ေက်ာက္ကပ္ အစားထိုး ကုသခြင့္ ရေတာ့မယ့္ သ႐ုပ္ေဆာင္ ကစ္ကစ္

ေက်ာက္ကပ္ ေ၀ဒနာကို ျပင္းထန္စြာခံစားေနရတဲ့ ဟာသသရုပ္ေဆာင္ကစ္ကစ္ဟာ အေရးေပၚအေျခအေနနဲ႕ ေဆးရံုႏွစ္ၾကိမ္တင္ခဲ့ရၿပီး ယခုထပ္မံ တင္ခဲ့ရတဲ့အခ်ိန္မွာေတာ့ သူမရဲ႕ ေက်ာက္ကပ္ဟာ လံုး၀ပ်က္ဆီးေနခဲ့ၿပီး ေက်ာက္ကပ္ေဆးေနရတဲ့ အေျခအေနထိ ျဖစ္ေနခဲ့ပါတယ္။

အဆိုပါ ေက်ာက္ကပ္ေဆးျခင္းဟာ တစ္ရက္ႏွစ္ရက္မဟုတ္ဘဲ ရာသက္ပန္ေဆးရမွာျဖစ္ၿပီး အဲ့လိုမွ မဟုတ္ရင္ ေက်ာက္ကပ္အစားထိုးကုသမွသာ အရွင္းျပန္လည္ေပ်ာက္ကင္းမွာ ျဖစ္တယ္လို႔ သိရပါတယ္။ အဲ့ဒီလို အစားထိုးကုသမႈေတြ၊ ရာသက္ပန္ ေက်ာက္ကပ္ေဆးေၾကာဖို႔ေတြက သူမအတြက္ ေငြေၾကးအခက္အခဲျဖစ္ေနတာေၾကာင့္ တက္ႏိုင္တဲ့ဘက္ ကူညီေပးလိုက္ၾကပါဦးေနာ္။

လက္တေလာေနာက္ရရွိတဲ့ သတင္းအရကေတာ့ အစားထိုးေပးမယ့္ အလွဴရွင္ေတြရွိေနၿပီး မၾကာခင္ အစားထိုးကုသခြင့္ရရွိႏို္င္ေတာ့မွာလဲ ျဖစ္ပါတယ္။ အဆိုပါ ကစ္ကစ္နဲ႕ ပတ္သက္တဲ့ သတင္းေတြကိုတင္ေပးေနသလို၊ကိုယ္တိုင္လည္း ပါ၀င္ကူညီေနသလို တဲ့ ေတးေရး မင္းကိုကေတာ့ အေၾကာင္းစံုကို ခုလိုဘဲ ေျပာျပလာပါတယ္။

” ကြၽန္ေတာ့္အေနနဲ႔ မကစ္ကို အေရးေပၚေဆးရံုတင္ေပးရတာ ႏွစ္ႀကိမ္႐ွိသြားပါၿပီ။ တင္ေပးတိုင္းလည္း အခက္ခဲေလးေတြ လိုအပ္ခ်က္ေလးေတြ ႐ွိတာေၾကာင့္ အကူညီေတာင္းတဲ့ Postေလးေတြ အျမဲတင္ျဖစ္တယ္။ မကစ္ကစ္ရဲ႕ခံစားေနရတဲ့ေဝဒနာကို မၾကည့္ရက္ေတာ့တာနဲ႔ ေက်ာက္ကပ္အလွဴ႐ွင္ျဖစ္ျဖစ္ ေက်ာက္ကပ္ကို ရာသက္ပန္ေဆးေပးမယ့္ အလွဴ႐ွင္ျဖစ္ျဖစ္္ ဖိတ္ေခၚပါတယ္ဆိုၿပီး share တစ္ခ်က္နဲ႔ အသက္ဆက္ေပးၾကဖို႔ ေတာင္းဆိုလိုက္မိတယ္။

သရုပ္ေဆာင္ ညီမေလးခင္သဇင္က ကြၽန္ေတာ္တင္တဲ့Post ေလးေတြ႔ၿပီး သူ့သူငယ္ခ်င္း ဆရာဝန္နွစ္ေယာက္နဲ့အတူ မကစ္ကိုလာေတြ႔တယ္။ မကစ္ကိုေတြ႔ၿပီး အစ္ကိုေဆးရံုမတင္ေသးဘူးလားတဲ့ မနက္ျဖန္တင္မွာ ညီမေလးေသြးအေျဖက အခုမွရတာၿပီးေတာ့ ကုတင္ငါးရာက တင္ခ်င္တဲ့ရက္တင္လို႔မရဘူး။ သူ႔ရက္ နဲ႔ သူတင္ရတာဆိုၿပီး ညီမေလးေရၾကည့္လိုက္ ေဆးစစ္ခ်က္အေျဖက ေတာ္ေတာ္ဆိုးေနတယ္ ဆိုၿပီးျပေတာ့ သူတို႔ေတြ မ်က္လံုးျပဴးသြားၾကတယ္။

ေက်ာက္ကပ္လဲရင္ ပိုေကာင္းမယ္ဆိုၿပီး တိုင္ပင္ၾကတယ္ ဒါနဲ႔ ညီမေလးခင္သဇင္တို႔ ျပန္သြားၿပီး ကြၽန္ေတာ္လည္း ျပန္လာခဲ့တယ္။ ေနာက္မနက္ ေဆးရံုတင္ၿပီးခ်ိန္မွာပဲ ညီမေလးခင္သဇင္က စိတ္ပူျခင္းမ်ားစြာနဲ႔ အေလာတႀကီး ဖုန္းဆက္လာပါေလေရာ အစ္ကိုေရ မကစ္ကိုေဆးရံု အျမန္တင္မွရမယ္ နိုင္ငံျခားက သူ႔သူငယ္ခ်င္း ဆရာဝန္ေတြက ဒီလူုနာကိုအခ်ိန္မီေဆးရံုမတင္ရင္ အသက္ဆံုး႐ွံုးႏိုင္တယ္။ ေက်ာက္ကပ္လည္းအျမန္အစားထိုးမွ ပိုေကာင္းမယ္ဆိုၿပီး စိတ္မေကာင္းႀကီးစြာနဲ႔ ဖုန္းဆက္လာတယ္။

သူမ ကစ္ကစ္အတြက္ စိုးရိမ္လြန္ၿပီး ေတာ္ေတာ္တုန္လွဳပ္ေနဟန္ ႐ွိတယ္။ ညီမေလးေရ ေဆးရံုေတာ့ ဒီမနက္ငါးနာရီတည္းက တင္ၿပီးသြားၿပီလို႔ေျပာေတာ့မွ သူစိတ္အနည္းငယ္ ေအးသြားတယ္ ညီမေလးခင္သဇင္ရယ္ ကြၽန္ေတာ္ရယ္ သူ႔သူငယ္ခ်င္း ဆရာဝန္ေလးရယ္မး မကစ္ကစ္ကို ေက်ာက္ကပ္စတင္ၿပီး ေဆးေပးၾကတယ္ ညီမေလးခင္သဇင္ နဲ႔ သူငယ္ခ်င္းဆရာဝန္ေလးက ဆယ္သိန္းစီမတည္ၿပီး ေဆးေပးၾကတယ္။ အနီးအေဝးက အလွဴ႐ွင္ေတြနဲ႔ ယုန္ေလး ျမင့္ျမတ္ ရဲေလးတို႔အႏုပညာ႐ွင္ေတြက လာလွဴၾကတယ္ မကစ္အေျခေနကေတာ္ေတာ္ဆိုးေနတာေၾကာင့္ တပတ္ႏွစ္ႀကိမ္ ေဆးရမယ့္ေက်ာက္ကပ္ကတး တစ္ရက္ျခား တစ္ခါကိုေဆးေနရေတာ့တယ္။

 

ညီမေလးခင္သဇင္က ေက်ာက္ကပ္အထူးကု ဆရာဝန္ႀကီးနဲ႔ေဆြးေႏြး တိုင္ပင္ၿပီး ေက်ာက္ကပ္အစားထိုးေပးဖို႔ စီစဥ္ပါေလေရာ အစ္ကိုေရ အစ္ကိုနာမည္နဲ႔ ဖုန္းနံပါတ္ေလးကို တင္ၿပီးေက်ာက္ကပ္ အလွဴ႐ွင္ ႐ွာလိုက္မယ္ေနာ္တဲ့ ရတယ္ညီမေလးေရလို႔ေျပာလိုက္တယ္ အဲ့ဒီကေနစေတာ့တာပါပဲ မကစ္ကစ္ကိုသနားၿပီး ေက်ာက္ကပ္လွဴေပးမယ့္ အလွဴ႐ွင္ေတြေကာ ေသြးလွဴေပးမယ့္ အလွဴ႐ွင္ေတြေကာ ညတစ္နာရီေလာက္ထိ မနားတမ္းဆက္ၾကပါေလေရာ မနက္ငါးနာရီ ဆိုတာနဲ႔ဖုန္းေတ စတင္ဝင္ေတာ့တာပါပဲ FaceBook ကတစ္ဖုန္ Viberကတစ္ဖုန္ Message ကတစ္ဖုန္ စာေတြလည္း လွမ္းပို႔ၿပီးေမးၾကတယ္။

အခုအေျခေနက မကစ္ကစ္ကို အစားထိုးခြဲစိတ္ဖို႔ သိန္းႏွစ္ရာဝန္းက်င္ေလာက္ ကုန္မွာဆိုေတာ့ အလွဴေငြေလးေတြစုေဆာင္းေနရပါတယ္။ မနက္ျဖန္ေက်ာက္ကပ္အလွဴ႐ွင္ေတြကိုေခၚေတြ႔ပါ့မယ္။ ေခၚေတြ႔မယ့္အခ်ိန္နဲ႔ ဗနရာေလးကိုျပန္ေျပာပါ့မယ္ခင္ဗ် မကစ္ကစ္ရဲ႕ ပရိသတ္မ်ား ျပံဳးေပ်ာ္ေစခ်င္လို႔ ဒီစာစုေလးကိုတင္ေပးလိုက္ရပါတယ္။

ဖတ္ရႈ႕ေပးၾကတဲ့ ခ်စ္ပရိသတ္ၾကီး ေက်းဇူးအထူးတင္ရွိပါတယ္။ အလွဴေငြေတြလွဴတန္းႏို္င္ဖို႔ မွ်ေ၀ေပးလိုက္ၾကပါဦးေနာ္။

Credit : KKK(momolay)

Source : Minnko Facebook

(Unicode Version)

ကျောက်ကပ် အစားထိုး ကုသခွင့် ရတော့မယ့် သရုပ်ဆောင် ကစ်ကစ်

ကျောက်ကပ် ဝေဒနာကို ပြင်းထန်စွာခံစားနေရတဲ့ ဟာသသရုပ်ဆောင်ကစ်ကစ်ဟာ အရေးပေါ်အခြေအနေနဲ့ ဆေးရုံနှစ်ကြိမ်တင်ခဲ့ရပြီး ယခုထပ်မံ တင်ခဲ့ရတဲ့အချိန်မှာတော့ သူမရဲ့ ကျောက်ကပ်ဟာ လုံးဝပျက်ဆီးနေခဲ့ပြီး ကျောက်ကပ်ဆေးနေရတဲ့ အခြေအနေထိ ဖြစ်နေခဲ့ပါတယ်။

အဆိုပါ ကျောက်ကပ်ဆေးခြင်းဟာ တစ်ရက်နှစ်ရက်မဟုတ်ဘဲ ရာသက်ပန်ဆေးရမှာဖြစ်ပြီး အဲ့လိုမှ မဟုတ်ရင် ကျောက်ကပ်အစားထိုးကုသမှသာ အရှင်းပြန်လည်ပျောက်ကင်းမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို အစားထိုးကုသမှုတွေ၊ ရာသက်ပန် ကျောက်ကပ်ဆေးကြောဖို့တွေက သူမအတွက် ငွေကြေးအခက်အခဲဖြစ်နေတာကြောင့် တက်နိုင်တဲ့ဘက် ကူညီပေးလိုက်ကြပါဦးနော်။

လက်တလောနောက်ရရှိတဲ့ သတင်းအရကတော့ အစားထိုးပေးမယ့် အလှူရှင်တွေရှိနေပြီး မကြာခင် အစားထိုးကုသခွင့်ရရှိနိုင်တော့မှာလဲ ဖြစ်ပါတယ်။ အဆိုပါ ကစ်ကစ်နဲ့ ပတ်သက်တဲ့ သတင်းတွေကိုတင်ပေးနေသလို၊ကိုယ်တိုင်လည်း ပါဝင်ကူညီနေသလို တဲ့ တေးရေး မင်းကိုကတော့ အကြောင်းစုံကို ခုလိုဘဲ ပြောပြလာပါတယ်။

” ကျွန်တော့်အနေနဲ့ မကစ်ကို အရေးပေါ်ဆေးရုံတင်ပေးရတာ နှစ်ကြိမ်ရှိသွားပါပြီ။ တင်ပေးတိုင်းလည်း အခက်ခဲလေးတွေ လိုအပ်ချက်လေးတွေ ရှိတာကြောင့် အကူညီတောင်းတဲ့ Postလေးတွေ အမြဲတင်ဖြစ်တယ်။ မကစ်ကစ်ရဲ့ခံစားနေရတဲ့ဝေဒနာကို မကြည့်ရက်တော့တာနဲ့ ကျောက်ကပ်အလှူရှင်ဖြစ်ဖြစ် ကျောက်ကပ်ကို ရာသက်ပန်ဆေးပေးမယ့် အလှူရှင်ဖြစ်ဖြစ် ဖိတ်ခေါ်ပါတယ်ဆိုပြီး share တစ်ချက်နဲ့ အသက်ဆက်ပေးကြဖို့ တောင်းဆိုလိုက်မိတယ်။

သရုပ်ဆောင် ညီမလေးခင်သဇင်က ကျွန်တော်တင်တဲ့Post လေးတွေ့ပြီး သူ့သူငယ်ချင်း ဆရာဝန်နှစ်ယောက်နဲ့အတူ မကစ်ကိုလာတွေ့တယ်။ မကစ်ကိုတွေ့ပြီး အစ်ကိုဆေးရုံမတင်သေးဘူးလားတဲ့ မနက်ဖြန်တင်မှာ ညီမလေးသွေးအဖြေက အခုမှရတာပြီးတော့ ကုတင်ငါးရာက တင်ချင်တဲ့ရက်တင်လို့မရဘူး။ သူ့ရက် နဲ့ သူတင်ရတာဆိုပြီး ညီမလေးရေကြည့်လိုက် ဆေးစစ်ချက်အဖြေက တော်တော်ဆိုးနေတယ် ဆိုပြီးပြတော့ သူတို့တွေ မျက်လုံးပြူးသွားကြတယ်။

ကျောက်ကပ်လဲရင် ပိုကောင်းမယ်ဆိုပြီး တိုင်ပင်ကြတယ် ဒါနဲ့ ညီမလေးခင်သဇင်တို့ ပြန်သွားပြီး ကျွန်တော်လည်း ပြန်လာခဲ့တယ်။ နောက်မနက် ဆေးရုံတင်ပြီးချိန်မှာပဲ ညီမလေးခင်သဇင်က စိတ်ပူခြင်းများစွာနဲ့ အလောတကြီး ဖုန်းဆက်လာပါလေရော အစ်ကိုရေ မကစ်ကိုဆေးရုံ အမြန်တင်မှရမယ် နိုင်ငံခြားက သူ့သူငယ်ချင်း ဆရာဝန်တွေက ဒီလူုနာကိုအချိန်မီဆေးရုံမတင်ရင် အသက်ဆုံးရှုံးနိုင်တယ်။ ကျောက်ကပ်လည်းအမြန်အစားထိုးမှ ပိုကောင်းမယ်ဆိုပြီး စိတ်မကောင်းကြီးစွာနဲ့ ဖုန်းဆက်လာတယ်။

သူမ ကစ်ကစ်အတွက် စိုးရိမ်လွန်ပြီး တော်တော်တုန်လှုပ်နေဟန် ရှိတယ်။ ညီမလေးရေ ဆေးရုံတော့ ဒီမနက်ငါးနာရီတည်းက တင်ပြီးသွားပြီလို့ပြောတော့မှ သူစိတ်အနည်းငယ် အေးသွားတယ် ညီမလေးခင်သဇင်ရယ် ကျွန်တော်ရယ် သူ့သူငယ်ချင်း ဆရာဝန်လေးရယ်မး မကစ်ကစ်ကို ကျောက်ကပ်စတင်ပြီး ဆေးပေးကြတယ် ညီမလေးခင်သဇင် နဲ့ သူငယ်ချင်းဆရာဝန်လေးက ဆယ်သိန်းစီမတည်ပြီး ဆေးပေးကြတယ်။ အနီးအဝေးက အလှူရှင်တွေနဲ့ ယုန်လေး မြင့်မြတ် ရဲလေးတို့အနုပညာရှင်တွေက လာလှူကြတယ် မကစ်အခြေနေကတော်တော်ဆိုးနေတာကြောင့် တပတ်နှစ်ကြိမ် ဆေးရမယ့်ကျောက်ကပ်ကတး တစ်ရက်ခြား တစ်ခါကိုဆေးနေရတော့တယ်။

ညီမလေးခင်သဇင်က ကျောက်ကပ်အထူးကု ဆရာဝန်ကြီးနဲ့ဆွေးနွေး တိုင်ပင်ပြီး ကျောက်ကပ်အစားထိုးပေးဖို့ စီစဉ်ပါလေရော အစ်ကိုရေ အစ်ကိုနာမည်နဲ့ ဖုန်းနံပါတ်လေးကို တင်ပြီးကျောက်ကပ် အလှူရှင် ရှာလိုက်မယ်နော်တဲ့ ရတယ်ညီမလေးရေလို့ပြောလိုက်တယ် အဲ့ဒီကနေစတော့တာပါပဲ မကစ်ကစ်ကိုသနားပြီး ကျောက်ကပ်လှူပေးမယ့် အလှူရှင်တွေကော သွေးလှူပေးမယ့် အလှူရှင်တွေကော ညတစ်နာရီလောက်ထိ မနားတမ်းဆက်ကြပါလေရော မနက်ငါးနာရီ ဆိုတာနဲ့ဖုန်းတေ စတင်ဝင်တော့တာပါပဲ FaceBook ကတစ်ဖုန် Viberကတစ်ဖုန် Message ကတစ်ဖုန် စာတွေလည်း လှမ်းပို့ပြီးမေးကြတယ်။

အခုအခြေနေက မကစ်ကစ်ကို အစားထိုးခွဲစိတ်ဖို့ သိန်းနှစ်ရာဝန်းကျင်လောက် ကုန်မှာဆိုတော့ အလှူငွေလေးတွေစုဆောင်းနေရပါတယ်။ မနက်ဖြန်ကျောက်ကပ်အလှူရှင်တွေကိုခေါ်တွေ့ပါ့မယ်။ ခေါ်တွေ့မယ့်အချိန်နဲ့ ဗနရာလေးကိုပြန်ပြောပါ့မယ်ခင်ဗျ မကစ်ကစ်ရဲ့ ပရိသတ်များ ပြုံးပျော်စေချင်လို့ ဒီစာစုလေးကိုတင်ပေးလိုက်ရပါတယ်။

ဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်ကြီး ကျေးဇူးအထူးတင်ရှိပါတယ်။ အလှူငွေတွေလှူတန်းနိုင်ဖို့ မျှဝေပေးလိုက်ကြပါဦးနော်။

Credit : KKK(momolay)

Source : Minnko Facebook