရဲစခန်း၌ ဇော်ထူးပါ ၆ ဦးအားအမှုဖွင့်လှစ်ရာတွင် ပြီးခဲ့သည့်အောက်တိုဘာလအတွင်းကလည်း လူမိုက် ကြေးဟုဆိုကာ ငွေကျပ်ငါးသိန်းတောင်းယူရာတွင် ငွေကျပ်နှစ်သိန်းခွဲသာပေးနိုင်ပါမည်ဟု ညှိနှိုင်း၍ ယင်းလူ ၆ ဦးထံပေးခဲ့ရကြောင်း ပူးတွဲတိုင်ကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ယာဉ်ဝင်းသစ်အတွင်း ဖွင့်လှစ်ထားသော 99, Feel, ပိုင်အိုနီးယား စသည့် KTV ဆိုင်များမှ စိုင်းမောင်မောင်၊ ဇော်ထူးပါ ၆ ဦးတို့ထံ ငွေကျပ်နှစ်သိန်းခွဲစီ လူမိုက်ကြေးပေးခဲ့ရသည်များ စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ရဲမှတ်တမ်း၌ ဖော်ပြထားသည်။

အထက်ပါဖြစ်စဉ်မှ စိုင်းမောင်မောင်၊ ဇော်ထူးပါ ၆ ဦးတို့ကို အမှတ် (၂)နယ်မြေရဲစခန်းက (ပ)၁၁၈၅ /၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆ တို့အရ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း အဆိုပါစခန်းထံမှ သတင်းရရှိသည်။

သတင်းနှင့်ဓာတ်ပုံ- သန်းဝင်းနိုင်

Source : Bago Weekly Journal