အာဂေယာက်္ား ႐ွာမွ႐ွား သူ႔့နာမည္က “ေတာက္ထိန္ “

သူ ့နာမည္က “ေတာက္ထိန္ ” အမ်ားေခၚသည္က “ဘိုေတာက္ “။ သူသိသူကိုျဖစ္ေစ မသိိသူကိုျဖစ္ေစ ကြမ္းေခ်းအထပ္ထပ္ကပ္ေနတဲ့ သြားၾကဲၾကဲႀကီးေတြေပၚသည္အထိ ရယ္ျပေလ့ရိွသည္။

အလွဴ ၊ မဂၤလာေဆာင္ ၊ သာေရး ၊နာေရးမွန္သမ်ွ ဘယ္သူဖိတ္ဖိတ္ မဖိတ္ဖိတ္ “ေတာက္ထိန္” တို႔က ေစာစီးစြာ ေရာက္လာျမဲ ေရေႏြးအိုးက်ိဳ ၊ မီးထိုး ၊ ေရသယ္ ၊ ထင္းခြဲကအစ တံျမက္လွည္းအဆံုး မခိုင္းေသာ္ျငား “ေတာက္ထိန္”၀င္ကူသည္ျခင္းသာ.. သူ႔အျဖစ္က ေကာင္းသည္ဟုမဆိုသာသလို ႐ူးသည္ဟုလည္း မေျပာသာ…

သာမန္လူေတြထက္ ဥာဏ္ရည္နိမ့္ပါး႐ွာတဲ့ သူ႔ဘ၀ကို အမ်ားက စာနာသနားၾကေသာ္ျငား ” ေတာက္ထိန္” တို႔က ၀မ္းမနည္း.. ဘယ္​အခ်ိန္​ၾကည့္လိုက္ၾကည့္လိုက္ သူ႔မ်က္ႏွာက ျပံဳးတံုးတံုး… ေလာဘ ေမာဟ ​ေဒါသ တရားေတြကင္းေသာ “ေတာက္ထိန္” ပါတကား…

မိသားစုမွာ မိခင္ရိွေသးေသာ္လည္း အစ္မ မိသားစုနဲ႔ေနသည္မို႔ တခါတရံမွသာ သူသြား၏။ သူအေနမ်ားသည္က “မုခ္ထုပ္ “ဘုန္​းၾကီး​ေက်ာင္​း တြင္သာ.. ဘုန္​းၾကီး​ေက်ာင္​းမွာ အမ်ားသူငါ လႉၾကတန္းၾကခ်ိန္ ​ေတာက္​တိုမည္​ရ လုပ္ေပးေနတဲ့ သူ႔ရင္ထဲ ကိန္းေအာင္းလာသည္က ဒါနစိတ္ကေလး…

ေနာက္ေန႔ကစလို႔ ရပ္ကြက္ထဲ ေစ်းထဲမွာ ေမာင္းေထာင္ခ်ိဳင့္ တစ္လံုးႏွင့္ ၅က်ပ္ ၁၀ကအစ သူအလႉခံထြက္ေတာ့၏။ ဘာအတြက္အလႉခံမွန္း မသိေသာ္ျငား ” ေတာက္ထိန္ “အလႉခံလာၿပီေဟ့ဆိုသည္ႏွင့္ နည္းမ်ားမဆို လႉလိုက္ၾကသူခ်ည္းသာ…

၀ါးလံုးတစ္ပိုင္းကိုေထာင္ …ေဘးက ၀ါးတန္းေလး ခေနာ္နီ ခေနာ္နဲ႔မွာ အလႉခံရလာတဲ့ ပိုက္​ဆံေလးေတြကို ႀကိဳးနဲ႔သီၿပီး ဆိုက္ကားဂိတ္ေရွ့တည့္တည့္မွာ လာေထာင္ထားမွ ပေဒသာပင္ အတြက္ အလႉခံမွန္း သိလိုက္ရေတာ့သည္ ။

အနားက ဆိုက္​ကားဆရာေတြက “ေတာက္ထိန္ ” ပေဒသာပင္ကို ၀ိုင္း၀န္းသီၾက ျပဳ ျက …လမ္းသြားလမ္းလာေတြကလည္း ကုသိုလ္​ယူထည့္၀င္သြားၾကရာ “ေတာက္ထိန္ ” ပေဒသာပင္မွာ ျပည့္စံုသြားေတာ့၏ ။

ၾကံခင္း ၿမိဳ႕မေစ်း ကထိန္မွာ “ေတာက္ထိန္ “က သူ႔ပေဒသာပင္ သူထမ္းရင္း ကထိန္လွႇည့္လိုက္သည္…. ဟိုးအရင္က လက္လွည့္ ပေဒသာပင္ေလးကို ဘုန္​းၾကီး​ေက်ာင္​း တစ္ေက်ာင္းၿပီး တစ္ေက်ာင္း ကပ္လိုက္ ျပန္ယူလိုက္ ေနာက္တစ္ေက်ာင္း ကပ္လိုက္နဲ႔ သံသရာလည္ေနေသာ္ျငား အခုေတာ့ “မရမ္းခ်ိဳ “ဘုန္​းေတာ္ျကီး​ေက်ာင္​း ကို သီးသန္​ ့လွဴ ခဲ့သည္ ။ ျမင္ရၾကားရသူအေပါင္းမွာ ” ေတာက္ထိန္ “အလႉအတြက္​ ပီတိမ်က္ရည္ပင္ ၀ဲၾကရသည္။

ဒီႏွစ္ သီတင္းကြၽတ္လျပည့္ေက်ာ္တည္းက ” ေတာက္ထိန္”တစ္ေယာက္ တစ္လမ္း၀င္တစ္လမ္းထြက္ အလႉခံထြက္ျပန္ေလၿပီ … ရပ္ကြက္သူ ရပ္ကြက္သားေတြက စုေပါင္းၿပီး ပေဒသာပင္သီးေပးလိုက္၏။ ဒါကိုေတာ့ “ထန္းကုန္း”ဘုန္းေတာ္ႀကီးေက်ာင္းကို သြားလႉလိုက္၏။

ေနာက္ဆိုက္ကားဂိတ္မွာ ပေဒသာပင္စိုက္ထားျပန္ရာ စုေပါင္းစပ္ေပါင္းကုသိုလ္ျဖင့္ သူေနေသာ “မုခ္ထုပ္ “ေက်ာင္းကို လႉလိုက္ျပန္သည္ ။ ၿမိဳ႕မ ေစ်းကထိန္မွာ လိုက္ဖို႔ “ေတာက္ထိန္ “က သူ႔ပေဒသာပင္ကို ေစ်းေပါက္၀နားမွာ စိုက္ထားလိုက္ျပန္သည္ ။ သူကေတာ့ ေစ်းထဲပတ္ခ်ာလည္ အလႉခံထြက္လိုက္ ျပန္လာၿပီး ပေဒသာပင္မွာ သီလိုက္..အနားနီးပါးဆိုင္ေတြကလည္း သူ႔ပေဒသာပင္မွာ လႉၾက ကူညီလုပ္ေပးျကႏွင့္ ပေဒသာပင္တစ္ခု ျဖစ္ေျမာက္သြားျပန္သည္ ။

ေစ်းကထိန္လွည့္ပြဲမနက္မွာေတာ ့” ေမာင္ေတာက္ထိန္ ပေဒသာပင္” ဟူေသာ စာတန္းပါ ပေဒသာပင္တင္ထားတဲ့ ဆိုက္​ကားေဘးမွာ အ၀တ္​အစား သပ္​သပ္​ရပ္​ရပ္​ႏွင့္ “ေတာက္ထိန္ “မ်က္ႏွာက တျပံဳးျပံဳး … ေစ်းကထိန္အလွည့္က်ေသာ ေတာရ ဘုန္းေတာ္ႀကီးေက်ာင္းကို သူမလိုက္…။

မႏွစ္က သူလႉခဲ့ေသာ ” မရမ္းခ်ိဳ “ေက်ာင္းတိုက္ကိုသာ သူ႔ပေဒသာပင္ကို ထမ္းခ်သြား၏ ။ သာမန္​လူေကာင္းေတြပင္ ပေဒသာပင္ (၃ )ပင္ လႉဖို႔ အေတာ္အားထုတ္ရမည့္အရာကို “ေတာက္ထိန္ “က ကထိန္ရာသီအတြင္း ပေဒသာပင္ (၃)ပင္ကို ဘုန္းေတာ္ႀကီးေက်ာင္း (၃)ေက်ာင္းကို လႉဒါန္းႏိုင္ခဲ့ၿပီ…

ဥာဏ္ရည္နိမ့္ပါးေသာ္ျငား ေစတနာ သဒၶါတရား ျပည့္၀ေသာ ” ေတာက္ထိန္ “ရဲ႕ မြန္​ျမတ္​လွေသာ အလႉဒါနကို အခါခါပင္ သာဓုေခၚမိရသည္ ။ သာမန္​လူတို႔ ျပဳႏိုင္ခဲေသာ အလုပ္ကို ” ေတာက္ထိန္ “က လုပ္ေဆာင္ျပခဲ့ေပၿပီ…. အာဂေယာက်္ား…႐ွာမွ႐ွားသည့္သူ ဟုသာ ကမၺည္းတင္လိုက္ခ်င္ပါေတာ့သည္။

Credit : ႀကံခင္းသူ

(Unicode Version)

အာဂယောကျ်ား ရှာမှရှား

သူ့နာမည်က “တောက်ထိန် ” အများခေါ်သည်က “ဘိုတောက် “။ သူသိသူကိုဖြစ်စေ မသိသူကိုဖြစ်စေ ကွမ်းချေးအထပ်ထပ်ကပ်နေတဲ့ သွားကြဲကြဲကြီးတွေပေါ်သည်အထိ ရယ်ပြလေ့ရှိသည်။

အလှူ ၊ မင်္ဂလာဆောင် ၊ သာရေး ၊နာရေးမှန်သမျှ ဘယ်သူဖိတ်ဖိတ် မဖိတ်ဖိတ် “တောက်ထိန်” တို့က စောစီးစွာ ရောက်လာမြဲ ရေနွေးအိုးကျို ၊ မီးထိုး ၊ ရေသယ် ၊ ထင်းခွဲကအစ တံမြက်လှည်းအဆုံး မခိုင်းသော်ငြား “တောက်ထိန်”ဝင်ကူသည်ခြင်းသာ.. သူ့အဖြစ်က ကောင်းသည်ဟုမဆိုသာသလို ရူးသည်ဟုလည်း မပြောသာ…

သာမန်လူတွေထက် ဉာဏ်ရည်နိမ့်ပါးရှာတဲ့ သူ့ဘဝကို အများက စာနာသနားကြသော်ငြား ” တောက်ထိန်” တို့က ဝမ်းမနည်း.. ဘယ်အချိန်ကြည့်လိုက်ကြည့်လိုက် သူ့မျက်နှာက ပြုံးတုံးတုံး… လောဘ မောဟ ဒေါသ တရားတွေကင်းသော “တောက်ထိန်” ပါတကား…

မိသားစုမှာ မိခင်ရှိသေးသော်လည်း အစ်မ မိသားစုနဲ့နေသည်မို့ တခါတရံမှသာ သူသွား၏။ သူအနေများသည်က “မုခ်ထုပ် “ဘုန်းကြီးကျောင်း တွင်သာ.. ဘုန်းကြီးကျောင်းမှာ အများသူငါ လှူကြတန်းကြချိန် တောက်တိုမည်ရ လုပ်ပေးနေတဲ့ သူ့ရင်ထဲ ကိန်းအောင်းလာသည်က ဒါနစိတ်ကလေး…

နောက်နေ့ကစလို့ ရပ်ကွက်ထဲ ဈေးထဲမှာ မောင်းထောင်ချိုင့် တစ်လုံးနှင့် ၅ကျပ် ၁၀ကအစ သူအလှူခံထွက်တော့၏။ ဘာအတွက်အလှူခံမှန်း မသိသော်ငြား ” တောက်ထိန် “အလှူခံလာပြီဟေ့ဆိုသည်နှင့် နည်းများမဆို လှူလိုက်ကြသူချည်းသာ…

ဝါးလုံးတစ်ပိုင်းကိုထောင် …ဘေးက ဝါးတန်းလေး ခနော်နီ ခနော်နဲ့မှာ အလှူခံရလာတဲ့ ပိုက်ဆံလေးတွေကို ကြိုးနဲ့သီပြီး ဆိုက်ကားဂိတ်ရှေ့တည့်တည့်မှာ လာထောင်ထားမှ ပဒေသာပင် အတွက် အလှူခံမှန်း သိလိုက်ရတော့သည် ။

အနားက ဆိုက်ကားဆရာတွေက “တောက်ထိန် ” ပဒေသာပင်ကို ဝိုင်းဝန်းသီကြ ပြု ကြ …လမ်းသွားလမ်းလာတွေကလည်း ကုသိုလ်ယူထည့်ဝင်သွားကြရာ “တောက်ထိန် ” ပဒေသာပင်မှာ ပြည့်စုံသွားတော့၏ ။

ကြံခင်း မြို့မဈေး ကထိန်မှာ “တောက်ထိန် “က သူ့ပဒေသာပင် သူထမ်းရင်း ကထိန်လှှည့်လိုက်သည်…. ဟိုးအရင်က လက်လှည့် ပဒေသာပင်လေးကို ဘုန်းကြီးကျောင်း တစ်ကျောင်းပြီး တစ်ကျောင်း ကပ်လိုက် ပြန်ယူလိုက် နောက်တစ်ကျောင်း ကပ်လိုက်နဲ့ သံသရာလည်နေသော်ငြား အခုတော့ “မရမ်းချို “ဘုန်းတော်ကြီးကျောင်း ကို သီးသန့်လှူ ခဲ့သည် ။ မြင်ရကြားရသူအပေါင်းမှာ ” တောက်ထိန် “အလှူအတွက် ပီတိမျက်ရည်ပင် ဝဲကြရသည်။

ဒီနှစ် သီတင်းကျွတ်လပြည့်ကျော်တည်းက ” တောက်ထိန်”တစ်ယောက် တစ်လမ်းဝင်တစ်လမ်းထွက် အလှူခံထွက်ပြန်လေပြီ … ရပ်ကွက်သူ ရပ်ကွက်သားတွေက စုပေါင်းပြီး ပဒေသာပင်သီးပေးလိုက်၏။ ဒါကိုတော့ “ထန်းကုန်း”ဘုန်းတော်ကြီးကျောင်းကို သွားလှူလိုက်၏။

နောက်ဆိုက်ကားဂိတ်မှာ ပဒေသာပင်စိုက်ထားပြန်ရာ စုပေါင်းစပ်ပေါင်းကုသိုလ်ဖြင့် သူနေသော “မုခ်ထုပ် “ကျောင်းကို လှူလိုက်ပြန်သည် ။ မြို့မ ဈေးကထိန်မှာ လိုက်ဖို့ “တောက်ထိန် “က သူ့ပဒေသာပင်ကို ဈေးပေါက်ဝနားမှာ စိုက်ထားလိုက်ပြန်သည် ။ သူကတော့ ဈေးထဲပတ်ချာလည် အလှူခံထွက်လိုက် ပြန်လာပြီး ပဒေသာပင်မှာ သီလိုက်..အနားနီးပါးဆိုင်တွေကလည်း သူ့ပဒေသာပင်မှာ လှူကြ ကူညီလုပ်ပေးကြနှင့် ပဒေသာပင်တစ်ခု ဖြစ်မြောက်သွားပြန်သည် ။

ဈေးကထိန်လှည့်ပွဲမနက်မှာတော့” မောင်တောက်ထိန် ပဒေသာပင်” ဟူသော စာတန်းပါ ပဒေသာပင်တင်ထားတဲ့ ဆိုက်ကားဘေးမှာ အဝတ်အစား သပ်သပ်ရပ်ရပ်နှင့် “တောက်ထိန် “မျက်နှာက တပြုံးပြုံး … ဈေးကထိန်အလှည့်ကျသော တောရ ဘုန်းတော်ကြီးကျောင်းကို သူမလိုက်…။

မနှစ်က သူလှူခဲ့သော ” မရမ်းချို “ကျောင်းတိုက်ကိုသာ သူ့ပဒေသာပင်ကို ထမ်းချသွား၏ ။ သာမန်လူကောင်းတွေပင် ပဒေသာပင် (၃ )ပင် လှူဖို့ အတော်အားထုတ်ရမည့်အရာကို “တောက်ထိန် “က ကထိန်ရာသီအတွင်း ပဒေသာပင် (၃)ပင်ကို ဘုန်းတော်ကြီးကျောင်း (၃)ကျောင်းကို လှူဒါန်းနိုင်ခဲ့ပြီ…

ဉာဏ်ရည်နိမ့်ပါးသော်ငြား စေတနာ သဒ္ဓါတရား ပြည့်ဝသော ” တောက်ထိန် “ရဲ့ မွန်မြတ်လှသော အလှူဒါနကို အခါခါပင် သာဓုခေါ်မိရသည် ။ သာမန်လူတို့ ပြုနိုင်ခဲသော အလုပ်ကို ” တောက်ထိန် “က လုပ်ဆောင်ပြခဲ့ပေပြီ…. အာဂယောကျ်ား…ရှာမှရှားသည့်သူ ဟုသာ ကမ္ဗည်းတင်လိုက်ချင်ပါတော့သည်။

Credit : ကြံခင်းသူ